တာချီလိတ်၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွတ်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ တပ်မတော်ကိုထောက်ခံခြင်းနှင့် ပြင်ပစွတ်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်


မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ရှမ်းရိုးမကွင်းရှေ့တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက တပ်မတော်၏ ရပ်တည်ချက်အား ကြိုဆိုထောက်ခံခြင်းနှင့် ပြင်ပစွတ်ဖက်လုပ် ဆောင်မှုများအား ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ငြိမ်းချမ်းစွာ ရပ်တန့်ဖော်ထုတ်ခဲ့ကြောင်း သိရသည်။
.
 
.
ဆန္ဒဖော်ထုတ်ပွဲတွင် တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ဝင်းနိုင်(ငြိမ်း) ဦးဆောင်သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များက ''မြန်မာ့ တပ်မတော်ကို အပြည့်အဝထောက်ခံသည်''၊ ''တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ''၊ ''ဘက်လိုက်သော ကုလသမဂ္ဂ အချက်လက်ရှာဖွေရေး ကော်မရှင်၏ မမျှ မတ တစ်ဖက်သတ် အစီရင်ခံစာ တို့လုံးဝ လက်မခံ''၊ ''မဆီမဆိုင်နိုင်ငံရေးစွတ်ဖက်သော Facebook ကို လုံးဝဆန့်ကျင့်ရှုတ်ချသည်''၊ ''တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်''၊ “APHR ၏အောက်လုံးအစီရင်ခံစာ အလိုမရှိ''၊ ''ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ စသည့် ဗွီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ မိနစ် ၃ဝ ခန့် ရပ်တန့်၍ ငြိမ်းချမ်းစွာ ရပ်တန့်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
.
ဆန္ဒဖော်ထုတ်ပွဲသို့ တာချီလိတ်မြို့နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်မှူး ဝင်းနိုင်(ငြိမ်း) ဦးဆောင်သည့် စစ်မှုထမ်းဟောင်းအဖွဲ့အင်အား ၂ဝဝ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats