ဆရာယဉ်မင်းအောင်
.
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ၂၁ ရက် အထိ
.
တနင်္ဂနွေ
.
စီမံခန့်ခွဲရသော အလုပ်များကြောင့် မအားမလပ်ဖြစ်နေမည်။ အလုပ်ပိနေတတ်ပြီး
ပြောဆိုဖြေရှင်းစရာပေါ်လာမည်။ စီးပွားရေးအသင့်တင့် ပြေလည်သော်လည်း ဝင်ငွေမလုံလောက်ပါ။
ငယ်သူအတွက် စိတ်မောရမည်။ မိတ်ဆွေများက အကူအညီတောင်းခံလိမ့်မည်။ မိမိမကူညီနိုင်သဖြင့်
စိတ်ဆင်းရဲရမည်။ ကုန်သည်များမှာ စာရင်းများ ပြန်လည်စစ်ဆေးရမည်။ ရှင်းလင်းရမည်။ ဝန်ထမ်းများမှာ
အလုပ်ကိစ္စ ကြောင့် ခရီးသွားရတတ်သည်။ ပွဲစားများမှာ ဘာမှ အဆင်မပြေနိုင်သေးပါ။ ငယ်သူများအချစ်ရေးကိစ္စ
တွင် ချစ်သူနဲ့ဆုံတွေ့လိမ့်မည်။ ပျော်ရွှင်ရမည်။ ကျန်းမာရေးကိစ္စများတွင် ကိုက်ခဲနာကျဉ်လိမ့်မည်။
ကံ ကောင်းစေသော ဂဏန်းမှာ(ဝ/၄/၇)ဖြစ်သည်။
ယတြာ။ ကထိန်ကို ယပ်တောင်လှူပါ။
တနင်္လာ
.
ခရီးတို သွားလာရမည်။ အတိုက်အခံများ နည်းသွားမည်။ စီးပွားရေးကိစ္စများတွင်
အခက်အခဲနည်း နည်းရှိပါမည်။ မြုပ်နေသော ငွေကြောင့် စိတ်ပူပန်မှုများမည်။ ကြီးသူများ၊
အာဏာရှိသူများမှ ကူညီလိမ့် မည်။ နေအိမ်ကိစ္စ၊ မြေယာကိစ္စဆောင်ရွက်ရင်း အကျိုးခံစားခွင့်ရပါမည်။
အဝတ်အစားသစ်တို့ ဝင်လာမည်။ ကုန်သည်များမှာ အရောင်းအားကောင်းနေသော်လည်းြေ<ွကးကျလိမ့်မည်။
ဝန်ထမ်းများမှာ သင်တန်းပေါ်ခြင်း၊ တာဝန်အထူးပေးခံရခြင်းကြုံမည်။ ပွဲစားများ အသေးစား
အရောင်းအဝယ်တည့်သဖြင့် ပွဲခရမည်။ ငယ်သူများမှာ အချစ်ရေးတွင် ချစ်သူ၏ ရက်စက်မှုကြုံတွေ့မည်။
အချို့မှာ နားလည်မှု လွဲလိမ့်မည်။ ကျန်းမာရေးကိစ္စများတွင် မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းကြုံမည်။
ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၆)ဖြစ်သည်။
ယတြာ။ ဘုရားတွင် သကြား+ဆွမ်း
လှူပါ။
.
အင်္ဂါ
.
ပျောက်ဆုံးနေသော စာရွက်များ၊ ပစ္စည်းများ ပြန်တွေ့လိမ့်မည်။ အခက်အခဲမှ
ထွက်မြောက်နိုင်မည်။ လှပသော ပစ္စည်းဝင်မည်။ နေအိမ် နည်းနည်းပြုပြင်ရမည်။ အလုပ်ပိတတ်ပြီး
ရှုပ်ထွေးနေလိမ့် မည်။ စီးပွားရေးများ လုပ်ကိုင်ဆောင်ရွက်မှု တိုးချဲ့ရမည်။ အလုပ်ကောင်းလာမည်။
အစုရှယ်ယာလုပ်ရန် ခေါ်သူပေါ်လာမည်။ ကုန်သည်များမှာ အရောင်းအဝယ်မှားသဖြင့် ပြဿနာဖြေရှင်းရမည်။
ဝန်ထမ်းများ မှာ လုပ်ငန်းအခက်အခဲတွေ့လိမ့်မည်။ မှားယွင်းရေးသွင်းမိလိမ့်မည်။ ပွဲစားများမှာ
အပေါင်ကိစ္စပြောဆို အောင်မြင်မည်။ ငယ်သူများမှာ အချစ်ရေးတွင် မပြေလည်ခြင်း၊ အထင်လွဲခြင်းကြုံမည်။
ကျန်းမာရေး ကိစ္စတွင် သွားနာမည်၊ လျှာနာမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် သပြေပန်းလှူပါ။
.
ဗုဒ္ဓဟူး
.
သတင်းကောင်း ကြားသိရမည်။ စိတ်ပျော်ရွှင်ကျေနပ်ရမည်။ ပြောဆိုရန်ရှိသော
ကိစ္စများ ပြီးပြတ် လာမည်။ စီးပွားရေးအခွင့်အလမ်းကောင်း တွေ့တော့မည်။ ထီပေါက်မည်။ မိတ်ဆွေပြန်လည်ဆုံတွေ့မည်။
သူတစ်ပါးကိစ္စကြောင့် ပါဝင်ဖြေရှင်းကူရတတ်သည်။ ရတနာဝင်ကိန်းလည်းရှိသည်။ အစားမှားတတ်
သည်။ ကုန်သည်များမှာ တပည့်တို့ကြောင့် စိတ်ညစ်နေရမည်။ ဝန်ထမ်းများ အပိုဝင်ငွေတိုးမည်။
ချီးမြှင့်ခံရမည်။ ပွဲစားများမှာ အလုပ်မဖြစ်ဘဲ ကြန့်ကြာနေမည်။ ငယ်ရွယ်သူများမှာ ချစ်သူကြောင့်
စိတ် ပျော်ရမည်။ အတူသွားလာခွင့်ရမည်။ ကျန်းမာရေးတွင် ဖျားလိမ့်မည်။ အအေးမိမည်။ သတိထားပါ။
ကံကောင်းစေသော ဂဏန်းမှာ(၁/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားမှာ သစ်သီးလှူပါ။
.
ကြာသပတေး
.
မီးစက်များ၊ စက်ပစ္စည်းများဝင်မည်။ မိမိဆောင်ရွက်လိုသောကိစ္စများ
ဆောင်ရွက်အောင်မြင်မည်။ အိမ်ကိုပြုပြင်ခြင်းကြုံမည်။ စီးပွားရေးအထူးမြတ်စွန်းလိမ့်မည်။
မြုပ်နေသော ငွေများ ပြန်ပေါ်လာမည်။ ခရီးဝေးသွားလာရမည်။ အလှူပေးရလိမ့်မည်။ ယခုကာလတွင်
လက်မှတ်အရမ်းမထိုးသင့်ပါ။ သတိထား ပါ။ ရည်ရွယ်ချက်အသစ်ပေါ်မည်။ ကုန်သည်များမှာ ရစရာ၊
ပေးစရာကြောင့် ဖြေရှင်းရလိမ့်မည်။ ဝန် ထမ်းများမှာ ကံကောင်းနေလိမ့်မည်။ ပွဲစားများမှာ
ချေးငွေကိစ္စအောင်မြင်သဖြင့် ပွဲခရမည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူသစ်တွေ့မည်။
ကျန်းမာရေးကိစ္စများတွင် သွေးတိုးမည်။ သွေးကြောင့် ပြဿ နာဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၈/၉)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ကောက်ညှင်းပေါင်းလှူပါ။
.
သောကြာ
.
မိမိအလိုရှိသော ပစ္စည်းဝင်လာမည်။ ခက်ခဲသည်ဟု ထင်ရသော ပစ္စည်းရမည်။
ငွေကြေးကိစ္စ ဖြေရှင်းနိုင်မည်။ သားသမီးအတွက် စိတ်အေးစရာတွေ့မည်။ ကားအသစ်ဝင်မည်။ အလဲအထပ်ပြုရမည်။
မိတ်ဆွေများ ပြန်လည်ဆုံတွေ့မည်။ ခရီးတိုသွားလာရမည်။ နေအိမ်သို့ ဧည့်သည်လာမည်။ ပစ္စည်းအချို့
အရောင်းထွက်မည်။ ကုန်သည်များမှာ ပစ္စည်းရရှိရန် နယ်အထိ ဆင်းကာ ဝယ်ယူရလိမ့်မည်။ ဝန်ထမ်း
များမှာ မိတ်ဆွေများအတွက် ကူညီဆောင်ရွက်ပေးရလိမ့်မည်။ ပွဲစားများမှာ မြေအပေါင်၊ အရောင်းတည့်
မည့် ကာလမျိုးဖြစ်သည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူဟောင်းနဲ့ ပြန်ဆုံတွေ့တတ်သည်။
ကျန်း မာရေးကိစ္စများတွင် အာရုံကြောအားနည်းမည်။ ခေါင်းမကြည်သလို ခံစားရမည်။ ကံကောင်းစေသော
ဂဏန်းမှာ(ဝ/၆ရ၈)ဖြစ်သည်။ ယတြာ။ ဘုရားတွင်
ထီးနီ ၉ လက်လှူပါ။
.
စနေ
.
အလိမ်ခံရမည်။ သူခိုးဘေးလည်းကြုံမည်။ ဧည့်သည်လာမည်။ ပစ္စည်းအဝယ်မှားတတ်သည်
သတိ ထားပါ။ အတုမိလိမ့်မည်။ အိမ်တွင် လျှပ်စစ်မီးများ ပြုပြင်ရမည်။ စီးပွားရေးတွင် အနည်းငယ်
တိုးတက် လာမည်။ ရန်အတိုက်အခံ ပေါ်တတ်သည်။ ဆွေမျိုးများထဲမှ ငွေအထောက်အပံ့ရလိမ့်မည်။
ငွေအနည်း ငယ် အထွက်များမည်။ ကုန်သည်များမှာ အရောင်းပုံမှန်သာဖြစ်လိမ့်မည်။ ဝန်ထမ်းများမှာ
ခွင့်ယူခြင်း၊ အလုပ်သက်သာနေခြင်းကြုံမည်။ ပွဲစားများမှာ အလုပ်ရပ်တန့်နေလိမ့်မည်။ ငယ်သူများမှာ
အချစ်ရေးတွင် ချစ်သူအတွက် ပျော်စရာတွေ့မည်။ လက်ဆောင်ပေးရလိမ့်မည်။ ကျန်းမာရေးကိစ္စတွင်
ခါးနာမည်။ အ ကြောနာမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၃/၈)ဖြစ်သည်။
ယတြာ။ စေတီတွင် တံခွန်
တစ်ခုလှူပါ။
.
.
.
#KBZTai #Shan