လားရှိုးတွင် မိန်းလမ်းတစ်လျှောက် တစ်ကိုယ်တော် အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခဲ့သူအား ဒေသခံများမှ ချီးကျူး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးတွင် မိန်းလမ်းတစ်လျှောက် တစ်ကိုယ်တော် အမှိုက်ကောက်သန့်ရှင်းရေး ပြုလုပ်ခဲ့သူအား ဒေသခံများမှ ချီးကျူး



လင်းလင်း (လားရှိုး)၊ ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက လားရှိုးမြို့၊ မိန်းလမ်းတစ်လျှောက်တွင် တစ်ကိုယ်တော် အမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်ခဲ့သည့် အမျိုးသားတစ်ဦးအား လားရှိုးဒေသခံများမှ ချီးကျူးဂုဏ်ပြု ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ အမှိုက်ကောက် သန့်ရှင်းရေး ပြုလုပ်ခဲ့သည့် အမျိုးသားမှာ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး တစ်ဦးဖြစ်ပြီး မြို့တော်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တတ်အားသမျှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော် ဒီလားရှိုးမြို့မှာ ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိ ၄ နှစ်လောက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်မှာတာဝန် ထမ်းဆောင်စဉ်က နေခဲ့ဖူးပါတယ်။ တပ်မတော်က အငြိမ်းစားယူပြီးနောက် နယ်ဘက် လုပ်ငန်းတွေမှာ ထမ်းဆောင်ရင်း အခုလားရှိုးမြို့ကို ပြန်ရောက်လာတာပါ။ မိန်းလမ်းမကြီးဘေးမှာရှိတဲ့ အမှိုက်တွေကိုအဓိက ကောက်တာပါ။ မနကက် ကျွန်တော့်မိတ်ဆွေတစ်ယောက် ပိုက်ဆံအိတ် ကျပျောက်သွားတာ စည်ပင်ဝန်ထမ်းတစ်ဦးက ကောက်ရထားတယ်ဆိုပြီး ကျွန်တော့်မိတ်ဆွေကို ပြန်ပေးခဲ့ ပါတယ်။ ဒါနဲ့ အဲဒီစည်ပင်ဝန်ထမ်း ကိုတင့်နိုင်ကို မင်းရဲ့ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ရပ်ကွက် (၁၀) နမ္မတူလမ်းခွဲ ကနေ လားရှိုးတက္ကသိုလ်ရှေ့အထိ အမှိုက်တွေကို လိုက်ကောက်မယ်ဆိုပြီးတော့ ကောက်ဖြစ်သွားတာပါ။ မြို့သူမြို့သားတွေအနေနဲ့လည်း မိမိတို့ရဲ့ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ထိန်းသိမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းလိုပါတယ်''ဟု တစ်ကိုယ်တော် အမှိုက်ကောက်ခဲ့သည့် ဦးစိုးထူးငြိမ်းက ပြောသည်။
.
ထိုသို့ ဆောင်ရွက်ခဲ့ခြင်းအပေါ်ရှမ်းမြောက်၏ဒေသခံများနှင့် လားရှိုးဒေသခံများက မွန်မြတ်သောလုပ်ဆောင်မှု တစ်ခုဖြစ်သလို လူငယ်များအတွက် စံနမူနာယူသင့်သည့်၊ အတုယူသင့်သည့်လုပ်ဆောင်မှု တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။
.
ဦးစိုးထူးငြိမ်းသည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးနောက် လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် အားလပ်ချိန်များ၌ မိမိသဘောဆန္ဒအလျောက် မြို့တော်သန့်ရှင်းလှပရေးအတွက် တတ်အားသမျှဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats