ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲညဖြစ်သော
ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ပြိုင်ပွဲဝင် ညမီးကြီးအမျိုးအစား
ဓါတ်ခဲမီးအဖွဲ့ မီးပုံးပျံ ပျက်ကျမှုဖြစ်ပွားခဲ့ပြီး ပွဲလာသူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။
.
.
အဆိုပါ မီးပုံးပျံ ပျက်ကျမှုကြောင့် ပွဲလာပရိသတ် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး
ဒဏ်ရာ ရရှိသူများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံလျက်ရှိကြောင်းသိရသည်။
'စလွှတ်ပြီးသိပ်မကြာခင်ပျက်ကျတာပဲ။ ယမ်းတောင်မထွက်သေးဘူး။ မြင်လိုက်ရတဲ့အခြေအနေမှာတော့
၂ ဦး ထိသွားတယ်။ တစ်ဦးကတော့စိုးရိမ်ရတယ်လို့သိရပါတယ်'' ဟုတန်ဆောင်တိုင်ပွဲလာ ပရိသတ်
တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှပြည်နယ်ညွှန်ကြားရေးမှူး
ဦးတင်မင်း၊ ရှမ်းပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုပြည်နယ်မှူး ဦးအောင်ကျော်မျိုးတို့ထံ
ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ချေ။
.
.
.
#KBZTai #Shan