လားရှိုးတွင် မူးယစ်ဆေးသုံးစွဲမှုကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း) အပြီးသတ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် မူးယစ်ဆေးသုံးစွဲမှုကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း) အပြီးသတ်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မူးယစ်ဆေးသုံးစွဲမှုကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း) အပြီးသတ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင် ဟိုတယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
.
 
.
လားရှိုးမြို့တွင် မူးယစ်ဆေးသုံးစွဲမှုကြိုတင်ကာကွယ်ရေး မဟာဗျူဟာစီမံချက် (မူကြမ်း) အပြီးသတ် ရေးဆွဲရေးကို ယခင်က ၂ ကြိမ် ဆွေးနွေးခဲ့ပြီး မူကြမ်းအား အပြီးသတ်အတည်ပြုတင်ပြသွားနိုင်ရန် ယခု တတိယအကြိမ်မြောက် ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
.
အလုပ်ရုံဆွေးနွေးပွဲဖြစ်တဲ့အတွက် အများကြီးဆွေးနွေးရမှာဖြစ်ပါတယ်။ စီမံချက်က မူးယစ်ဆေး ကြိုတင်ကာကွယ်ရေးဖြစ်တဲ့အတွက် မူးယစ်ဆေးမသုံးသေးတဲ့ကလေးလူငယ်တွေကို ငယ်ရွယ်စဉ်ကနေ ကြီးလာတဲ့အထိ ဆေးသုံးစွဲသူမဖြစ်လာအောင် အားလုံးက ဘာတွေလုပ်ပေးဖို့လိုမလဲဆိုတာကို စီမံချက်ရေးဆွဲဖို့ ဖြစ်ပါတယ်”ဟု မူးယစ်ဆေးစွဲရောဂါသုတေသနအသင်း(SARA)ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဂျော်ထက်ဒိုးက အခမ်းအနားတွင် ပြောသည်။
.
အဆိုပါဆွေးနွေးပွဲမှရရှိလာမည့် ပြည်နယ်အဆင့်မဟာဗျူဟာစီမံချက်မူကြမ်းအား ရှမ်းပြည်နယ် မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်အနေဖြင့် အသေးစိတ်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူးယစ်ဆေးကိစ္စတွေက အများဆုံးဖြစ်ပွားနေတာတွေ့ရတယ်။ အခုချိန်ထိ ဒေသခံ ပြည်သူတွေဟာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ခံစားနေတာတွေ့ရပါတယ်။ ဒီနေ့ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲက မူကြမ်းအပြီးသတ်ရေးဆွဲတဲ့အခါမှာ ပြည့်ပြည့်စုံစုံဆောင်ရွက်ပေးဖို့လိုပါတယ်။ အားလုံးပါဝင်ကူညီ ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာ ကွယ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သူဇော်က ပြောသည်။
.
ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများတက်ရောက်ကာ တစ်နေ့တာဆွေးနွေးရာမှ ရရှိလာမည့် မူ ကြမ်းအား အပြီးသတ်အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats