မယ်ဆိုင်ချောင်းမှ တရားမ၀င် နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူ တရုတ်နိုင်ငံသားအား တာချီလိတ်၌ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မယ်ဆိုင်ချောင်းမှ တရားမ၀င် နိုင်ငံဖြတ်ကျော်ဝင်ရောက်လာသူ တရုတ်နိုင်ငံသားအား တာချီလိတ်၌ ဖမ်းဆီးရမိ



မော်ကြီး (တြိဂံနယ်မြေ) ကမ္ဘောဇတိုင်း
.
မြန်မာ-ထိုင်းနှစ်နိုင်ငံပိုင် မယ်ဆိုင်ရေချောင်းမှ တရားမ၀င် ၀င်ရောက်လာသူ တရုတ်နိုင်ငံသား တစ်ဦးကို မကာဟိုခမ်းရပ်ကွက် Crown ဟိုတယ် အနီး နိုဝင်ဘာ ၈ ရက်ညပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမ သိရသည်။
.
 
.
‘‘မယ်ဆိုင်းချောင်းအနီး လှည့်ကင်းဆောင်ရွက်နေစဉ် မသင်္ကာလို့ စစ်ဆေးရာမှ ဖမ်းဆီးရမိတာပါ၊ မြို့နယ်လ၀ကအဖွဲ့က ဆက်လက်စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမှာပါ’’ဟု လှည့်ကင်းဆောင်ရွက်ရာတွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
.
တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာခံ ကျော်ဇေယျ ဦးစီးအဖွဲ့သည် နိုဝင်ဘာ ၈ ရက်ည ၈ နာရီအချိန်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်စဉ် မကာဟိုခမ်းရပ်ကွက် Crown ဟိုတယ်အနီး မသင်္ကာသူ တစ်ဦးအား တွေ့ရှိ၍ စစ်ဆေးရာ တရုတ်လူမျိုး ဖြစ်ကြောင်း တွေ့ရှိရသဖြင့် မြို့နယ်လ၀ကအဖွဲ့များဖြင့် စစ်ဆေးရာ တရုတ်နိုင်ငံသား ဖုန်ရှီလုံ (Phong Shi Long)သည် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဆန်း ထောင်လေဆိပ်မှ နိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိပြီး တိုဟူးလုပ်ငန်းဆိုင်တွင် ၁၃ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး အဆင်မပြေ၍ လွန်ခဲ့သော တစ်နှစ်ခန့်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ တဆင့် မယ်ဆိုင်မြို့သို့ ကုန်တင်ကားဖြင့် လိုက်ပါ ရောက်ရှိပြီး မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ မယ်ဆိုင်ချောင်းအား ဖြတ်ကူးကာ တာလော့ရေဆိပ်မှ တရားမ၀င် ၀င်ရောက်ခဲ့ကြောင်း  စစ်ဆေးပေါ်ပေါက်ခဲ့သည်။
.
သို့ဖြစ်၍ မယ်ဆိုင်ရေချောင်းမှ တရားမ၀င် ၀င်ရောက်ခဲ့သူ တရုတ်နိုင်ငံသား ဖုန်ရှီလုံ (Phong Shi Long) (၄၀ နှစ်)၊ ပိုင်မေဆုန့်ရွာ၊ ဖုန်ဆို့ရှင်မြို့၊ ကွမ်းတုံပြည်နယ်၊ တရုတ်နိုင်ငံနေသူအား တာချီလိတ်မြို့မရဲစခန်းက (ပ)၃၉၄/၂၀၁၈၊ ၁၉၄၇ ခုနှစ်၊ လ၀ကအက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats