ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော
မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ပူဇော်ပွဲကြီးကို ၁၃၈၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း
၁၄ ရက်၊ နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပရာ သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှ
မြို့တွင်းသို့ လှည့်လည်ခဲ့ကြောင်း သိရသည်။
.
.
မြို့လုံးကျွတ်စုပေါင်းမဟာဘုံပဒေသာပင်ကထိန်ပွဲတွင်
ဟိုပုံးမြို့ပေါ်ရှိ တပ်မတော်နည်းပညာနှင့်ကွန်ပျူတာ သိပ္ပံကျောင်းမှ စစ်သည်များအဖွဲ့၊
ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ အသင်းအဖွဲ့များ၊
လုပ်ငန်းရှင်များမှ စုပေါင်းလှူဒါန်းသည့် ပဒေသာပင် ၄၉ ပင် ပါဝင်ပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ
စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၂၉၄ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်လှည့်လည်ပူဇော်ပွဲမှ
ရရှိသော အလှူတော်ငွေ နှင့် လှူဖွယ်ပစ္စည်းများကို တန်ဆောင်မုန်း လပြည့်နေ့ နိုဝင်ဘာလ
၂၂ ရက်တွင် ဟိုပုံးမြို့ မြို့ဦးကျောင်းတိုက်၌ အလှူရေစက်ချ တရားနာမည် ဖြစ်ကြောင်း
သိရှိရသည်။
.
.
.
#KBZTai
#Shan