စိုင်းကွမ်းမိုင်း
.
၂၉-၁ဝ-၂ဝ၁၈ ရက်တွင် သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ Australian
Security Intelligence Organiztion(ASIO) ညွှန်ကြား ရေးမှူးချုပ် ဒန်ကင်လူးဝစ်က သြစတြေးလျ
နိုင်ငံတွင်းသို့ ပြည်ပစပိုင်များ လျှို့ဝှက် စိမ့်ဝင် မွှေနှောက်၍ ကြုံဖူးဖွယ်ရာ မရှိသေးသော
နှောင့်ယှက်စွက်ဖက်မှု အမျိုးမျိုးဖြင့် တွေ့ကြုံ နေရသည်ဟု သတိပေးပြောဆိုခဲ့သည်။ သြစတြေးလျနိုင်ငံတွင်
ပြည်ပစပိုင်များသည် ဆယ်စုနှစ်လေးခုကျော်ကပင် လျှို့ဝှက်စွာ စွက်ဖက်နေ ခြင်းဖြစ်ပြီး
သြစတြေးလျနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်စိုးမှုကို ထိုးနှက်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း
မစ္စတာဒန်ကင်လူးဝစ်က သတိပေးပြောဆိုသည်။
.
.
ထိပ်တန်းလျှို့ဝှက်ချက်များ
.
သြစတြေးလျနိုင်ငံသည် ဆိုက်ဘာတိုက် ခိုက်မှုနှင့် ဟက်ကင်ဖောက်ထွင်းမှုဒဏ်များကို
အများဆုံးတွေ့ကြုံနေရပြီး အဆိုးဆုံးသည် လျှို့ဝှက်စပိုင်များသည် နိုင်ငံခြားတိုင်းပြည်များတွင်
လုပ်ကြံသတ်ဖြတ်မှုများကို ဇက်ရဲလက်ရဲ ဖြင့် လုပ်ကြံသတ်ဖြတ်နေကြခြင်းဖြစ်ကြောင်း သြစတြေးလျနိုင်ငံအား
သိက္ခာကျဆင်းစေရန် သတင်းမှားများကိုလည်း နည်းလမ်းအမျိုးမျိုး သုံးစွဲကာ ထုတ်လွှင့်နေကြပြီး
နိုင်ငံရေးပါတီများသို့ မသိမသာဖြစ်စေ၊ သိသိသာသာဖြစ်စေ နေရာအမျိုးမျိုးကို ငွေကြေးများစွာပေးကာ
ဝင်ရောက်နိုင်ရေးအတွက် ဝယ်ယူနေကြသည့် ပြည်ပစပိုင်များ ရှိနေကြောင်း၊ ယခုလက်ရှိအခြေ
အနေသည် စစ်အေးကာလကထက်ပင် ထောက်လှမ်းရေးကိစ္စရပ်များသည် ပိုမိုဆိုးရွား လာနေကြောင်း စသည်ဖြင့်
သြစတြေးလျ ထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒန် ကင်လူးဝစ်မှ အလေးထားကာ ပြောဆိုသည်။
ထို့ပြင် သြစတြေးလျအမျိုးသား လုံခြုံရေး ကောလိပ်မှ ပါမောက္ခသုတေသနမှူး
ရိုရီမက် ကက်ကလည်း ထောက်လှမ်းပုံများသည် လျင်မြန်စွာ ပြောင်းလဲလာနေကြောင်း တရုတ်နှင့်
ရုရှားနိုင်ငံတို့သည် သြစတြေးလျ နိုင်ငံတွင်ရှိသည့် နိုင်ငံရေးပါတီများအား ရန်ပုံငွေများကို
မြောက်များစွာ လှူဒါန်းပေးအပ်ပြီး ထိုမှတစ် ဆင့် နိုင်ငံတော်၏ ထိပ်တန်းလျို့ဝှက်ချက်များကို
နှိုက်ယူလျက်ရှိနေကြောင်း သတိပေးပြောဆိုသည်။
.
ပွင့်လင်းစွာဆိုရလျှင် သြစတြေးလျတွင်ရှိ သည့် ပြည်ပသံရုံးများနှင့်
ကောင်စစ်ဝန်ရုံးများ တွင် ယင်းတို့၏ လျှို့ဝှက်ထောက်လှမ်းရေး အ ရာရှိများကို သံတမန်အသွင်အပြင်ယူစေပြီး
လက်သပ်မွေးမြူထားကြခြင်းပင် ဖြစ်သည်ဟု ပါမောက္ခသုတေသီ မစ္စတာမက်ကက်က ထောက်ပြခဲ့သည်။
.
စပိုင်မွေးမြူမှု
.
ဤကဲ့သို့ စပိုင်မွေးမြူမှုသည် ထူးဆန်း သော အနေအထားမဟုတ်ကြောင်း၊
ဤပုံစံအ တိုင်းပင် လက်တွေ့ ကျင့်သုံးလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်မှုတွင်
တရုတ်နိုင်ငံသည် တက်ကြွမှုအရှိဆုံးဖြစ်ပြီး ရုရှားသည် ဒုတိယအတက်ကြွဆုံးဖြစ်ကြောင်း မစ္စတာမက်ကက်ကပြောဆိုသည်။
.
အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အနောက်ကမ္ဘာရှိ နိုင်ငံခြားရေးပေါ်လစီ
ရေးဆွဲချမှတ်သူများ အပေါ်တွင်လည်းကောင်း နိုင်ငံခြားရေး မူဝါဒများအပေါ်တွင်လည်းကောင်း
လွှမ်းမိုးကာချုပ်ကိုင်ထားမှုသည် စံတင်လောက်သော သက်သေသက္ကာရဖြစ်သည်ဟု မက်ကက်ကဖြည့်စွက်ကာပြောဆိုသည်။
.
ထို့ပြင် သြစတြေးလျနယ်စပ်လုံခြုံရေး အစီအစဉ်ညွှန်ကြားရေးမှူး ဒေါက်တာဂျွန်ကွိုင်းက
အနောက်ကမ္ဘာ၏ စွမ်းဆောင်နိုင်မှု ကင်းမဲ့သည့် ပျော့ကွက်ဟာကွက်များကြောင့် တရုတ်နှင့်ရု
ရှားကဲ့သို့သော အာဏာရှင်ဆန်ဆန် အစိုးရများသည် အတိုင်းအဆမဲ့စွာ အတင့်ရဲလာခြင်းဖြစ်ကြောင်း
ဝေဖန်သုံးသပ်ထားသည်။
.
၂ဝဝဝ ပြည့်လွန်နှစ်အစပိုင်းများကဆိုလျှင် ဗြိတိန်နိုင်ငံတွင် ရုရှားနိုင်ငံသားနှစ်ဦးရှိလျှင်
တစ်ဦး၌ ဓာတုအဆိပ် လက်နက်ကို လျှို့ ဝှက်စွာ ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးသည် ရေဒီယိုသတ္တိကြွစေသည့်
အဆိပ်လက်နက်ကို လျှို့ဝှက်စွာကိုင်တွယ်ထားသူဖြစ်နေကြောင်း ဒေါက်တာဂျွန်ကွိုင်းကသုံးသပ်ပြောဆိုသည်။
သူသည် အမှန်တကယ် တွေ့ကြုံခံစားနေရ သည့် အခြေအနေအမှန်ကို ပြောဆိုနေခြင်းဖြစ် ပြီး စိတ်ကူးယဉ်ဂျိမ်းဘွန်းဇာတ်လမ်းအား
ပြော ပြနေခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
.
ဥပမာအားဖြင့် မြောက်ကိုရီးယားအာဏာရှင်အစိုးရစပိုင်များသည် ၄င်းတို့၏
နိုင်ငံသား တစ်ဦး လေဆိပ်တစ်ခုတွင် အဆိပ်ဓာတ်ငွေ့ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်ကို မယုံကြည်၍
မရနိုင်ကြောင်း ဒေါက်တာဂျွန်ကွိုင်က ထောက်ပြ ပြောဆိုသည်။ သြစတြေးလျအမိမြေတွင်လည်း စိမ့်ဝင်လာသည့်
ပြည်ပလျှို့ဝှက်စပိုင်များသည် ထိုကဲ့သို့ အဆိပ်ဓာတ်ငွေ့များသုံးစွဲ၍ လုပ်ကြံ သတ်ဖြတ်မှုများ
ပြုလုပ်လာနိုင်ကြောင်း ¤င်းက ဝေဖန်သုံးသပ်ကာ သတိပေးထားသည်
.
အဂတိလိုက်စားမှု
.
စက်တင်ဘာလလယ်ပိုင်းတွင် အင်တာပို အကြီးအကဲ မင်ဟာဝေသည် ဘေဂျင်းမြို့သို့
လာရောက်လည်ပတ်စဉ် တရုတ်အာဏာပိုင် များက ၄င်းအား ပြန်ပေးဆွဲကာ ဖမ်းဆီးခဲ့သည်။ မင်ဟာဝေ၏
ဇနီးက ၄င်း၏ခင်ပွန်းသည် အသတ်ခံရဖွယ်ရှိကြောင်း စိုးရိမ်ခဲ့သည်။ သို့သော် နောက်ပိုင်း
ထွက်ပေါ်လာသော သတင်းများအရ မင်ဟာဝေကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားကြောင်း
တရုတ်အာဏာပိုင်များမှ သတင်းထုတ်ပြန်သည်။ မင်ဟာဝေသည် တရုတ်နိုင်ငံသားတစ်ဦးဖြစ်သည်။
.
ထို့ပြင် ဆော်ဒီအာဏာပိုင်များသည် ၄င်း ၏ နိုင်ငံသားဂျမားဂျမားကာရှိုဂီကို
တူရကီနိုင်ငံ ရှိ ဆော်ဒီကောင်စစ်ဝန်ရုံး အတွင်း ဖမ်းဆီး၍ အပိုင်းပိုင်းအပြတ်ပြတ် ခုတ်ထစ်ကာ
လုပ်ကြံ သတ်ဖြတ်ခဲ့မှုမျာလည်း ဆော်ဒီအစိုးရမှ ၄င်း၏ နိုင်ငံသားကိုပင်ပြန်၍ သတ်ဖြတ်ခြင်းစသည်တို့
သည် ပြောင်းလဲလာသည့် ခြိမ်းခြောက်မှုပင်ဖြစ် ကြောင်း နိုင်ငံရေးသုတေသနပညာရှင်များက သုံးသပ်ထားသည်
.
ဇက်ရဲလက်ရဲကျူးလွန်လာကြခြင်း
.
အတိုက်အခံနိုင်ငံရေးသမားများကို ပြည်ပနိုင်ငံများတွင် ထိုသို့ လုပ်ကြံသတ်ဖြတ်မှုများသည်
ဆိုဗီယက်နှင့် နာဇီအာဏာရှင်တို့မှ အများဆုံးကျူးလွန်ခဲ့သည့် အစဉ်အလာများရှိလာခဲ့ကြရာ
ထိုသို့သော ရာဇဝတ်မှုများကို နိုင်ငံတကာမှ တုံ့ပြန်အရေးယူဆောင်ရွက်မှုလွန်စွာ အားနည်းနေသောကြောင့်
ယနေ့အချိန်ကာလ ၌ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားစသည့် အာဏာရှင်ဆန်ဆန် အစိုးရများမှာ
လုပ်ကြံ သတ်ဖြတ်မှု၊ ပြန်ပေးဆွဲဖမ်းဆီးမှု များအား ဇက် ရဲလက်ရဲကျူးလွန်လာကြခြင်းဖြစ်ကြောင်း
နိုင်ငံ ရေးလေ့လာသုံးသပ်သူများက ဝေဖန်ထောက် ပြကြပေသည်။
.
ထို့ပြင် ဗြိတိန်နိုင်ငံ ဆာလစ်ဗြူရီမြို့တွင် ရုရှားစပိုင်ဟောင်း
ဆောဂေစခရိပဲလ်နှင့် သမီး ဖြစ်သူ ယူလီယာတို့ကို ရုရှားစစ်ထောက်လှမ်းရေး အဖွဲ့ဝင်နှစ်ဦးတို့က
နိုဗီချောက်အဆိပ်ဖြင့် လုပ် ကြံသတ်ဖြတ်ရန်ကြံစည်ခဲ့မှုကိုလည်း အများက သိရှိပြီးဖြစ်သည်။
အတိုက်အခံနိုင်ငံရေးသမား များကို ပြည်ပမြေပေါ်တွင် လုပ်ကြံသတ်ဖြတ် မှုသည် ၂၁ ရာစု၏ နိုင်ငံတကာယဉ်ကျေးမှုတစ်
ခုသဖွယ် ထွန်းကားလာသော ခြိမ်းခြောက်မှုပုံ စံသစ် ဗျူဟာတစ်ရပ် ဖြစ်ပေါ်လာကြောင်း သြ စတြေးလျထောက်လှမ်းရေးအဖွဲ့
ညွှန်ကြားရေး မှူးချုပ် ဒန်ကင်လူးဝစ်က သတိပေးပြောဆို သည်။ ထို့ပြင် ယူကရိန်းနိုင်ငံအရှေ့ပိုင်း
ကောင်းကင်ယံ၌ မလေးရှားခရီးသည်လေယာဉ် အား ပဲ့ထိန်းဒုံးကျည်ဖြင့် ပစ်ချခဲ့ရာ လူသား ပေါင်းရာချီ၍
သေဆုံးခဲ့ရသည်။ ယင်းဖြစ်ရပ် သည် ရုရှားတပ်ဖွဲ့များ၏ လက်ချက်ဖြစ်ကြောင်း မကြာမီက စုံစမ်းဖော်ထုတ်နိုင်ခဲ့ရာ
ရုရှားနှင့် မြောက်ကိုရီးယားတို့သည် လုပ်ကြံသတ်ဖြတ်မှု တွင် အလားတူ ဇက်ရဲလက်ရဲရှိလှကြောင်း
မစ္စ တာဒန်ကင်လူးဝစ်မှ ဝေဖန်ထောက်ပြထား သည်။
.
အာဏာရှင်ဆန်နိုင်ငံများ
.
ထိုကဲ့သို့ ရာဇဝတ်မှုများ ကျူးလွန်နေသော အာဏာရှင်ဆန်ဆန် နိုင်ငံများအပေါ်
နိုင်ငံတ ကာ၏ တုံ့ပြန်အရေးယူမှု သည် ထိရောက်မှုမရှိ ကြောင်း ¤င်းနိုင်ငံများအပေါ် အရေးယူပိတ်ဆို့
မှုအနည်းငယ်ချမှတ် လိုက်ရုံဖြင့်သာ ပြီးဆုံး သွား လေ့ရှိကြောင်း မစ္စတာဒန်ကင်မှ ဝေဖန်ပြောဆို
သည်။ ယင်းနိုင်ငံများသည် အရေးယူခံရခြင်း မရှိ၍ လွတ်မြောက်လျက်ရှိသည်။ ရုရှားတို့သည်
ပြည်ပနိုင်ငံတစ်ခုအပေါ် ဝင်ရောက်စွက်ဖက်ရာ တွင် အချိန်တိုတို အတွင်း၌ပင် ဖျက်အားပြင်းသည့်
အဖျက်အမှောင့်လုပ်ငန်းများကိုသာ ဦး စားပေးဆောင်ရွက်ပြီး တရုတ်တို့သည် မဟာဗျူဟာမြောက်အဖျက်အမှောင့်လုပ်ငန်းဖြင့်
အချိန်ရှည်ကြာသည့် စွက်ဖက်မှုများကို လုပ်ဆောင်ခဲ့ကြသည်။ စွက်ဖက်မှုများကို မဟာဗျူ ဟာချမှတ်၍
သေချာကျနသော လုပ်ငန်းများ ကို ဆောင်ရွက်လေ့ရှိကြောင်း ဆက်လက်ပြော ဆိုသည်။
.
တရုတ်အာဏာပိုင်များသည် ယင်းတို့၏ လျှို့ဝှက်စပိုင်တစ်ဦးချင်းစီကို
အသွင်အမျိုးမျိုး ယူစေပြီး ချက်ချင်းလက်ငင်းမပြုလုပ်ဘဲ ရေ ရှည်ကာလ၌ တရုတ်အကျိုးစီးပွားများအတွက်
ထုတ်နုတ်ယူသည့် မဟာဗျူဟာကို ကျင့်သုံးလေ့ ရှိသည်ဟု သိရှိရသည်။ ထိုကဲ့သို့သော တရုတ်
တို့၏ မဟာဗျူဟာကို ဟန့်တားပိတ်ဆို့ရန် အ ရေးသည် လွန်စွာခက်ခဲကြောင်း အပေါ်ယံတွင် သာဖြစ်ပျက်နေခြင်းမဟုတ်ဘဲ
အတွင်းပိုင်းကျ ကျ၌ အချိန်ရှည်ကြာစွာ လှိုက်စားနေသည့်အ တွက် ဖြစ်ကြောင်း ဒန်ကင်က ထောက်ပြခဲ့
သည်။
.
၂ဝ၁၈ မေလတွင် သြစတြေးလျထောက် လှမ်းရေး ညွှန်ကြားရေးမှူးချုပ် မစ္စတာဒန်ကင်
က ဆီးနိတ်လွှတ်တော်၌ နိုင်ငံခြားတိုင်းပြည် အများစုသည် ယင်းတို့၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်
သြစတြေးလျတွင် နိုင်ငံရေး နှင့် စီးပွားရေး၊ လူမှုရေးနယ်ပယ်တို့၌ ထင်ရှား ကျော်ကြားသည့်
ပုဂ္ဂိုလ်များကို ငွေကြေးမက် လုံးများစွာပေး၍ စည်းရုံးဆွဲဆောင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း
ဖွင့်ဟကာ မိန့်ခွန်းပြောခဲ့သ ဖြင့် သြစတြေးလျနိုင်ငံရေးလောက တစ်ခုလုံး ပင် လှုပ်ခတ်သွားခဲ့သည်။
ထိုသို့ ထင်ရှားသည့် ပုဂ္ဂိုလ်များကို ဆွဲဆောင်စည်းရုံးမှုသည် အပေါ် ယံမှကြည့်လျှင် အန္တရာယ်မရှိနိုင်သော်လည်း
ရေရှည်တွင် တဖြည်းဖြည်းချင်းနှင့် နိုင်ငံခြား တိုင်းပြည်များသည် သြစတြေးလျနိုင်ငံအကျိုး
စီးပွားများအား လှိုက်စားသွားမည်သာဖြစ် ကြောင်း မစ္စတာဒန်ကင်လူးဝစ်မှ သတိပေးပြော ဆိုခဲ့သည်။
နိုင်ငံတော်၏ ထိပ်တန်းလျို့ဝှက် ချက်များပေါက်ကြားခဲ့ပါလျှင် တည်ဆဲဥပဒေ နည်းဥပဒေများဖြင့်
ပြင်းထန်စွာအရေးယူခံရမည် ဖြစ်ကြောင်း ထင်ရှားသည့် ပုဂ္ဂိုလ်များကို မစ္စ တာဒန်ကင်မှ သွယ်ဝိုက်၍သတိပေးခဲ့သည်။
.
အထူးသဖြင့် အာဏာရှင်နိုင်ငံများ(ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား)မှ
ပုဂ္ဂိုလ်များသည် သြစတြေးလျ လူထုခေါင်းဆောင် များ၊ ပါတီ ခေါင်းဆောင်များ၊ သတင်းဂျာနယ်မီဒီယာများ၊
အစိုးရထိပ်သီး ခေါင်းဆောင်များ၊ အရာရှိကြီး များ၊ သြစတြေးလျတွင် ခိုလှုံလျက်ရှိနေကြသည့်
နိုင်ငံခြားသား ပြည်ပြေးအဖွဲ့ခေါင်းဆောင်များ ကို မက်လုံးအမျိုးမျိုးပေး၍ စည်းရုံးဆွဲဆောင်
ကာ သြစတြေးလျအကျိုးစီးပွားများကို လှိုက် စားနိုင်ရန် ကြိုးပမ်းအားထုတ်နေကြကြောင်း မစ္စတာဒန်ကင်က
ဖွင့်ချခဲ့သည်။
.
ဥပဒေသစ်ပြဌာန်းခြင်း
.
မကြာမီကပင် သြစတြေးလျဆီးနိတ်လွှတ် တော်သည် နိုင်ငံခြားသားစပိုင်များကို
ဖော် ထုတ်စစ်ဆေးတွေ့ရှိပါက ပြင်းထန်စွာအပြစ် ဒဏ်ချမှန်ရန် ဥပဒေသစ် ပြဌာန်းခဲ့သည်။ ဆီး
နိတ်လွှတ်တော်အမတ်ဟောင်းနှင့် လေဘာပါ တီဝင်ဟောင်း ဆမ်ဒက်စတာရီသည် တရုတ်စီး ပွားရေးသမားတစ်ဦးထံမှ
လာဘ်ငွေယူခဲ့သည့် အရှုပ်တော်ပုံသည် သြစတြေးလျတွင် အကြီး မားဆုံးဖြစ်ရပ်တစ်ခုဖြစ်ခဲ့သည်။
¤င်းတရုတ်စီး ပွားရေးသမားသည် တရုတ်ကွန်မြူနစ်ပါတီနှင့်
ဆက်စပ်သူတစ်ဦးဖြစ်သည်။ ၂ဝ၁၆ ခုနှစ်၌ လေဘာပါတီသည် ရွေးကောက်ပွဲ အောင်နိုင် ရေးအတွက်
မဲဆွယ်စည်းရုံးရေးတွင် တရုတ်စီး ပွားရေးလုပ်ငန်းရှင်သည် လွှတ်တော်အမတ် ဆမ်အက်စတာရီ၏
ပုဂ္ဂိုလ်ရေးကုန်ကျစရိတ် များအားလုံးကို ကျခံပေးပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်
အလှူငွေများ မြောက် များစွာ ပေးအပ်ခဲ့သည်။ မစ္စတာဆမ်အက်စတာ ရီသည် ၂ဝ၁၇ ခုနှစ်တွင် တရုတ်စီးပွားရေးလုပ်
ငန်းရှင်အား ဖုန်းမှတစ်ဆင့် နိုင်ငံတော်၏ ထိပ် တန်းလျှို့ဝှက်ချက်သတင်းအချက်အလက်များ
ကို ပေးပို့နေစဉ် သြစတြေးလျထောက်လှမ်းရေး အဖွဲ့က ကြားဖြတ်ကာ ဖမ်းယူနိုင်ခံသောကြောင့်
အရေးယူနိုင်ခဲ့သည်။ စပိုင်များကို အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ပြင်းထန်သည့် ဥပ ဒေများကိုလည်း
ပြဌာန်းနိုင်ခဲ့သတည်း။ ဥပဒေ များ ပြဌာန်းနိုင်ငံသောကြောင့် သြစတြေးလျ ၏ ဆိုးရွားစွာ
ခံစားနေရသည့် ကံကြမ္မာဆိုး သည် ကင်းစင်ပပျောက်သွားမည်ဟူ၍ နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားပေသည်။
.
.
.
#KBZTai #Shan