လားရှိုးမြို့တွင် အင်အား ၁၅၀၀၀ ကျော်ဖြင့် တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် အင်အား ၁၅၀၀၀ ကျော်ဖြင့် တပ်မတော်၏ ရပ်တည်ချက်များအား ထောက်ခံပွဲ ပြုလုပ်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၉ နာရီခန့်က မြန်မာ့တပ်မတော်အား ချစ်မြတ်နိုးသူများအဖွဲ့မှဦးဆောင် တပ်မတော်၏ ရပ်တည်ချက်များအား ကြိုဆိုထောက်ခံပွဲကို လူအင်အား ၁၅၀၀၀ ကျော်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ကြိုဆိုထောက်ခံပွဲ ပြုလုပ်ရခြင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွက် ဒို့တာဝန်အရေးသုံးပါးနှင့် တိုင်းရင်းသားအားလုံး ပြည်ထောင်စုမှ ထာဝရခွဲမထွက်ဘဲ တန်းတူညီမျှ ပေါင်းစည်းညီညွှတ်စွာဖြင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်ချက်များအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။
.
ယင်းထောက်ခံပွဲသို့ အမျိုးသားရေးသံယာအပါး ၃၀၀၊ လားရှိုး၊ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရယ်မြို့များမှ တိုင်းရင်းသားပြည်သူ ၁၅၀၀၀ ကျော်ပါဝင် တက်ရောက်ခဲ့ကြပြီး လားရှိုးမြို့တော်ခန်းမရှေ့မှ စုဝေးကာ နိုင်ငံတော်အလံများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုံ၊ တပ်မတော် ကြည်း၊ ရေ၊ လေ အလံများကိုင်ဆောင်ကာ ပြည်ထောင်စုကြီး ထာဝရမပြိုကွဲရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒို့တာဝန်အရေးသုံးပါးအား ကာကွယ် စောင့်ရှောက်နေသည့် တပ်မတော်အား အစဉ်ဝန်းရံရေး၊ ပြည်ထောင်စုပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တပ်မတော်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ စသည့် ကြွေးကြော်သံများနှင့်အတူ ပြည်ထောင်စုလမ်းမအတိုင်း ချီတက်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် လားရှိုးမြို့မိုးလုံလေလုံအားကစားရုံကြီးတွင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး လမ်းတစ်လျှောက်တွင် တပ်မတော်အားချစ်မြတ်နိုးသူများမှ သောက်ရေသန့်ဘူးများနှင့် အစားအစာများ ဝေငှခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats