ကျိုင်းတုံခရိုင်အတွင်း၌ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံခရိုင်အတွင်း၌ အာဖရိကဝက် အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ကြရန် တိုက်တွန်းနိုးဆော်ထား



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ သည် အိမ်နီးချင်းရုတ်နိုင်ငံနှင့် ကုန် စည်စီးဆင်း ဆက်ဆံမှုရှိသောကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင်ကူး စက်ဖြစ်ပွားနေသော အာဖရိကဝက် အပြင်းဖျားရောဂါ ကူးစက်မှုမရှိစေ ရေး အတွက် ကြိုတင်ကာကွယ်မှုများ  ဆောင်ရွက်ထားကြရန် လိုအပ် ကြောင်း ကျိုင်းတုံခရိုင် တိရစ္ဆာန်မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနမှ နှိုး ဆော်ထားသည်ဟု သိရသည်။ 
.
.
အာဖရိကဝက် အပြင်းဖျားရောဂါ သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တွင် ကူးစက်ဖြစ်ပွားနေပြီး မြန်မာနိုင် ငံနှင့် ကုန်သွယ်ဆက်ဆံမှုရှိသည့် တက်ဟုန်ပြည်နယ်သို့ အချိန်မရွေး ရောဂါကူးစက်ပြန့်နှံ့နိုင်သောကြောင့်  ရောဂါကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေးကို နိုဝင်ဘာ ၁၂ ရက်တွင် ခရိုင်တိရစ္ဆာန်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ အ စည်းအဝေး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
.
''ကျိုင်းတုံခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၅ ခုရဲ့ တာဝန်ခံတွေနဲ့ တွေ့ ဆုံပြီး လိုအပ်တဲ့ ကြိုတင်ကာကွယ် ရေး နည်းလမ်းတွေကို ချပြရှင်းလင်း ဆွေးနွေးခဲ့ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပြည်သူတွေအနေ နဲ့ အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်မှုကာကွယ်ရေး လုပ်ငန်းတွေ မှာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်''ဟု ကျိုင်းတုံခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာမျိုးနိုင်က ပြောသည်။
.
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ နှင့် နယ်စပ်နယ်နိမိတ် ၁၂၂၃ မိုင်  ကျော် ထိစပ်နေပြီး တက်ဟုန်ပြည် နယ်နှင့် နယ်စပ်နယ်နိမိတ် ၃၁၂ မိုင် ကျော် ထိစပ်နေသဖြင့် ရောဂါကူး စက်မှုမရှိစေရေးအတွက် သတိထား ရန်လိုအပ်ပြီး ဝက်အူချောင်း၊ အေးခဲ အသား၊ ဆိတ်သားခြောက်၊ ဝက် ခေါက်များမှတစ်ဆင့် အိမ်မွေးဝက်နှင့် တောဝက်များသို့ ကူးစက်နိုင်ကာ လက်ရှိကာလတွင် လူသို့ ကူးစက်မှု မရှိသေးကြောင်း သိရသည်။
.
ကျိုင်းတုံခရိုင်တိရစ္ဆာန်မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနရုံးလက် အောက်တွင် ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ်၊ မိုင်းယန်းနှင့် မိုင်းလားမြို့ နယ်များ ပါဝင်ပြီး လက်ရှိကာလတွင် မိုင်းယန်းမြို့မှတစ်ဆင့် တရုတ်နိုင်ငံ ထုတ် ဝက်သားနှင့် ပတ်သက်သည့် ထုတ်ကုန်ပစ္စည်းများ ဝင်ရောက်နိုင် သောလမ်းကြောင်း ရှိနေသဖြင့် ဂရု စိုက်ရန် လိုအပ်ကြောင်း ကျိုင်းတုံခ ရိုင် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats