ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တွင် မော်တော်ယာဉ် ရောင်း/ဝယ်လို
သူများအတွက် သီးခြားနေရာတစ်ခု သတ်မှတ်ပေးထားခြင်း မရှိသည့် အတွက် နေရာတစ်ခုကို အတည်ပြု
သတ်မှတ်ပေးရန် လိုအပ်နေကြောင်း တောင်ကြီးမြို့ဒေသခံ မော်တော် ယာဉ် အကျိုးဆောင်များနှင့်
မော် တော်ယာဉ် ရောင်းဝယ်လိုသူများ ထံမှ သိရသည်။
.
.
''ကား အရောင်း/အဝယ် လုပ် ဖို့နေရာတစ်ခုကို အတည်ပြုသတ် မှတ် ပေးစေချင်ပါတယ်။
ဘာကြောင့် လဲဆိုတော့ အခု တောင်ကြီးမြို့မှာ ကားပွဲစားတန်းအနေနဲ့ အတည်တ ကျ သတ်မှတ်ထားတဲ့နေရာ
မရှိ သေးပါဘူး။ ကားရောင်းချင်တဲ့လူ ဖြစ်ဖြစ် ဝယ်ချင်တဲ့လူဖြစ်ဖြစ် အ တည်တကျ သတ်မှတ်ထားတဲ့
နေ ရာ တစ်ခု မရှိတော့ ဝယ်ရောင်းကိစ္စ တွေမှာ သိပ်ပြီး အဆင်မပြေဘူး။ နေ ရာတစ်ခု အတည်တကျသတ်မှတ်
ပေးခဲ့မယ်ဆိုရင်တော့ ရောင်းရဝယ် ရတာ အားလုံးအတွက် အဆင်ပြေ သွားနိုင်မယ်လို့ ထင်ပါတယ်။''ဟု
တောင်ကြီးမြို့မှ မော်တော်ယာဉ်အ ကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ကိုစိုင်းတီးက ကမ္ဘောဇတိုင်းသို့
ပြော ကြားခဲ့သည်။
တောင်ကြီးမြို့တွင် မော်တော်ယာဉ် ရောင်းဝယ်ရန်အတွက် သီး ခြားနေရာ
သတ်မှတ်ပေးထားခြင်း မရှိသော်လည်း အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း အရှေ့ ဘက်ရှိ
မြို့ပတ်လမ်းပေါ်နှင့် ဗိုလ်ချုပ် ပန်းခြံ ဝန်းကျင်၊ လက်ဆင့်ကမ်း မြင်းရုပ်ဝန်းကျင်
နေရာတို့တွင်အ ရောင်းအဝယ် ပြုလုပ်နေလျက်ရှိ သည်။
.
''ကျွန်တော့် လက်ထဲက ကား တစ်စီး အရောင်းအဝယ်လုပ်ချင် တယ်။ နေရာအတည်တကျသတ်
မှတ်ပေးထားတာ မရှိတော့ ဘယ်ကို သွားရောင်းရမလဲမသိဘူး။ ဝယ်ချင် တယ်ဆိုရင်လဲ လိုက်ပြီးစုံစမ်းနေရ
တယ်။ နေရာတစ်ခု အတည်တကျ သတ်မှတ်ပေးခဲ့ရင်တော့ အားလုံးအ တွက်အဆင်ပြေတာပေါ့''ဟု တောင်ကြီးမြို့ဒေသခံ
ကိုသားပုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ရှိ မော်တော်ယာဉ် ဈေးကွက်တွင် လိုင်စင်မဲ့ယာဉ် ဈေး
ကွက်သာ အရောင်း/အဝယ် ဖြစ်နေပြီး လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူများ နစ်နာမည်ကို
မလိုလား၍ အစိုးရအနေဖြင့် အရေးယူရန် မ ဆောင်ရွက်သေးပါကလည်း လိုင်စင် မဲ့ယာဉ် တိုးပွားနိုင်ခြင်း
မရှိလာစေ ရန်အတွက် လိုင်စင်မဲ့ယာဉ်အကျိုး ဆောင် (ပွဲစား)များအပေါ် ထိန်းချုပ် ရန်လိုအပ်နေကာ
အချို့သော လိုင်စင် မဲ့ယာဉ် ပွဲစားများအနေဖြင့် တရား ဝင်ကဲ့သို့ပင် ဆောင်ရွက်နေလျက်
ရှိကြောင်းကိုလည်း သိရသည်။
.
.
.
#KBZTai #Shan