ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
မြန်မာနိုင်ငံ၏ အထင်ကရပွဲတော် ဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီး
တန်ဆောင်တိုင်ပွဲတော်အား နိုဝင် ဘာလ ၁၄ ရက်မှ ၂၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
လျက်ရှိရာ မီးပုံးပျံပြိုင်ပွဲအပါအဝင် ပြိုင်ပွဲပေါင်းစုံအတွက် ဆုငွေ ၉၄၉ ဒသမ ၈ သိန်းကျပ်ကို
ချီးမြှင့် ပေး အပ်သွားမည်ဖြစ်ကြောင်း တောင် ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ
ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ သိရ သည်။
.
.
''ဒီနှစ်မှာတော့ ဆုတွေ တိုး လာပါတယ်။ ညမီးကြီးအတွက် မ နှစ်ကလည်း
တစ်ခါ တိုးပေးတယ်။ ဒီနှစ်မှာလည်း ထပ်တိုးလာတယ်။ ဒီနှစ်မှာ ၅ သိန်း တိုးလာပါတယ်။ မီးပုံးပျံသမားတွေ
သူတို့ရဲ့ အခက် အခဲ၊ တောင်းဆိုကြတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ ကော်မတီကနေ
တောင်းဆိုတင်ပြ ပေးခဲ့တာပါ။ ဒီနှစ်မှာ မီးပုံးပျံသမား တွေ တောင်းဆိုမှု မပြုလုပ်ကြပေ
မဲ့ ကုန်ဈေးနှုန်းတွေ တက်လာတဲ့ အတွက် ဆုကို တိုးမြှင့်ပြီးတော့ပေး တာ ဖြစ်ပါတယ်'' ဟု
တန်ဆောင် တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲ ကျင်း ပရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာ သန်းဝင်းက
ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။ တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်၏ အဓိက ပြိုင်ပွဲဖြစ်သော
မီးပုံးပျံ ပြိုင်ပွဲဖြစ်သည့် ညမီးကြီး မီးပုံးပျံများအတွက် ပထမဆု ကျပ် သိန်း ၇ဝ၊ ဒုတိယဆု
၅၄ ဒသမ ၅ သိန်း၊ တတိယဆု ကျပ် ၄၉ သိန်း၊ စတုတ္ထဆု၊ ၄၃ ဒသမ ၅ သိန်း၊ ပဉ္စမဆု ကျပ် ၃၃ သိန်းနှင့်
ဂုဏ်ပြုဆု ၅ ဆုအတွက် ၁ဝ၅ဝဝဝ ကျပ်စီ၊ နှစ်သိမ့်ဆု ၇၈ ဆုအတွက် ကျပ် ၃ သိန်းစီ စုစုပေါင်း
ငွေကျပ် ၅၂၄ သိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ စိန်နားပန် အမျိုးအ စား မီးပုံးပျံပြိုင်ပွဲအတွက် ပထမဆု
ငွေကျပ်သိန်း ၃ဝ၊ ဒုတိယဆု ၂၄ ဒသမ ၅ သိန်း၊
တတိယဆု ၂၂ သိန်း၊ စတုတ္တဆု ၁၈ ဒသမ ၅ သိန်း၊
ပဉ္စမဆု ၁၄ သိန်း၊ ဂုဏ်ပြုဆု ၅ ဆုအတွက် ၄ ဒသမ ၅ သိန်း ကျပ်စီနှင့် နှစ်သိမ့်ဆု ၂၉ ဆု
အတွက် ငွေကျပ် တစ်သိန်းစီ၊ စုစု ပေါင်း ငွေကျပ် ၁၆ဝ ဒသမ ၅ သိန်း ချီးမြှင့်ပေးအပ်သွားမည်
ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် နေ့လွှတ်အရုပ် အုပ် စုပြိုင်ပွဲ၊ နေ့လွှတ်အရုပ် ခြေ ၄ ချောင်းပြိုင်ပွဲ၊
ခြေ ၂ ချောင်းပြိုင်ပွဲ၊ မီးပဒေသာ ပြိုင်ပွဲ၊ မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပြိုင်ပွဲ၊
ဖွင့်ပွဲ/ပိတ်ပွဲ တေးသီချင်းပြိုင်ပွဲ၊ စာပေဆိုင်ရာ ပြိုင်ပွဲများမှ ဆုရရှိသူများကိုလည်း
အများဆုံး ကျပ်သိန်း ၂ဝ မှ အ နည်းဆုံး ကျပ် ၃ သောင်းအထိ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ တောင်ကြီးတန်ဆောင် တိုင်ပွဲတော် ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်း
အနားကို ပွဲတော်ကျင်းပရာ အဝေရာ မီးပုံးပျံကွင်အတွင်း၌ လာမည့် နိုဝင် ဘာလ ၂၃ ရက်၊ ညနေပိုင်းတွင်
ပြု လုပ်၍ ဆုရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူ များက
ချီးမြှင့်ပေးအပ်သွားမည် ဖြစ်သည်။
.
.
.
#KBZTai #Shan