တောင်ကြီးတွင် အနာဂတ်မျိုးဆက်သစ်များအတွက် ရှမ်းပြည်နယ်ဒေသန္တရ ပညာရေးကော်မတီ ဖွဲ့စည်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် အနာဂတ်မျိုးဆက်သစ်များအတွက် ရှမ်းပြည်နယ်ဒေသန္တရ ပညာရေးကော်မတီ ဖွဲ့စည်း



စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ နို ဝင်ဘာ ၃ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရှမ်းပြည်နယ် ဒေသန္တရ ပညာရေးကော်မတီဖွဲ့စည်း ရေး အစည်းအဝေးတွင် ရဟန်း၊ သံ ဃာတော်များ အပါအဝင် လူပုဂ္ဂိုလ် ၄ဝ ကျော်ဖြင့် ရှမ်းဒေသန­္တရပညာ ရေးကော်မတီကို အတည်ပြု ဖွဲ့စည်း နိုင်ခဲ့ကြောင်း ယင်းကော်မတီ၏ အ တွင်းရေးမှူး တာဝန်ထမ်းဆောင်သူ ဦးစိုင်းမောင်တင်ထံမှ သိရသည်။ 
.
 
.
''ရည်ရွယ်ချက်တွေက အကြမ်း ပဲ ရှိသေတယ်၊ ပြန်ပြင်နိုင်သေးတာ ဖြစ်လို့ အတည်ပြုပြီးမှပဲ ထုတ်ပြန် ကြေညာပေးပါ့မယ်။ အခုက အရှင် ဒေါက်တာဓမ္မသာမိလို သံဃာတော် အရှင်မြတ်များက နာယကအနေနဲ့ ပါဝင်ပြီး နောက်လာမယ့် မျိုးဆက် သစ်တွေ၊ နိုင်ငံတော်တည်ဆောက် ရေးမှာ အကျိုးကျေးဇူးများစွာ ပေး ဆပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်''ဟု ဦးစိုင်းမောင်တင်က ကမ္ဘောဇတိုင်း သို့ ပြောကြားသည်။
.
အဆိုပါ ကော်မတီတွင် နာယက ဆရာတော်များ၊ ရှမ်းစာပေနှင့် ယဉ် ကျေးမှုအသင်းများမှ ပုဂ္ဂိုလ်များ၊ ပ ညာရေးလောကမှ အငြိမ်းစားများ ဖြစ်ကြသည့် ပညာရှင်ဆရာ၊ ဆရာ မကြီးများ၊ ဒေါက်တာဘွဲ့ရများအား ဖုန်းများဖြင့် ဆက်သွယ်ဆန္ဒရယူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မွန်၊ ကရင်၊ ကချင်ပြည်နယ်များရှိ အဖွဲ့များကဲ့သို့ အဖွဲ့အစည်းပေါ်တွင် အခြေမပြုဘဲ လူပုဂ္ဂိုလ်များအပေါ်တွင်သာ အခြေ ပြုဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ရှေ့ လုပ်ငန်းစဉ်များအတွက် နောက်ပိုင်း ကျင်းပမည့် အစည်းအဝေးများတွင် ဆွေးနွေး၍ အကောင်အထည်ဖော် သွားရန်ရှိကြောင်း ¤င်းကရှင်းပြသည်။
.
ဒေသန္တရ ပညာရေးကော်မတီ (ရှမ်းပြည်နယ်)ကို ဖွဲ့စည်းရာတွင် ခေတ်မီတိုးတက်သည့် ပညာရေးစနစ် ကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ သံဃာတော်အရှင်သူမြတ်များ၏ သြ ဝါဒကို ခံယူပြီး အခြေခံဥပဒေ၊ နည်း ဥပဒေနှင့်အညီ ဖွဲ့စည်းခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ကော်မတီတွင် နာယကအဖွဲ့ဝင် ၈ ဦး၊ ကော်မတီဝင် ၄၇ ဦး၊ အကြံ ပေးပုဂ္ဂိုလ် ၄ ဦးတို့ပါဝင်ပြီး ယင်းအ နက်မှ အလုပ်အမှုဆောင်အဖွဲ့ကို အ ဖွဲ့ဝင် ၂၄ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ ကာ ဥက္ကဌအဖြစ် ဦးစိုင်းခမ်းမိန်၊ ဒု ဥက္ကဌ အဖြစ် ဦးစိုင်းနွံသောင်း၊ အ တွင်းရေးမှူးအဖြစ် ဦးစိုင်းမောင်တင်၊ တွဲဘက်အတွင်းရေးမှူးအဖြစ် ဦးစိုင်း ဇော်ဇော်တို့ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats