ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၏ နာရေးလမ်း ဆိုးရွားစွာ ပျက်စီးနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၏ နာရေးလမ်း ဆိုးရွားစွာ ပျက်စီးနေ


ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ ကုတင် ၂ဝဝ ဆံ့အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသွားသည့် ကြွင်းကျန်ရုပ်ကလာပ်များ ကိုထားရှိသည့် ရင်ခွဲရုံမှ သင်္ဂြိုဟ်ရန် အတွက် သယ်ဆောင်သည့် မြေသား လမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသဖြင့် ပြုပြင်ရန် လိုအပ်နေကြောင်း ကျိုင်း တုံဒေသခံများထံမှ သိရသည်။
.

.
ယင်းပျက်စီးနေသည့် မြေသား လမ်းမှာ အရှည် ၁ ဖာလုံခန့် ရှိပြီး မိုးရာသီတွင် ပိုမို၍သွားလာရန်ခက် ခဲကာ ခြောက်သွေ့ရာသီများတွင်လည်း လမ်းမညီညာသော ချိုင့်ခွက် များကြောင့် နာရေးရှင်များ၊ ဆွေမျိုး များ၊ အသုဘရှု  တရားနာလိုက်ပါပို့ ဆောင်ပေးသူများနှင့် ပရဟိတအ သင်းများအတွက် သွားလာရေးခက်ခဲ လျက်ရှိကြောင်း သိရသည်။
.
အဆိုပါ လမ်းပျက်စီးမှုနှင့် ပတ် သက်၍ ကျိုင်းတုံမြို့နယ် စည်ပင်သာ ယာရေးဌာန၊ အင်ဂျင်နီယာဌာနခွဲ တာဝန်ခံဦးမြင့်ကျော်သူက ''ဆေးရုံ ကြီးရဲ့ဘတ်ဂျက်ထဲမှာထည့်တောင်း ခံဆောင်ရွက်နိုင်တယ်လို့ အကြံပြု ထားခဲ့ဖူးပါတယ်။ နာရေးကိစ္စအတွက် အသုံးပြုနေတဲ့ လမ်းဆိုတော့ ပြုပြင် ဖို့လိုအပ်ပါတယ်''ဟု ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
''ပိုင်ရှင်မဲ့ အလောင်းဆိုရင် လည်း ကျွန်တော်တို့အသင်းရဲ့ ကားနဲ့ အလောင်း သယ်ရတာ ရှိပါတယ်။ လမ်းကဆိုးတော့ အဆင်မပြေပါဘူး။ ဒီလမ်းရဲ့ အခြေအနေကို ဆေးရုံ၊ ရင် ခွဲရုံကနေ နာရေး ပို့ဖူးတဲ့ သူတိုင်း သိနေပါတယ်။ အနည်းဆုံးကတော့ ကျောက်ခင်းလမ်း ကောင်းကောင်း ဖြစ်စေချင်ပါတယ်''ဟု  ကျိုင်းတုံမြို့ရှိ ပရဟိတနာရေးကူညီမှုအသင်းမှ ဦး စိုင်းမြတ်က ¤င်း၏အမြင်ကို ပြော သည်။
.
ကျိုင်းတုံမြို့၊ ကုတင် ၂ဝဝ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေး ရုံကြီးသည် ယခင်က အမှတ် (၃) ရပ်ကွက်၊ ပါလျှံလမ်းရှိ လက်ရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး နေရာမှ ၂ဝဝ၂ ခုနှစ်တွင် ဆေးရုံ သစ် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ပြီး ယခုတိုင် ဆေးရုံကြီးနှင့်ဆက်စပ် နေသော သူနာပြုသင်တန်း ကျောင်း လမ်းနှင့် ရင်ခွဲရုံနာရေးသယ်ယူသည့် လမ်းတို့မှ ဆိုးရွားစွာပျက်စီးနေခြင်း ဖြစ်သည်ဟု သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats