ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သော တိုင်းဒေသကြီးနှင့်ပြည်နယ်
အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် ရှမ်းပြည်နယ်ကိုယ်စားပြု အမျိုးသမီး
ဘောလုံးအသင်းက အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၁၁ ရက်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်
အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ရှမ်းပြည်နယ် အားကစားကော်မတီဥက္ကဌ ဒေါက်တာ မျိုးထွန်း၊
ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်သယံ ဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း
ရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွန်ကြားရေးမှူး
ဦးထန်အိတ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အားကစားဆပ် ကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ
သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ပထမဆုရရှိသော ရှမ်းပြည်နယ်အမျိုးသမီးဘောလုံးအသင်းအား
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၃၀၊ ၊ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ
ငွေကျပ် ၁၅ သိန်း ၊ရှမ်းပြည်နယ်ဘောလုံး ဆပ်ကော်မတီမှ ငွေကျပ်၂ သိန်း၊ ပြည်သူ့လွတ်တော်
ဥက္ကဌြဦးခွန်တီမြတ်၏ဇနီးမှငွေကျပ်၂ သိန်း ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က
အသီးသီးတက်ရောက်ဂုဏ်ပြုချီးမြှင့်ငွေ များပေးအပ်ခဲ့ကြောင်းသိရသည်။
.
.
.
#KBZTai #Shan