တာချီလိတ်၌ ကျပ်ငွေ ၃၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့် နိုင်ငံခြားသုံးငွေများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ ကျပ်ငွေ ၃၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများနှင့် နိုင်ငံခြားသုံးငွေများ ဖမ်းဆီးရမိ



မိုင်းမော (တြိဂံနယ်မြေ)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ရွာ၌ မူးယစ်ဆေးဝါးရောင်းချသူ ထံမှ တန်ဖိုးငွေကျပ် ၃၅ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်းများ၊ နိုင်ငံခြားငွေများကို နိုဝင်ဘာ ၂၄ ရက်နေညပိုင်းက ဖမ်းဆီရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
 
.
ရဲအုပ် သုမောင် ဦးစီးအဖွဲ့သည် နိုဝင်ဘာ ၂၄ ရက် ညနေ ၃နာရီခွဲ အချိန်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ မိုင်းကိုးအုပ်စု၊ မယ်လိတ်ပါ ကော်ရွာရှိ ဦးခင်ဝင်းနှင့် ဒေါ်လေးအား တို့လင်မယားနေအိမ်အား မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ ဦးခင်ဝင်းအား နေအိမ်တွင် မတွေ့ရဘဲ ဇနီးဖြစ်သူသာ တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ ပန်းသီးတံဆိပ်ပါ အစိမ်းရောင် စိတ်ကြွဆေးပြား ၃၅ ပြား၊ WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၆ ပြား၊ စုစုပေါင်း ၅၁ ပြား၊ အလေးချိန် ၅ ဒသမ ၁ ဂရမ်ခန့်၊ တန်ဖိုးငွေ ၅၁ဝဝဝ ကျပ်ခန့်၊ စိတ်ကြွဆေးပြားမှုန့်ဟု ယူဆရသော ပန်းရောင် အမှုန့်အလေးချိန် ၅၈ ဂရမ်ခန့်၊ တန်ဖိုးငွေ ၅၈ဝဝဝဝ ကျပ်ခန့်၊ ဘိန်းဖြူဟု ယူဆရသော အညိုရောင်ဘလောက်တုံး အလေးချိန် ၁၈ဝ ဂရမ်ခန့်၊ တန်ဖိုးငွေ ၂၈၈ဝဝဝဝ ကျပ်ခန့်၊ အိုက်စ်ဟုယူဆရသော အဖြူရောင် ပုံဆောင်ခဲ အလေးချိန် ၁ ဂရမ်ခန့် တန်ဖိုးငွေက ၂ဝဝဝဝ ကျပ်ခန့်၊ စုစုပေါင်း မူးယစ်ဆေးဝါးများတန်ဖိုးငွေ ၃၅၃၁ဝဝဝ ကျပ်၊ ထိုင်းဘတ်ငွေရောရာ ၇၃၆ဝ ဘတ်နှင့် စိတ်ကြွဆေးရှူရာတွင် အသုံးပြု သည့် ဝါးရိုးတပ်အကြည်ရောင် ပလပ်စတစ်ဘူး တစ်ဘူးတို့အား တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
.
''သတင်းအရ ဝမ်းရမ်းနဲ့ဖမ်းဆီးတာပါ၊ ဖမ်းဆီးစဉ်က မူးယစ်ဆေးဝါးရောင်းချသူ တရားခံ အမျိုးသား တစ်ဦးက နေအိမ်မှာ မရှိပါဘူး၊ အိမ်မှာရှိတဲ့ သူရဲ့ ဇနီးကိုတော့ အရေးယူဆောင်ရွက်ထားပါတယ်၊ လွတ်မြောက်နေတဲ့ တရားခံ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ပြီး ဆောင်ရွက်နေပါတယ်''ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ မလေးအား (၄၂ နှစ်) နှင့် လွှတ်မြောက်နေသူ ဦးခင်ဝင်း(၄၃ နှစ်)၊ မယ်လိတ်ပါကော်ရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူ တို့အား တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၁၁၉/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားရှိပြီး လွတ်မြောက်တရားခံ ဖမ်းဆီးရနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats