အောင်ဆန်းဝင်း
.
.
မိုးလေကင်းလွတ် ပွင့်လင်းကာလရောက် တာနဲ့ မြန်မာပြည်သူ (ငွေကြေးပိုလျှံသူ)များက
ခရီးသွားခြင်း အလုပ်ကို လုပ်ကြပါတယ်။ ကိုယ် ပိုင်အချိန်ပို များများနဲ့ ငွေရေးကြေးရေး
နောက် ကြောင်းအေးတဲ့ လူတွေက ရက်ရှည်ခရီးဝေးကို စိတ်လွတ် ကိုယ်လွတ် နားအေး ပါးအေး သွား
ကြတယ်။ တစ်နိုင်ငွေကြေးနဲ့ အချိန်လုရတဲ့လူ တွေကြတော့ လုံးဝမရောက်ဖူးသေးတဲ့ အရပ် ဒေသတစ်ခုကို
စိတ်ကြိုက်ရွေးချယ်သွားတတ် ကြပါတယ်။ အဲဒီလို ခရီးသွားတွေထဲမှာ တချို့ က ဘုရားဖူးခရီး၊
တချို့က ပင်လယ်ကမ်းစပ်ကို အပန်းဖြေခရီး၊ တချို့က ဒေသန္တရဗဟုသုတခ ရီး၊ တချို့က အေးချမ်းသာယာလှပတဲ့
တောင် ပေါ်ဒေသဆီကို၊ ဘယ်ခေါင်းစဉ်နဲ့ သွားသွား အဓိကက အလုပ်ခွင် ပင်ပန်းနွမ်းနယ်မှု ပြေ
ပျောက်စေဖို့နဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ် ရပ်ကို ကိုယ်တိုင်လက်တွေ့ကျကျ ခံစားချင်လို့
ငွေကုန်ကြေးကျခံပြီး သွားကြတာ များပါတယ်။
တောင်ပေါ်အရပ်မှာ နေတဲ့ လူတွေကလည်း ညီနောင်မိတ်တွေများရှိရာ မြေပြန့်ဒေသကို
အ လည်အပတ်ခရီး သွားတတ်ကြတယ်။ ရှေးဗမာ ကြီးများ သမိုင်းမော်ကွန်းထိုးတဲ့ နေရာ။ ယဉ် ကျေးမှု
အမွေအနှစ် စေတီပုထိုးများရှိရာ အ ရပ်၊ ထေရဝါဒဗုဒ္ဓသာသနာ အလင်းတန်း ပြည် လုံးကျွတ် ထိန်ထိန်ညီးစေတဲ့မြေ၊
သူရဲကောင်း တို့ရဲ့ လှံရာ၊ ဓါးချက်တွေ အောင်လံထူခံတဲ့ တိုင်း၊ နှစ်ပေါင်းထောင်ချီ အလုပ်အကျွေးပြုခဲ့
တဲ့၊ ပြုနေဆဲ ဆက်လက်ပြုနေဦးမယ့် မိခင်ဧရာ ဝတီရဲ့ ကမ်းပါး၊ ဝိဇ္ဇာရှစ်သောင်းတို့ နားခိုရာ
ပုပ္ပားတောင်မြတ် တောင်ကလပ်၊ ရှင်အရဟံ၊ မင်းမြတ်အနော်ရထာ၊ ကျန်စစ်မင်းနဲ့ စစ်သူကြီး
၎ ဦးတို့ ပုံဖော်ထုဆစ်ထားခဲ့တဲ့ လက်ရာ၊ ရာဇ ဝင်တစ်လျှောက် အစဉ်အလာပြောင်မြောက်တဲ့
သရပါတံခါး၊ အရိမဒ္ဒနပူရ (ခေါ်) ပုဂံပြည်တို့ဟာ တောင်ပေါ်နေ တိုင်းရင်းသား ညီအစ်ကိုတို့
သွားရောက်လည်ပတ်ရာ အရပ်ထဲ တစ်ခု အပါ အဝင် ဖြစ်ပါတယ်။
.
နောက်ထပ် မဖြစ်မနေ (ပိုက်ဆံရှိရင်ပေါ့) သွားရောက်လည်ပတ်တဲ့ နေရာက
ရှင်တော် မြတ်ဘုရား လေးဆူဓါတ်တော်များ ထားပနာ ထားရာ ရွှေတိဂုံစေတီတော်မြတ်ကြီးရှိတဲ့
မြို့။ အလောင်းမင်းတရားကြီး ရန်အပေါင်းကို ကုန် စင်အောင် တိုက်ခိုက်ခဲ့တဲ့ နေရာ၊ မြန်မာပြည်
လွတ်လပ်ရေးအတွက် အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပြည်သူကို ချစ်မြတ်နိုးတဲ့
ပြည်သူ့ဘက်တော်သားကြီးများ ခြေချခဲ့တဲ့ အဓိပတိလမ်းနဲ့ အမိတက္ကသိုလ်။ အဲ ဒီတက္ကသိုလ် ဘွဲ့လက်မှတ်နဲ့
ကမ္ဘာ့အရေးမှာ မြန်မာ့သွေးတွေြ<ွကယ်ခဲ့ဖူးတယ်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့
တစ်ခုတ်တရ အဝယ်တော် ရောက်ရတဲ့ သမိုင်းဝင် ဗိုလ်ချုပ်ဈေး။ အရှေ့ တောင်အာရှမှာ အခမ်းအနားဆုံး
တောက်ပခဲ့ ဖူးတတဲ့ မင်္ဂလာဒုံလေယာဉ်ကွင်း။ မြို့တော် ဟောင်းကြီး ရန်ကုန်ကိုလည်း ဘုရားဖူးရင်း
လည်ပတ်ရင်းနဲ့ သွားရောက်တတ်ကြပါတယ်။
.
ခရီးသင့်လို့ အနီးလေးကို ဆက်ဦးမလား၊ မွန်တို့ဌာနေ ရာမညတိုင်းဆီကို။
စာတွေရဲ့ အ ဆိုအရ ရသေ့ကြီး ဦးခေါင်းနဲ့တူတဲ့ ကျောက်တုံး ကြီးကို သိကြားမင်းကိုယ်တိုင်
ပင်လယ်သမုဒ္ဒ ရာထဲက ရှာဖွေ ပင့်ဆောင်ခဲ့တယ်လို့ ဆိုကြ တယ်။ အဲဒီကျောက်တုံးကြီးအတွင်း
မြတ်စွာဘု ရားရှင် ဓါတ်တော်ထာပနာ ထည်သွင်းတည် ထားတဲ့ စေတီဘုရား၊ တစ်ခါ တစ်ခေါက် ရောက်ပြီးရင်
နောက်ထပ်ဆက်ကာ သွားရောက် ဖူးမြော်ဖို့ အကြောင်းဖန်တယ်လို့ ပြောကြတယ်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး
ရှိရာ မွန်တို့ ဌာနေ ရာမညတိုင်းဆီကိုပေါ့။ နောက် ဖားစည် သံဝေတဲ့ ဒေါနတောင်ခြေ၊ ဒုံးယိမ်းတွေ
ရင်ထဲ ရောက်စေတဲ့ သွေးချင်းကရင်တိုင်းရင်းသားတို့ မြေ၊ တောင်ဘက်ဖျားထိ ခရီးဆက် ဘုရင့်အငူ
က ထိုင်ကြည့်တော့ ပြာလဲ့လဲ့ မြန်မာ့ပင်လယ် ပြင်နဲ့ ကျွန်းစုကျွန်းခက်တွေက လာပါ လာပါ
တစာစာခေါ်နေတဲ့ အတိုင်း။
.
မြေပြန့်ဒေသနေ လူတွေက တောင်ပေါ်အ ရပ်ကို သူတစ်ပြန် ကိုယ်တစ်လှည့်
ဘုရားဖူးခ ရီး၊ အလည်အပတ်ခရီး ထွက်ကြပြန်တယ်။ ရှမ်း၊ ချင်း၊ ကချင်တို့ ပျော်ရာ တောင်အမြင့်များ
ရှိတဲ့ အရပ်ဆီကို။ အဲဒီလို တောင်အမြင့်တွေရှိ တဲ့ အရပ်ထဲမှာ ဘုရားဖူး ခရီးသွားဧည့်သည်
တွေ အများဆုံး လည်ပတ်တဲ့နေရာက လွမ်း ရောင်သမ်းတဲ့ ရှမ်းတောင်တန်းလို့ ဆိုရင် မှား နိုင်မယ်
မထင်။ မြေကြီးပေါ် ခြေချတာနဲ့ အရှေ့ တောင်စဉ်တောင်တန်းကြီးကို ကြည့်ပြီး အား လုံးက တအံ့တသြ
ဖြစ်ရတဲ့မြို့၊ တောင်စဉ်တန်း ပေါ်က ဘုရားစုံဖူးပြီး ရွှေဘုန်းပွင့်စေတီတော် မြတ်ကြီး
ရင်ပြင်ကနေ စာဖွဲ့လို့ မမီတဲ့ မြို့အလှ ကို တစ်ဝကြီး ခံစားလို့ရတဲ့ နေရာ။ ဆယ့်နှစ်
လရာသီ ဗုံမောင်းလင်းကွင်း အိုးစည်သံ စဲတယ် လို့ မရှိ၊ ညီနောင်တိုင်းရင်းသား မျိုးစုံ
နေထိုင် လို့ ဝဲတဲတဲ စကားမျိုးစုံကိုကြားရတတ်တယ်။ ဒုံတောင်ကီ ခေါ် တွမ်တီ တစ်ဖြစ်လည်း
မြို့ တော်တောင်ကြီး။
.
အနီးအပါးမှာ ခရီးသွားများအတွက် လည် ပတ်စရာတွေက အများသားပါ။ ရှမ်းပြည်နယ်
အတွက် ယဉ်ကျေးမှု အမွေအနှစ် တစ်ခု၊ ထောင်ချီ အရေအတွက်ရှိတဲ့ ကက္ကူမွေတော်ဘု ရားတွေကို
သွားရောက်ဖူးမြော်လို့ ရတယ်။ ဒေ သခံတိုင်းရင်းသားတွေရဲ့ ရိုးသားပွင့်လင်းဖော် ရွေတဲ့
ဓလေ့စရိုက်ကို သဘာဝကျကျ လေ့လာ လို့ ရနိုင်တယ်။ ရာသီချိန်ပွင့်လန်း မှည့်စိုနေတဲ့ တောင်ယာစိုက်ခင်းက မြေပြန့်ခရီးသွားများအ တွက် ဓါတ်စီး (ဓါတ်ပုံရိုက်)တဲ့
နေရာတစ်ခုပေါ့၊ တောင်ကြီး-ကက္ကူ ခရီးစဉ်ဆိုတာနဲ့ ထမ်စမ်းဂူ ဆိုတာက မပါမဖြစ် နေရာတစ်ခုပါ။
သဘာဝ ထုံးကျောက်လှိုဏ်ဂူအတွင်းပိုင်းက ကျောက်စက် ပန်းဆွဲတွေက ဘယ်ပန်းချီ ရေးမမီတဲ့ အံ့အား
သင့်စရာ။(တချို့အရာတွေက ပြန်လည်ပြုပြင်နေ ကြတာဖြစ်လို့ သဘာဝအတိုင်းထားတာ တန် ဖိုး ပိုပြီး
ရှိမယ်လို့ ထင်မြင်မိပါတယ်။) ရွှေတိဂုံပုံ စံတူ စေတီတော်မြတ်ကြီးကိုလည်း ဖူးမြော်ခွင့်
ရနိုင်ပါသေးတယ်။
.
တောင်ကြီးမြို့ရဲ့ တောင်အရပ်မှာ ခရီးတစ် ထောက်နားပြီး အနောက်အရပ်ဆီ
ခရီးဆက် တော့ ရွှေအဆင်းရှိတဲ့ ဗောဓိညောင်ပင်ပေါက် တာကို အစွဲပြုပြီး အမည်တွင်တဲ့ ညောင်ရွှေမြို့
ကို အရောက်သွားလို့ ရတယ်။ ညောင်ရွှေလို့ ဆိုလိုက်တာနဲ့ တောင်စဉ်တောင်တန်းပေါ်မှာ ကျယ်ပြန့်တဲ့
ရေပြင်ဖွေးဖွေးနဲ့ အင်းလေးကန် ကြီးကို ပြေးမြင်မိကြလိမ့်မယ်ထင်ပါတယ်။ ရှမ်း ပြည်နယ်တောင်ပိုင်းကို
အလည်အပတ် လာတဲ့ ပြည်တွင်း ပြည်ပ ဧည့်သည်တိုင်းအတွက် အင်း လေးရေကန်ကြီးက အရောက်သွားရမယ့်
နေ ရာလို့ ဆိုရမှာပါ။ ဖောင်တော်ဦးကျောင်းမှာ စံ ပယ်နေတဲ့ မြတ်စွာဘုရားရှင် ရုပ်ပွားတော်မြတ်
များကို ဆယ့်နှစ်လရာသီ ဖူးမြင်လို့ ရနိုင်ပါတယ်။ အထူးဆန်းဆုံးနဲ့ ကမ္ဘာမှာ တစ်နေရာတည်းရှိ
တယ်လို့ ဆိုနိုင်မယ့် အင်းသားများရဲ့ ရိုးရာ ခြေထောက်နဲ့ လှေလှော်နည်းကတော့ ဂင်းနစ်စ်
မှတ်တမ်းစာအုပ်ထဲ ရောက်သင့်တယ်လို့ ပြော ရမလားပါပဲ။
.
ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်အတွင်း ရပ်နီးရပ်ဝေးက ဧည့်သည်တွေ
ရောက်ရောက် ပေါက်ပေါက် သွားတဲ့နေရာ တစ်ခု ရှိပါသေး တယ်။ မိုးကြီးလေကြီးကျလို့ ငွေတောင်ပြည်ကို
အပြန်ခက်ချိန် လှိုဏ်ဂူကြီးတစ်ခုထဲ ဝင်ရောက် နားခိုတုန်း လှည်းဘီးလောက်ရှိတဲ့ ပင့်ကူကြီး
တစ်ကောင်က ကိန္နရီတွေကို အစာအဖြစ် စား သောက်ဖို့ ဂူပေါက်ကို ပင့်ကူမျှင်နဲ့ ပိတ်ထားတဲ့
အချိန် သုဓနုမင်းသားက ပင့်ကူကြီးကို လေးနဲ့ ပစ်ခွင်းလို့ ပင့်ကူကြီး ရတဲ့နေရာကို အစွဲပြု
အ မည်ခေါ်တဲ့ ပင့်ကူရ (ခ) ပင်းတယမြို့လေးပါ။
ကိန္နရီတွေ ဝင်ရောက်နားခိုတဲ့ လိုဏ်ဂူက အခု စေတီပုထိုးပေါင်းများစွာနဲ့ ခရီးသွားဧည့်သည်
တွေ ဝင်လာမစဲ တသဲသဲ ဖြစ်နေတဲ့ ရွှေဥမင် လိုဏ်ဂူတော်ပါ။ ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကိုလည်း
သွားရောက် ဖူးမြော် နိုင်ကြပါသေးတယ်။
.
ကလောနှီးဘုရား၊ မြင်းမထိလိုဏ်ဂူ အစရှိ တဲ့ နေရာတွေကလည်း ရှမ်းပြည်နယ်တောင်ပိုင်း
ရဲ့ အထင်ကရနေရာတွေ ဖြစ်ပါတယ်။ ထင်းရှူး ရနံ့ သင်းပျံ့ပျံ့နဲ့ လွမ်းမောဖွယ် အတိနေရာလေး
တစ်ခုက မယ်ခိုတောင်၊ ဆရာကြီး ဒဂုန်တာရာ အေးချမ်းစွာ ခေါင်းချနေတဲ့ အောင်ပန်းမြို့၊
ဂေါ် ဖီထုပ်၊ ပန်းမုန်လာ၊ ပန်းနှမ်း၊ စူကာသီး(ဂေါ်ရ ခါးသီး) စိုက်ခင်းကြီးတွေ လမ်းဘေး
ဝဲယာတစ် လျှောက် တစ်မျှော်တစ်ခေါ် တွေ့ရတတ်တယ်။ ရာသီပေါ် သီးနှံတွေကို လှိုင်လှိုင်ကြီး
ထွန်ယက် စိုက်ပျိုးကြတယ်။ ရှမ်းတောင်က စိုက်ပျိုးထွက် ရှိသမျှ သီးနှံတွေကို အောင်ပန်းမြို့လေးက
တ ဆင့် ရထားတစ်တန်၊ ကားတစ်တန်နဲ့ မြန်မာ ပြည် အရပ်ရပ်ကို ပို့ဆောင်ဖြန့်ဖြူးပေးနေတဲ့
စီးပွားရေး အချက်အခြာ မြို့လေးတစ်ခုပေါ့။ လွမ်းရောင်သမ်းတဲ့ ရှမ်းတောင်တန်းပေါ်မှာ ပြည်တွင်း
ပြည်ပ ဧည့်သည်တွေအတွက် လည် ပတ် ဘုရားဖူးစရာတွေက အများသားပါ။
.
လာမယ့်ရက်ပိုင်းအတွင်း တောင်ကြီးမြို့ရဲ့ အထင်ကရပွဲတော်တစ်ခု၊ ခရီးသွား
ပြည်သူ တွေ အကြားတွင် ပြောစမှတ် ပြုရအောင်ပင် ကြီးကျယ်ခမ်းနားတဲ့ တန်ဆောင်တိုင်မီးပုံးပျံ
ပွဲတော်ကြီးက ခြိမ့်ခြိမ့်သဲ ကျင်းပတော့မှာ
ဖြစ်ပါတယ်။ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ဆိုတာ အားလုံး သိတဲ့အတိုင်းပါ။
ရပ်နီး နယ်ဝေးက ဧည့်ပရိသတ် သိန်းပေါင်း များစွာ လာရောက်လည်ပတ်ကြတဲ့ ပွဲတော် ကြီးတစ်ခု
ဖြစ်ပါတယ်။ တောင်ကြီးမြို့ရဲ့ အထိမ်းအမှတ်ပွဲတော် ဆိုရင်လည်း မမှား ပါ ဘူး။ ပြည်တွင်းနယ်ဝေး၊
နိုင်ငံရပ်ခြား တိုင်းတစ်ပါး သားတွေ လာရောက်ပြီးတော့ လည်ပတ်ကြတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲကျင်း
ပရေး တာဝန်ရှိသူများအပြင် နယ်ခံ မြို့ခံများ အနေနဲ့ကလည်း သင့်တော်ပြီး ကောင်းမွန်တဲ့
ပြင်ဆင်မှုများ ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း လိုအပ်ချက်တစ်ခု ဖြစ်နေ
တာက နယ်ဝေးပရိသတ်များ မီးပုံးပျံကွင်းကို သွားဖို့အတွက် လမ်းညွှန်ဆိုင်းဘုတ်များ မရှိ
ခြင်းပါ။
.
ပွဲတော်ရက်အတွင်းဆို အနောက်မြို့ပတ် လမ်း၊ ဝါးပြားလမ်းဆုံ မီးပွိုင့်ကနေ
တစ်လမ်း မောင်းလုပ် လမ်းပိတ်ထားတဲ့အတွက် ဝါးပြား ရပ်ကွက်အတွင်းကနေ ကား၊ ဆိုင်ကယ်တွေကို
ဖြတ်မောင်းကြရပါတယ်။ အဲဒီကတဆင့် သက် စေ့ရန်အောင်ကျောင်း အတက်လမ်း၊ ဖရဲရပ် ကွက် ရွာလယ်လမ်းမကြီးအတိုင်း
မီးပုံးပျံကွင်း ကို သွားကြရပါတယ်။ နယ်ခံ၊ မြို့ခံများအတွက် အကြောင်း မဟုတ်လှပေမယ့်
တစ်ကြိမ်တစ်ခါ စတင် လာရောက်လည်ပတ်တဲ့ နယ်ဝေးဧည့် သည်များ မီးပုံးပျံကွင်းကို အရောက်သွားဖို့
အ ဆင်မပြေတာကို တွေ့နေရပါတယ်။ အဲဒီအ တွက် ဝါးပြားလမ်းဆုံကနေ မီးပုံးပျံကွင်းအထိ လမ်းဘေးမှာ
လမ်းညွှန်ရောင်ပြန် အမှတ်အ သားတွေကို စိုက်ထူ တပ်ဆင်ထားလိုက်ရင် နယ်ဝေးဧည့်သည်များ သွားလာရေးအတွက်
ပိုပြီး အဆင်ပြေမယ် လို့ ထင်မြင်မိပါတယ်။
.
ဧည့်သည်လာရင် စိတ်လက်ချမ်းသာမှုရှိ အောင် ဧည့်ခံရတာ အိမ်ရှင်တွေရဲ့
ဝတ္တရား၊ မြန်မာ့ဓလေ့ထုံးတမ်း တစ်ခုပါ။ မြို့ခံဆွေမျိုးမရှိ တဲ့ ဧည့်သည်တိုင်း စားသောက်ရေးအတွက်
နီး စပ်ရာဆိုင်မှာ ဖြေရှင်းကြမှာ ဖြစ်ပါတယ်။ အ များစုက ရိုးရာအစားအစာ၊ တစ်ခါပြင်ဆိုင်နဲ့
ညဈေးတန်းကို သွားရောက်ကြမှာ ဖြစ်ပါတယ်။ ကျန်တဲ့ဆိုင်တွေ
မသိသာပေမယ့် လူဝင်များတဲ့ ညဈေးတန်းတွေကတော့ အခုချိန်ထိ ညစ်ပတ် စုတ်ပြတ်နေပါသေးတယ်။
စွန့်ပစ်အမှိုက်တွေ လူမြင်မကောင်းအောင် ကြုံသလို ပစ်နေကြ တုန်းပါ။ ပွဲတော်ကာလ ရောက်လာမယ့်
အလွှာ ပေါင်းစုံက ဧည့်သည်တိုင်း ဝင်ရောက် စား သောက်နိုင်တဲ့ အဆင့်အတန်းမျိုးမှာ ရှိမနေပါ
ဘူး။ သန့်ရှင်းသပ်ရပ်တဲ့ မြို့တော်နဲ့ ခမ်းနား ကြီးကျယ်တဲ့ ပွဲတော်ဂုဏ်သတင်းအတွက် တာ
ဝန်ရှိသူများ အပါအဝင် ပြင်ဆင်သင့်တဲ့ လူတွေ
ကြိုတင်ပြင်ဆင်ကြဖို့ လိုအပ်ကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။
.
.
.
#KBZTai #Shan