မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
လာမည့် ၂ဝ၁၉ခုနှစ်၊ မတ်လ ၁၁ ရက်တွင် သတ်မှတ်ကာလပြည့်ပြီး အသက်ဝင်လာမည့် မြေလွတ်၊ မြေ
လပ်၊ မြေရိုင်းဥပဒေမှာ လူထုအတွက် မှတ်ပုံတင်သည်ဖြစ်စေ၊
မတင်သည် ဖြစ်စေ ဆိုးကျိုးများသာ သက်ရောက် စေမည် ဖြစ်သည့်အတွက် အဆိုပါ ဥပဒေသစ်ကို လူမှုအဖွဲ့အစည်းများက
ကန့်ကွက်လျက် ရှိကြောင်း သိရ သည်။
.
.
အဆိုပါ ဥပဒေကို ယခင် ပထမအကြိမ် ပြည်သူ့လွှတ်တော် သက် တမ်းတွင်လည်း
သဘောမတူခဲ့သလို ယခုအခါတွင်လည်း အဆိုပါ ဥပဒေ ၏ သက်ရောက်မှုမှာ ပြည်သူများ အ တွက် လွန်စွာထိခိုက်
နစ်နာစေမည် ဖြစ်ကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း ဒါရိုက်တာ ဒေါ်နန်း ဝါနုက ပြောသည်။
'' ဒီဥပဒေက တောင်သူတွေ၊ ပြည်သူတွေ နစ်နာစေမှာဖြစ်ပါတယ်။ မိမိတို့
ဘိုးဘွားစဉ်ဆက်လက်ငုတ် လက်ရင်း ကလေးနဲ့ လုပ်ကိုင်စား သောက်နေရင်း ဘေးက အားလုံး သိ တယ်ဆိုတဲ့
ရိုးသားတဲ့အသိနဲ့ ဆွေစဉ် မျိုးဆက် ဖြတ်သန်း လာခဲ့ကြတဲ့ တောသူတောင်သားတွေရော မသိ နားမလည်တဲ့
အများ ပြည်သူတွေရော အရမ်းကို နစ်နာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြေစာရင်း မြေပုံ
ပြည့်စုံမှုက ဘယ်လောက် ရှိမှာပါလဲ။ ခေတ် အဆက်ဆက်က အစိုးရတွေ ထုတ်ပြန်ထားတာ မတွေ့ပါဘူး၊
ရှမ်းပြည်ဆိုရင် ပိုဆိုးပါတယ်။ ကွက် စိပ်မြေပုံတောင် မရှိပါဘူး။ ဒါတွေကို အရင် စနစ်တကျ
ဒေတာကောက်၊ သုတေသန လုပ်ပြီး ပြည်သူတွေကို အကာအကွယ် အရင်ဆုံး ပေးနိုင်တဲ့ နည်းလမ်းကို
စဉ်းစားပြီးမှ ပြည့်စုံ စနစ်ကျ ပြည်သူအကျိုးပြု ဥပဒေကို ထုတ်ပြန်သင့်တာပါ။ တိုင်းရင်းသား
လူမျိုးတွေရဲ့ ရိုးရာအစဉ်အလာအရ မြေအသုံးချမှု၊ စီမံခန့်ခွဲမှု စတာတွေကို အစိုးရက အသိအမှတ်ပြုပြီး
ဥပဒေနဲ့ အပြည့်အဝ အကာအကွယ် ပေးသင့်ပါတယ်'' ဟု ¤င်းက ပြော သည်။
.
မြန်မာလူထုမဟာမိတ်(ရှမ်းပြည်)အဖွဲ့မှ ကိုအောင်ကျော်မိုးက''အရင်
စစ်အစိုးရ လက်ထက်ကတည်းက အကြောင်း အမျိုးမျိုးပြပြီး မသိ နားမလည်သူ ပြည်သူတွေဆီက မြေယာတွေ
သိမ်းခဲ့သလို အခု ပြင် ဆင်လိုက်တယ်ဆိုတဲ့ဥပဒေကလည်း ပြည်သူကို အရမ်းနစ်နာစေမှာ ဖြစ်
ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ ပြည်သူ့ အကျိုးစီးပွားကို အရင် ကာကွယ်ပေးဖို့ လုပ်စေချင်ပါတယ်။
ဘာကြောင့်ဆိုတော့ အများပြည်သူက မလုပ်လဲနာ၊ လုပ်လဲနာစေတဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့အပြင် လူထု
အစိုးရ တစ်ရပ်အနေနဲ့ လူထုကို ထိခိုက်နစ်နာစေမယ့် ဥပဒေကို သေချာဆန်းစစ်ပြီးမှ အတည်ပြု
စေချင်ပါတယ်''ဟု ဆိုသည်။
.
မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေ လပ်၊ မြေရိုင်းဧက ၄၅ သန်းရှိပြီး
ယင်းမှ ၈၂ ရာခိုင်နှုန်းမှာ တိုင်းရင်း သားဒေသများ ဖြစ်ကြောင်း လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရသည်။
.
အဆိုပါ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဥပဒေကို ဖျက်သိမ်း စေလို
သည့် လူမှုအဖွဲ့အစည်းပေါင်း ၅ဝဝ ကျော် ရှိနေပြီး ပြင်ဆင်လိုသည့် အဖွဲ့အစည်း ၄ဝဝ ခန့်ရှိနေကာ
ယင်း ဥပဒေကို အဖွဲ့အစည်းပေါင်း ၁ဝဝဝ ခန့်မှ ကန့်ကွက်လျက် ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan