ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၏ အထင်ကရပွဲ
တော်ဖြစ်သော တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်၌ ဒရုန်းပျံ သန်း ရိုက်ကူးသူများသည်
တောင် ကြီးတန်ဆောင်တိုင်ပွဲတော် လုံခြုံရေး ကွပ်ကဲမှုရုံးသို့ မှတ်ပုံလာတင်ကြရ မည်ဖြစ်ပြီး
မှတ်ပုံတင်ထားခြင်းမရှိ သော ဒရုန်းကင်မရာများအား ပျက် ကျအောင် ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း သိရသည်။
.
.
''ဒရုန်းကင်မရာနဲ့ ပတ်သက် လို့ အခုလို ထုတ်ပြန်ရတာက လုံ ခြုံရေးအရရော
မီးပုံးပျံလွှတ်တင်တဲ့ အချိန်တွေမှာရော အန္တရာယ်မဖြစ် ဖို့ မထိခိုက်ဖို့အတွက်သတ်မှတ်
ပေး ထားခြင်းဖြစ်ပါတယ်။ ဒရုန်းကင်မရာ ပျံသန်း လွှတ်တင်လိုသူတွေ အနေ နဲ့ ပွဲတော်မကျင်းပမီ
၃ ရက်အလို မှာ ပွဲတော်လုံခြုံရေး ကွပ်ကဲမှုရုံးမှာ လာရောက်မှတ်ပုံတင်ရမှာ ဖြစ်ပါ တယ်။
ငွေကျပ်သိန်းပေါင်းများစွာ ရင်းနှီးအကုန်ကျခံထားတဲ့ မီးပုံးပျံ တွေကို ဒရုန်းကင်မရာတွေကြောင့်
မထိခိုက်စေဖို့ စည်းကမ်းသတ်မှတ် ထားတာပါ။ ဒါကလည်း အများပြည် သူလုံခြုံရေးအတွက် ရည်ရွယ်ပြီး
ဦး စီးကောင်မတီကို တင်ပြပြီးတော့မှ ခွင့်ပြုလို့ အခုလို သတ်မှတ်ထားတာ ဖြစ်ပါတယ်''ဟု
ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုရဲမှူး စိုးထွန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
ပွဲတော်ကာလအတွင်း၌ ဒရုန်း ကင်မရာ လွှတ်တင်မည့်သူများသည် ပွဲတော်လုံခြုံမှု
ကွပ်ကဲရေးရုံးတွင် ပွဲတော်မစတင်မီ ၃ ရက် အလို၌ မှတ်ပုံတင်ရမည်ဖြစ်ပြီး ဒရုန်းကင်မ ရာများပျံသန်းခြင်းအား
မီးပုံးပျံများ ဖြင့် နီးကပ်စွာပျံသန်းခြင်းကို လုံးဝ ခွင့်ပြုမည် မဟုတ်ကြောင်း၊ မိမိဒရုန်း
ကင်မရာကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာခဲ့ပါက ဆုံးရှုံးမှု ကာလ တန်ဖိုး၏ ၃ ဆအား ပေးလျော်ရမည် ဖြစ်ကာ ဒရုန်း လွှတ်တင်ခြင်းကို
အလိုအလျောက် ထိန်းချုပ်မှုစနစ် ပါဝင်သည့် အမျိုးအစားကိုသာ ခွင့် ပြုသွားမည် ဖြစ်ကြောင်း
သိရသည်။
.
ထို့အပြင် ဒရုန်းကင်မရာများကို ပွဲတော်ကွပ်ကဲမှုအဖွဲ့ထံတွင်စစ်ဆေး ခံရမည်ဖြစ်ပြီး
ကွပ်ကဲမှုအဖွဲ့မှ သတ် မှတ်ထားသော မီးပျံလွှတ်တင်သည့် ကွင်းဧရိယာအပြင်ဘက် မီတာ ၁ဝဝ အကွာမှသာ
လွှတ်တင်ရမည်ဖြစ် ကြောင်းနှင့် မှတ်ပုံတင်ထားခြင်း၊ ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိသော
ဒရုန်းများကို ပျက်ကျအောင် ဆောင် ရွက်၍ ပစ္စည်းသိမ်းဆည်းခြင်းနှင့် ကိုင်ဆောင် အသုံးပြုသူအား
ဥပဒေ နှင့်အညီ အရေးယူသွားမည် ဖြစ် ကြောင်း သိရသည်။
.
.
.
#KBZTai #Shan