မစံပယ်နှင်းကြူ၊ (တောင်ကြီး
ပညာရေးကောလိပ်)
.
ခုခေတ် လူငယ်လူရွယ်များအချို့ရန်ဖြစ် လွယ်ခြင်း၊ စိတ်ထိခိုက်လွယ်ခြင်း၊
မိုက်ရူးရဲဆန် သည့် အပြုအမူမျိုးကို ပြုလုပ်ခြင်း စသည်တို့ ကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင်
လည်း ကောင်း၊ ပြင်ပပတ်ဝန်းကျင်တွင် လည်းကောင်း မြင်နေ၊ ကြားနေရပါသည်။ အဘယ်ကြောင့် ထိုသို့
ဖြစ်နေရသနည်း။ အဓိက အကြောင်း အရင်းမှာ စာမဖတ်ခြင်းကြောင့် ဖြစ်ပါသည်။
.
.
တစ်ချိန်က ဂျပန်နိုင်ငံသည် စစ်ဘေးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရသော
နိုင်ငံဖြစ်သည်။ စစ်ဘေးကြောင့် လူပေါင်းများစွာ၊ စည်း စိမ်ပေါင်းများစွာ၊ စိတ်ဓာတ်ပေါင်းများစွာ
ပျက် စီး ဆုံးရှုံးခဲ့ကြရပါသည်။ သို့သော် ယခု အချိန်တွင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်
နှိုင်းစာလျှင် အဘက်ဘက်၌ သာလွန်နေပေပြီ။ အဓိက အချက်မှာ စာဖတ်ခြင်းကြောင့် ဖြစ်ပါသည်။
ဂျပန်နိုင်ငံတွင် ကျောင်းနေအရွယ် ကလေးမှစ၍ လူကြီးအရွယ်အထိ စာဖတ်ကြသည်။ အားလပ်၍ ဖတ်နေခြင်းမျိုး
မဟုတ်။ သီးသန့် အချိန်ပေး ၍ စာဖတ်နေခြင်းမျိုး ဖြစ်သည်။ ကျည်ဆန် ရထားစီးချိန်၊ ဘတ်စ်စကားစီးချိန်၊
လိုင်းကား စောင့်ချိန်မျိုးတို့၌ပင် စာဖတ်ကြသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် ပညာတတ်သူ များသာမက စိတ်ဓာတ်ခိုင်မာသော၊
စိတ်ဓာတ် ခွန်အား ပြည့်ဝသော လူငယ်များစွာပေါ်ထွန်း လာခဲ့သည်။ ထိုလူငယ်များ၏ အင်အားဖြင့်
ဂျပန်နိုင်ငံမှာ အဘက်ဘက်၌ တိုးတက်မှု မြန် ဆန်လာရခြင်း ဖြစ်ပေသည်။ မြန်မာလူမျိုးများ
၏ ပင်ကိုယ်စိတ်ဓာတ်မှာ ရိုးသားသည်။ ကြိုး စားသည်။ ဇွဲလုံ့လရှိသည်။ အောင်မြင်လိုစိတ်
ပြင်းထန်သည်။ မြန်မာနိုင်ငံတွင် ဘွဲ့ရများစွာ ရှိသည်။ သို့သော် စိတ်ဓာတ်ခွန်အား ပြည့်ဝ
သော ဘွဲ့ရပညာတတ်များကား ရှားပါးလာခဲ့ ပေပြီ။ လူကြီးများသာမက ကျောင်းနေအရွယ် ကလေးများပါ
စိတ်ဓာတ် ခွန်အားလျော့နည်း လာပြီး စာရိတ္တ ပျက်ပြားလာခဲ့ကြသည်။ စာ ဖတ်သည့် အလေ့အထ မရှိခြင်းနှင့်
စာလုံးဝ မဖတ်ခြင်းတို့ကြောင့် ဖြစ်သည်။
.
သို့သော် စာမဖတ်သူများအား အပြစ်မဆိုသာ။ ရှေးယခင်က အိမ်တစ်အိမ်တွင်
ဖခင်တစ် ဦးတည်း စီးပွားရှာလျှင် အိမ်ရှိလူအားလုံး ဝမ်း ဝအောင် စားရသည်။ ယခုအခါတွင်မူ
မိသား စုတစ်ခုလုံး လူစေ့တတ်စေ့ နေ့ညမနား မီးထွန်း စီးပွားရှာသော်ငြား အိမ်ရှိမိသားစု
အားလုံး ဝမ်းလှဖို့ရာ ခဲယဉ်းလှပေသည်။ ဝမ်းဝရေးအ တွက် ရုန်းကန်ကြိုးစား နေရသော သူတို့အဖို့
အဘယ်မှာ စာဖတ် နိုင်ပါမည်နည်း။ အားမှ စာဖတ်မည်ဆိုလျှင် စာမဖတ်ဖြစ်တော့ပါ။ ထို့ ကြောင့်
စာဖတ်ချိန်ကို အားသည်ဖြစ်စေ၊ မအား သည်ဖြစ်စေ အချိန်သီးသန့် ထားသင့်၏။ သွား လေရာနေရာတိုင်း
စာအုပ် တစ်အုပ်တော့ထည့် သွားသင့်ပါသည်။
.
မိဘများကိုယ်တိုင် စာမဖတ်ဖြစ်တော့သား သမီးများကို ပြန်ပြောဖို့ရာ
အခွင့် ရှားပါးခဲ့ရ သည်။ ခုခေတ် ကလေးများမှာ မိဘနှင့် အတူ နေချိန်အလွန်နည်းလှ၏။ ကျောင်းတွင်သာ
အနေများပေရာ ဆရာမတို့၏ သွန်သင်ဆုံးမမှု သည်လည်း အရေးပါလှ၏။ မိဘများမှ တတ် နိုင်သမျှ
အချိန်ပေး၍ သွန်သင်ဆုံးမ၊ ပြောဆို ပေးရန်လည်း လိုအပ်လှပေသည်။ အစိုးရ ဝန် ထမ်းဖြစ်သော
ကျွန်မပင်လျှင် သားအား အ သက် ၁ နှစ်ခွဲမှစ၍ ရင်ခွင် ပိုက်မူကြိုသို့ ပို့ထား ရ၏။ ကျောင်းဆင်းချိန်ရောက်မှ
သားအမိ နှစ်ယောက် တွေ့ရ၏။ ညအိပ်ခါနီး အချိန်၌ သားသားအား ပုံပြင်စာအုပ် ဖတ်ပြဖြစ်၏။
မိဘ ၏ ပြောဆိုသင်ကြားမှုအောက်တွင် ကြီးပြင်း
သော ကလေးများနှင့် နှိုင်းစာလျှင် လိုအပ်ချက်များ ရှိပါသေးသည်။
.
လူတိုင်း စာဖတ်သင့်၏။ စာမဖတ်သောသူ သည် အမြင်အာရုံ ချို့တဲ့သောသူနှင့်
တူ၏။ ထို့ကြောင့် အမှားနှင့် အမှန်မခွဲခြားတတ်တော့ဘဲ ထင်ရာမြင်ရာကို တစ်ဇွတ်ထိုး ပြုမူလာကြသည်။
ရန်ဖြစ်ဖို့၊ ခိုးဝှက်လုယက်ဖို့ပင် မဆို ထားနှင့် လူသတ်ရဲသည်အထိ အမိုက်မှောင်ကြီး ဖုံးလွှမ်းလာရသည်။
စာမဖတ်သည်မှစ၍ မိမိဘ ဝသာမက မိသားစု၊ ပတ်ဝန်းကျင်အထိပါ ထိ ခိုက်ပျက်စီးလာခဲ့ရသည်။
.
ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် ဥစ္စာရှာ၊ တတိယအရွယ် ဘာဝနာဟူ၍ လူကြီး
သူမများ ပြောတာကြားဖူး၏။ ပညာရှာရန် အ ရွယ်မှာ ဝမ်းရေးရှာနေသူအဖို့ ဘယ်မှာပညာ တတ်မည်နည်း။
ပညာမတတ်လျှင် ဥစ္စာမရနိုင်၊ ဥစ္စာမရှိလျှင် တရားရှာသင့်သော အရွယ်၌ စိတ် ဖြောင့်ဖြောင့်ထား၍
တရားရှာနိုင်ရန်ခက်ခဲသွား ပေမည်။ ထို့ကြောင့် မအားလပ်စေကာမူ သီး သန့်အချိန်ပေး၍ စာဖတ်သင့်၏။
.
ယခုခေတ်တွင် လူတိုင်းနီးပါး ဖုန်းတစ်လုံး တော့ ရှိ၏။ စာအုပ်တစ်အုပ်တော့
မဝယ်ဖတ် ကြတော့ပေ။ ယခင်ရပ်ကွက်ထဲရှိ စာအုပ်အငှား ဆိုင်လေးများအစား ဖုန်းဆိုင်များက
နေရာယူ လာခဲ့ပေပြီ။ ဖုန်းဖြင့် စာဖတ်၍ ရနိုင်သော်လည်း စာအုပ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်
မသိရှိနိုင်ပေ။ အမြင်အာရုံလည်း ထိခိုက်လာနိုင်သည်။ ထို့ ကြောင့် စာအုပ်ဖြင့်သာ စာဖတ်သင့်၏။
.
စာဖတ်ပြီးလျှင်လည်း ပြန်လည်မျှဝေပေး သင့်၏။ ကျွန်မငယ်စဉ် ကျောင်းပိတ်သည့်နေ့
များ၌ ဖေဖေဆေးခန်းသို့ လိုက်သွား၏။ လူနာ ရှင်းချိန်များတွင် ကျွန်မဖတ်ဖို့ စာအုပ်များကို
အဖေက ရွေးပေးတတ်၏။ ဖေဖေ့ကုတင်ဘေး တွင် ဖတ်စရာ စာအုပ်များစွာ ထား၏။ ထိုထဲမှ မြတ်မင်္ဂလာ၊
မင်္ဂလာမောင်မယ်တို့မှာ ကျွန်မ ဖတ်ရသော စာအုပ်များ ဖြစ်၏။
.
တစ်ခါတစ်ရံ ပလုတ်တုတ်တုတ်ကလေး ဂျာနယ်၊ ရွှေသွေးဂျာနယ်၊ ပုံပြင်စာအုပ်၊
ကာ တွန်းစာအုပ်လေးများကို အမေက ဝယ်ပေးလေ့ ရှိ၏။ ထိုကြားထဲမှ အိမ်နားရှိ စာအုပ်အငှားဆိုင်
လေးတွင် ကျောင်းပိတ်သည့်ရက်တိုင်း စာအုပ် ငှားဖတ်တတ်ပါသေးသည်။ ယခုအခါတွင်မူကား စာအုပ်အငှားဆိုင်လေးလည်း
မရှိတော့ပြီ။
.
ကံကောင်းသည်မှာ ယခုခေတ်အခါတွင် ဟောပြောပွဲများ ကျယ်ပြန့်စွာ ပြုလုပ်လာခြင်း
ပင် ဖြစ်သည်။ ထိုမျှမက စာဖတ်ဝိုင်းများ၊အောင် မြင်ရေးသင်တန်းများ၊ အခမဲ့ဟောပြောပွဲများ
ဖွင့်လှစ်ပြုလုပ်နေပြီ ဖြစ်ပေသည်။ ထိုသောအ ခါ အလုပ်များ၍ နေ့စဉ်စာမဖတ်နိုင်သူများအဖို့
အချိန်နာရီ အနည်းငယ်ပေးရုံမျှဖြင့် အောင်မြင် သော စာရေးဆရာကြီးများ၊ နယ်ပယ်အသီးသီး
၌ အောင်မြင်နေသူများထံမှ ¤င်းတို့၏ ကြိုးစား မှု၊ ဖြတ်သန်းခဲ့ရသော ဘဝနှင့် ရရှိသော သင်
ခန်းစာ အတွေ့အကြုံများကို သိရှိခွင့်ရခဲ့သည်။ ထိုမှတစ်ဆင့် အတွေးအခေါ်၊ ဗဟုသုတများစွာ
ရရှိခဲ့သည်။
.
ထို့ကြောင့် လူတိုင်းစာဖတ်ပါ။ စာဖတ်ခြင်း ဖြင့် ဗဟုသုတပြည့်စုံပြေါ<ွကယ်ဝစေသည်။
ကျန်း မာရေး၊ ပညာရေး၊ လူမှုဆက်ဆံရေး၊အောင် မြင်ရေးအစရှိသည်တို့၏ နည်းလမ်းများကိုသာ မက
လောကုတ္တရာ ချမ်းသာရေး နည်းလမ်းများ ကိုပါ သိနိုင်ပေသည်။ စာမဖတ်နိုင်လျှင် ဟော ပြောပွဲသို့
သွားရောက်၍နားထောင်ခြင်း၊ စာပေ ဟောပြောပွဲ ခွေများ ဝယ်ယူနားထောင်ခြင်းတို့ ကို ပြုလုပ်သင့်ပေသည်။
မိသားစုဘဝ တိုးတက် ရေးအတွက် စာဖတ်ခြင်းဖြင့် တိုင်းပြည်တိုး တက်ရေးအထိ ခရီးရောက်နိုင်ပါကြောင်းတိုက်
တွန်းနှိုးဆော်လိုက်ရပါသည်။
.
.
.
#KBZTai #Shan