စိုင်းကွမ်းမိုင်း
.
၁၃-၁ဝ-၂ဝ၁၈ ရက်တွင် အိန္ဒိယဝန်ကြီး ချုပ် မိုဒီနှင့် ရုရှားသမ္မတဗလာဒီမာပူတင်တို့သည်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ထိပ်သီးအစည်းအ ဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ အိန္ဒိယသည် ရုရှား
ထံမှ အမေရိကန်ဒေါ်လာ ၅.၄၃ ဘီလီယံ တန် ဖိုးရှိသော ရုရှာှး-၄ဝဝ တာဝေးပစ်ဒုံးကျည်များ
ကို ထိုအစည်းအဝေးတွင် ဝယ်ယူရန် စာချုပ် ချုပ်ဆိုလိုက်ရာ အမေရိကန်-အိန္ဒိယ မဟာဗျူ ဟာနှင့်
စစ်ရေးပူးပေါင်းမှုလုပ်ငန်းအား ထိခိုက် စေခဲ့သည်။ အိန္ဒိယ၏ မဟာဗျူဟာအရ ချိန် ခွင် လျှာညှိသည့်
သဘောဖြင့် ရုရှားထံမှ စစ် လက်နက်များ ဆက်လက်ဝယ်ယူသွားမည်ဖြစ် သည်။
.
မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ
အိန္ဒိယအနေဖြင့် အမေရိကန်ထံမှ လက် နက်များ ဝယ်ယူလျက်ရှိသည့် အဓိကဖောက်
သည်ဖြစ်သော်လည်း ယခုအချိန်တွင် ရုရှားထံ မှ လက်နက်(ှ-၄ဝဝ)ဒုံးကျည်များ ဝယ်ယူ လိုက်ခြင်းသည်
အမေရိကန်ထံမှ လက်နက် အများအပြား ဝယ်ယူရေးအစဉ်အလာအား လျော့ပါးသွားစေခဲ့သည်။ှ-၄ဝဝ ဝယ်ယူလိုက်
ရခြင်းသည် မြေပြင်မှ ဝေဟင်ပစ်လက်နက်တစ် မျိုးဖြစ်၍ှ-၄ဝဝ အား ဆက်လက်ဝယ်ယူရန် လက်မှတ်ရေးထိုးကာ
စာချုပ်ချုပ်ဆိုလိုက် သည်။
.
၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် အမေရိ ကန်က ရုရှားအပေါ် စီးပွားရေး
တားဆီးပိတ်ဆို့ မှု အရေးယူမှုဆန့်ကျင် ချမှတ်ခဲ့သည်ကို အိန္ဒိ ယက လိုက်နာခြင်း မပြုဘဲရုရှားထံမှ
ှ-၄ဝဝ ဒုံးကျည်များကို ဝယ်ယူလိုက်ခြင်းဖြစ်သည်။ သို့ ဖြစ်၍ အိန္ဒိယနှင့် ရုရှားသည် အဆင့်မြင့်မိတ်
ဆွေများအဖြစ်သို့ ရောက်ရှိသွားပြီဟု ဆိုရမည် ဖြစ်သည်။ အမေရိကန်က ရုရှား၊ အီရန်နှင့်
မြောက်ကိုရီးယားတို့အား ဆန်ရှင်များချမှတ် ထားပြီှး-၄ဝဝ ထုတ်လုပ်ရောင်းချမှုကို တား
မြစ်ကာ အရေးယူထားခဲ့သည်။ ယင်းဆန်ရှင် ကို အမေရိကန် သမ္မတမှ ပြန်လည်ရုပ်သိမ်းနိုင် သော်လည်း
ယနေ့ထက်တိုင် အဆိုပါ သုံးနိုင်ငံ အပေါ် တားဆီးပိတ်ပင်ထားမှုအား ရုပ်သိမ်း ခြင်းမလိုသေးချေ။
သမ္မတထရမ့်က သတင်း မီဒီယာများအား ပြောကြားရာတွင် အိန္ဒိယ၏ လုပ်ရပ်သည် မကြာမီကာလတွင် ယင်း၏အ
ကျိုးဆက်အား မြင်တွေ့ကာ ခံစားရမည်ဖြစ် သည်ဟုဆိုခဲ့သည်။ ပူတင်နှင့် မိုဒီတို့၏ ဆက် ဆံရေးသည်
အိန္ဒိယနှင့် အမေရိကန်ဆက်ဆံ ရေး ပုံရိပ်အား ထိပါးစေသည်ဟု ဆက်လက် ပြောဆိုခဲ့သည်။
.
ရိုင်ဖယ်ဝယ်ယူမှု ရပ်တံ့မည်
.
ရှေ့လာမည့် နှစ်လသုံးလအကြာတွင် အိန္ဒိ ယသည် ရုရှားထံမှ ကလပ်၌ ရှိနီရိုင်ဖယ်
သေ နတ်များ ဝယ်ယူမှုလို ရပ်တံ့မည်ဟု ရုရှားကာ ကွယ်ရေး အရာရှိများက ထုတ်ဖော်ပြောဆိုသည်
ရုရှားနှင့်အိန္ဒိယသည် ရေနံပိုက်လိုင်း စာချုပ် များ ချုပ်ဆိုထားရာ အမေရိကန် ဒေါ်လာ ၁၂
ဘီလီယံ တန်ဖိုးရှိ ရေနံများကို အိန္ဒိယက ရု ရှားထံမှ ဝယ်ယူခြင်းသည်လည်း စာချုပ်၌ ပါ
ဝင်နေပေသည်။ ထို့အပြင် အိန္ဒိယက ရုရှားထံ မှ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံတန်ဖိုးရှိုောသလ
၃၂၆၁ ရဟတ်ယာဉ်အပေါစားအစီး ၂ဝဝ ဝယ်ယူခြင်း တစ်ဘီလီယံတန်ဖိုးရှိ ကန် ထရိုက်စာချုပ်ဖြင့်
ဗု-၁ဝ၃ ရိုင်ဖယ်များကို အိန္ဒိယတပ်မတော်အတွက် ဝယ်ယူခြင်းလည်းပါ ဝင်ကြသည်။
.
(၂ဝ-၉-၂ဝ၁၈)ရက်နေ့တွင် အမေရိကန် က ရုရှား၏ှ-၄ဝဝ ဒုံးကျည်နှင့်
ှကု့သင-၃၅ တိုက်လေယာဉ်များအား တရုတ်သို့ တင်ပို့နေ ခြင်းကို တားဆီးခဲ့သည်။ အိန္ဒိယက
ရုရှားထံမှ-၄ဝဝ ဒုံးကျည်ဝယ်ယူမှုကို အမေရိကန်မှ ပိတ်ဆို့မှုအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ်
သတ်မှတ်ကြောင်း၊ အိန္ဒိယ၏ အခြေအနေကို နားလည်ကြောင်း ဖော်ပြသည်။ ၂ဝဝဝ ပြည့် နှစ်တွင်
အစပြုခဲ့သည့် တရုတ်-ရုရှား ထိပ်သီး ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အား ကျိုးပေါက်မှု မဖြစ်စေရန်
ထိန်းသိမ်းရေးကို ဇောက်ချလုပ် ဆောင်သွားရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြော ဆိုသည်။ နှစ်ဖက်စလုံးမှ
မဟာဗျူဟာမိတ်ဖက် မပျက်စီးမထိခိုက်စေရဟု ခံယူထားကြောင်း ပြောဆိုနေကြသည်။
.
မဟာဗျူဟာအား နက်ရှိုင်းစွာဆွေးနွေးခြင်း
.
အမေရိကန် ကာကွယ်ရေး ဝန်ကြီးမက်တစ် က အိန္ဒိယ၏ အခြေအနေအား နားလည်၍စာ
နာမိကြောင်း ထုတ်ဖော်ပြောဆိုသည်။ ရုရှား နိုင်ငံဆိုချီမြို့တွင် မေလအတွင်းက ကျင်းပခဲ့
သည့် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲ၌ မိုဒီနှင့်ပူတင် တို့သည် မဟာဗျူဟာကို နက်ရှိုင်းစွာဆွေးနွေး
ခဲ့ကြသည်။ မိုဒီကလည်း ရုရှားသည် တရုတ် နှင့် ဆက်စပ်နေသည်ကို နားလည်သဘော ပေါက်ကြောင်း
မော်စကိုသည် အိန္ဒိယထက် တရုတ်၊ ပါကစ္စတန်တို့နှင့် ပိုမို၍ရင်းနှီးစွာဆက် ဆံခဲ့ကြောင်း
သုံးသပ်သည်။
.
တာလီဘန်သည် အကြမ်းဖက်စစ်သွေးအုပ် စုတစ်ခုဖြစ်ကြောင်း အိန္ဒိယမှပြောဆိုသည်။
ယင်း တာလီဘန်တို့ကို ပါကစ္စတန်က အာဖဂန်နစ္စ တန်-ပါကစ္စတန် နယ်စပ်တစ်လျှောက်တွင်မွေး မြူလာခဲ့သည်။
ယင်းဘာသာရေးအစွန်းရောက် ဂျီဟတ်များကို ထုတ်ကုန်သဘောဖြင့် အိန္ဒိယ သို့ပို့သည်။ အထူးသဖြင့်
ဂျမူးနှင့်ကတ်ရှ်စမီး ယားကို တာလီဘန်အကြမ်းဖက်များနှင့် အိုင် အက်စ်များက တိုက်ခိုက်နေကြသည်။
အိန္ဒိယ နှင့် ရုရှားတို့သည် မကြာသေးမီကာလက တာ လီဘန်နှင့် အာဖဂန်နစ္စတန် ငြိမ်းချမ်းရေးလုပ်
ငန်းစဉ်များနှင့် ပတ်သက်ပြီး သဘောထားကွဲလွဲ မှုများ ဖြစ်ပေါ်ခဲ့သည်။
.
တာလီဘန်နှင့် အမေရိကန်တွေ့ဆုံခြင်း
.
အိန္ဒိယက စိုးရိမ်ခြင်းတွင် ရုရှားသည် ယ ခင်အမေရိကန်လမ်းဟောင်းအတိုင်း
လိုက်၍ အိန္ဒိယအပေါ် ဆက်ဆံလာသည်ဟု သုံးသပ် သည်။ အမေရိကန် ဒုတိယလက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး
အဲလစ်ဝဲလ်သည် ဒိုဟာတွင် တာလီဘန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေး နွေးပြီး အကူအညီစကားများ
ကမ်းလှမ်းခဲ့သည် ဤအချက်သည် မိုဒီနှင့် ပူတင်တို့ကြား စကား ပြောကြရသည့် အချက်ဖြစ်သည်။
.
တရုတ်သည် ပူတင်-မိုဒီထိပ်သီးဆွေးနွေး ပွဲအကြောင်းအား ထူးထွေစွာဝေဖန်ပြောဆိုခြင်း
သုံးသပ်ခြင်းများ မပြုဘဲ ရုရှား-အိန္ဒိယအပေါ် အကောင်းမြင်သဘောထားဖြင့် ရှုမြင်သုံးသပ်
သည်။ အိန္ဒိယသည် အမေရိကန်ဘက်သို့ တ ဖြည်းဖြည်း ယိမ်းယိုင်ကာ ချဉ်းကပ်လာကတည်း က ထိုသဘောထားကို
တရုတ်က ထားရှိခဲ့ခြင်း ဖြစ်သည်။
.
တရုတ်သည် အရှေ့ဥရောပနှင့် ဗဟိုအာရှ ဒေသများအပေါ် သြဇာလွှမ်းမိုးရန်
အားထုတ် လျက်ရှိသည်။ မော်စကိုသည် ယင်းဒေသများ
နှင့် နီးကပ်ဆက်စပ်နေသည်။ အမေရိကန်၊ ဥ ရောပ၊ ဂျပန်နှင့် ရုရှားတို့သည် မပြေမလည်မှု
များဖြင့် စကားများသော်လည်း ရုရှားသည် တ ရုတ်နှင့် နီးကပ်ရန် ကြိုးစားသည်။ တရုတ်အင်
အားကြီးထွားလာလျှင် အိန္ဒိယအား ကြီးကျယ် စွာ အန်တုသွားမည်ဖြစ်သည်။
.
ကုန်သွယ်မှုများ ရာခိုင်နှုန်းမြင့်တက်လာခြင်း
.
ရုရှားသမ္မတပူတင်သည် တရုတ်သမ္မတ ရှီကျင်ဖင်နှင့် ခင်မင်ရင်းနှီးစွာ
ဆက်ဆံသည်။ ရုရှား-တရုတ် ချစ်ကြည်ရေးခိုင်မာမှုသည် နှစ် နိုင်ငံကုန်သွယ်ရေးအား ထိရောက်စွာမြင့်
တက်စေသည်။ ၂ဝ၁၇ ခုနှစ်အတွင်း တရုတ်-ရုရှား ကုန်သွယ်ရေးတန်ဖိုးဒေါ်လာ ၈၇ ဘီလီ ယံရှိခဲ့ရာမှ
ယခုနှစ်တွင် ဒေါ်လာ ၁၃ဝ ဘီလီ ယံအထိ မြင့်တက်လာစေရန် ရည်မှန်းထား သည်။ ရုရှားသည် နှစ်စဉ်နှစ်တိုင်း
တရုတ်သို့ ရေနံတန်ပေါင်း ၅ဝ သန်းကို တင်ပို့ရောင်းချပေး လျက်ရှိသည်။ အိန္ဒိယ-ရုရှားကုန်သွယ်ရေးကို
အပြန်အလှန်အားဖြင့် ၂ဝ၂၅ ခုနှစ်တွင် အမေ ရန်ကန်ဒေါ်လာ ၁၂၅ ဘီလီယံထိ ရင်းနှီးသွား မည်ဟု
မျှော်မှန်းထားကြသည်။
.
ရုရှားသည် တရုတ်-အိန္ဒိယဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်
ပိုမိုကြိုးပမ်း သွားမည်ဟု မျှော်လင့်နေသည်။ ပထဝီနိုင်ငံရေး အနေအထားအရ ဥရောပအာရှ ဖွံ့ဖြိုးရေးအ
တွက် ရုရှား-တရုတ်-အိန္ဒိယ ဝင်ရိုးတန်းသုံးနိုင် ငံ၏ တြိဂံဒေသဆက်ဆံရေး ကွန်ရက်အား ခိုင်မာ
တောင့်တင်းလာစေရန် အားထုတ်နေကြ သည်။
.
.
.
#KBZTai #Shan