ပြည်သူတွေအတွက် သိန်းတစ်ရာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်သူတွေအတွက် သိန်းတစ်ရာ


#မြေခဲတောင်မောင်မောင်ဝင်း

နိုင်ငံတော်အစိုးရ၏ ပြည်တွင်းအခွန်များဦး စီးဌာနမှ အောင်ဘာလေသိန်းဆု ဌာနခွဲသည် ၂ဝ၁၉ ခုနှစ်ဖေဖော်ဝါရီလတွင် စတင်ရောင်းချ ဖွင့်လှစ်မည့် ထီလက်မှတ်များမှစ၍ ထီပေါက် သည့်ကံထူးရှင်ကို အမြင့်ဆုံးဖြစ်သော ကျပ် သိန်း တစ်သောင်းငါးထောင်တိတိကို ပေးအပ် မည်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ်အောက်တိုဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့လေသည်။ 

အဆိုပါထုတ်ပြန်ချက်အရ ထီလက်မှတ် တစ်စောင်၏ မူရင်းတန်ဖိုးမှာ ကျပ်တစ်ထောင် တိတိဖြစ်ပါ၏။ သို့ရာတွင် ထိုကျပ်တစ်ထောင် သည် အောင်ဘာလေသိန်းဆုဌာနခွဲ၏ သတ် မှတ်ချက်မူရင်းတန်ဖိုးဖြစ်ကာ လုပ်သားပြည်သူ များသို့ ပြန်လည်ရောင်းချမည့် ထီလက်မှတ်အ ရောင်းဆိုင်များအနေဖြင့်ကား ပြင်ပဈေးကွက်၏ စီးပွားရေးအရ မည်သည့်ဈေးနှုန်း ဖြင့်ရောင်းချ မည်ဆိုသည်ကိုကား လောလောဆယ်တွင်မည် သူမျှ တတ်အပ်သေချာမသိနိုင်ပါပေ။


သတ်မှတ်နှုန်းထားထက်ပိုမို ဈေးမြင့်ရောင်း ချပါက ထိရောက်စွာအရေးယူခြင်းခံရမည်ဟု အကြိမ်ပေါင်းများစွာသတိပေးခဲ့သော်လည်း ထီလက်မှတ်ရောင်းချနေကြသော နာမည်အမျိုး မျိုးတို့ဖြင့် ထီအရောင်းဆိုင်တို့သည် သူတို့ပါး စပ်ထဲက ထွက်သည့် နှုတ်ထွက်စကားအတိုင်း အပြုံးမပျက်ရောင်းချလျက်ပင် ရှိနေကြပါလေ၏ ထုတ်ပိုးခ၊ ဆိုင်ခန်းငှားရမ်းခ၊ အရောင်းဝန်ထမ်း လုပ်အားခ စသည့်ကုန်ကျစရိတ်များကြောင့် သတ်မှတ်နှုန်းထားဖြင့် မည့်သို့မျှလုံးဝ ရောင်းချ ၍မရနိုင်ကြောင်းကို တရားဝင်သဖွယ်ထုတ်ပြန်ခဲ့ ပြီး ထီလက်မှတ်တစ်စောင်အပေါ်တွင် ၂ဝဝ ကျပ်မျှ အမြတ်တင်ကာ ရောင်းချမြဲရောင်းချ လျက်ပင်ရှိနေကြပါလေ၏။

ထိုသူတို့၏ အရောင်းဆိုင်က အမြင့်ဆုံးထီ ဆုကြီးများ ပေါက်သွားလျှင်ကား ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် ပို၍ပင်အမြတ်တင်ရောင်းချမှုများ လည်းရံဖန်ရံခါတွင် ရှိနေကြပြန်ပါ၏။ ထိုအခါ မျိုးတွင် ထီ ကံစမ်းထိုးလိုသူ လုပ်သားပြည်သူများ အဖို့ကား ခါးစည်း၍ခံရဖို့သာတည်း။ ''နောက်တစ်လကျ ငါပေါက်ချင်ပေါက်နေမှာ ဘယ်လောက်ဖြစ်ဖြစ် ထိုးလိုက်မယ်'' ဆိုသည့် ငွေမကုန်ရသည့်စိတ်ကူးလှလှဖြင့် သူတို့သတ် မှတ်ချက်နှုန်းထားဖြင့် ထီကိုကျွန်တော်တို့ လုပ် သား ပြည်သူတွေ လစဉ်ကံစမ်းနေကြသည်မ ဟုတ်ပါလား။

''ဘကြီးဖုန်းနံပါတ်လေးပေးခဲ့ပါ။ ပေါက် ရင် သမီးတို့ဆက်သွယ် အကြောင်းကြားပေးပါ မယ်'' ဆိုသည့်ထီအရောင်းဝန်ထမ်းမလေး၏ မင်္ဂလာနိမိတ် ချိုချိုစကားကို ငယ်စဉ်ကတည်းက ယနေ့ထိတိုင် ထီထိုးကံစမ်းလာခဲ့သည်။ ဘကြီး ကမည်သို့ပြန်ပြောလိုက်သနည်း။ ဆိုသော်'' နင်တို့က အမြဲတမ်းအဲသလိုပြော  ပြောပြီး ဘ ကြီးဆီကို ဖုန်းလည်းမဆက်ပါလား'' တဲ့။

သာမန်ပုထုစဉ်လူသား ကျွန်တော်တို့လုပ် သားပြည်သူများ အနေဖြင့်ကား ကံကိုယုံပြီး မည်သူမျှဆူးပုံကိုနင်းကြမည်မဟုတ်ပေ။ အိုး အိမ် တိုက်တာကို ပေါင်နှံပြီးထီအုပ်ရေ ရာ ထောင်လိုက်ကိုလည်း မည်သူမျှထိုးကြမည်မ ဟုတ်ပေ။

သို့ရာတွင် ရင်းနှီးငွေထက်အဆပေါင်းများ စွာ ပွားများရရှိလာမည့် ဆုကြေးငွေကို လော ဘစိတ်ဖြင့် ယုံကြည်အားကိုးလျက် ကျွန်တော်  တို့လုပ်သားပြည်သူ အချို့သည် နိုင်ငံတော်၏ အောင်ဘာ လေထီကို လစဉ်ဆိုသလို နည်း နည်းပါးပါး ကံစမ်းကာ ထိုးတတ်ကြသည်မ ဟုတ်ပါလား။ 

နိုင်ငံတော်၏ ထီစနစ် အစပြုခဲ့သော ၁၉၃၈ ခုနှစ်က ပထမဦးဆုံးသော ကျပ်တစ်သိန်း ဆုကို သထုံခရိုင်၊ ဇင်းကျိုက်မှ ဦးနှဲဆိုသူက အေ ဝ၆၁၂၇၉ ထီလက်မှတ်ဖြင့် ဆွတ်ခူးရရှိ ခဲ့သည်ဟု မှတ်သားခဲ့ရပါသည်။ ထိုမှ ၁၉၈၉ ခုနှစ်ဖေဖော်ဝါရီလတွင် ပထမဆုံးသော ကျပ် သုံးသိန်းဆုကို မ ၅၉၃၂၆၇ ဖြင့် ပန်းပဲတန်း မြို့နယ်မှ အငြိမ်းစားတပ်ကြပ်ကြီး ဦးမြအုန်း ဒေါ်စောနန်းအုန်းတို့က ဆွတ်ခူးရရှိခဲ့ပြန်ပါ၏။

ထိုမှတစ်ဆင့် ထီလက်မှတ်ရောင်းချမှုနှင့် ဆုကြေးငွေတိုးပေးမှုတို့သည် နှစ်အလိုက် ပြောင်းလဲမှုရှိခဲ့လေရာ မှတ်သားမိသမျှကို ထပ် ဆင့်တင်ပြလိုက်ရပါသည်။ (အမှားများရှိခဲ့ပါက စာဖတ်သူတို့မှ ပြုပြင်ပေးကြပါရန် မေတ္တာရပ်ခံ ပါ၏) 

နိုင်ငံတော်၏ အောင်ဘာလေ သိန်းဆုဌာန ခွဲသည် ၁၉၉ဝ ပြည့်နှစ်တွင် ထီလက်မှတ်တစ်  စောင်လျှင် ၁ဝ ကျပ်ဖြင့်ရောင်းချပြီး ကံထူးသူ အား အမြင့်ဆုံးဆုကြေးငွေအဖြစ် ကျပ်ငါးသိန်း။ ထိုမှ ၁၉၉၁ ခုနှစ်တွင် ထီလက်မှတ်တစ်စောင် လျှင် ၁ဝ ကျပ်နှုန်းဖြင့်ပင်ရောင်းချပြီး အမြင့်ဆုံး ဆုကြေးငွေမှာ ကျပ်ဆယ်သိန်းပေးအပ်ခဲ့ပါလေ ၏။ 

ထိုမှ ၁၉၉၇ ခုနှစ်တွင် ထီလက်မှတ်တစ် စောင်လျှင် ၅ဝ ကျပ်ဖြင့် ဆုကြေးငွေအမြင့်ဆုံး မှာ ကျပ်သိန်း ၅ဝ ဖြစ်ကာ။ ၁၉၉၈ ခုနှစ်အ ရောက်တွင်မူ ၅ဝ ကျပ်ဖြင့်ရောင်းချသော ထီ လက်မှတ်၏  ကံထူးသူကို အမြင့်ဆုံးဆုကြေး ငွေ ကျပ်သိန်းသုံးရာတိတိ ပေးအပ်ခဲ့ပါ၏။ 

ထိုမှ ၂ဝဝ၅ ခုနှစ်တွင် ထီလက်မှတ်တစ် စောင်၏ တန်ဖိုးသည် ၁ဝဝ ကျပ်ဖြစ်လာကာ အမြင့်ဆုံးဆုကြေးငွေသည် ကျပ်သိန်းငါးရာထိ ဖြစ်လာပြီးသကာလ
နိုင်ငံတော်၏ အောင်ဘာလေသိန်းဆု ထီ စနစ်များသည် ခေတ်စနစ်တို့၏ လိုအပ်ချက် ကြောင့်လော ထီကံစမ်းကြသူ လုပ်သားပြည်သူ တို့၏ တင်ပြတောင်းဆိုချက်ကြောင့်လောမသိ ထီလက်မှတ်တစ်စောင်၏ မူရင်းရောင်းချမှု တန်ဖိုးသည် ၂ဝဝ ကျပ်ဖြစ်လာပြီး အမြင့်ဆုံး ထီဆုကြေးငွေမှာလည်း ကျပ်သိန်းတစ်ထောင် ဖြစ်လို့ သွားပြန်လေ၏။

 ထိုမှတစ်ဖန် ၂ဝ၁၂ ခုနှစ် အရောက်ဝယ် ကျပ်သိန်း တစ်ထောင်သည် အပယိက ဖြစ် သွားကာ ကျပ်သိန်း ၁၅ဝဝ ထိ တိုးခဲ့ရပြန်ပါ၏။ ထိုမှတစ်ဖန် ၂ဝ၁၇ ခုနှစ်အရောက်ဝယ် ကျပ် သိန်း ၁၅ဝဝ သည်လည်း မုန့်ဖိုး လက်ဖက်ရည် ဖိုးပမာ မျက်နှာငယ်သွားရသည်ကား သူ့ထက် ကဲသည့်ထီလက်မှတ်တစ်စောင်၏ တန်ဖိုး ၅ဝဝ ကျပ်နှင့် ညီမျှသည့် ဆုကြေးငွေ အမြင့်ဆုံး ကား ကျပ်သိန်း တစ်သောင်းဟူသည်ပေါ်ပေါက်ခဲ့ပြန် လေသည်တကား။

သို့စေကာမူ နိုင်ငံတော်၏ အောင်ဘာလေ  သိန်းဆု ထီစနစ်ကား ထိုမျှဖြင့်ရပ်တန့်၍မနေ သေးပေ။ မကြာသော ၂ဝ၁၉ ခုနှစ်ဖေဖော်ဝါရီလ အရောက်ဝယ် အမြင့်ဆုံးဆုကြေးငွေကို ကျပ် သိန်းတစ်သောင်းခွဲထိ တိုးမြင့်ပေးအပ်မည်ဟူ၍ လုပ်သားပြည်သူများသို့ ကြိုတင်အသိပေး ကြေညာထားခဲ့သည် မဟုတ်ပါလား။
အဆိုပါထီစနစ်အတွက် ထီလက်မှတ်တစ် စောင်၏ မူရင်းတန်ဖိုးမှာ ကျပ်တစ်ထောင်ဟု ဆိုပါ၏။ သို့သော် ထိုဈေးနှုန်းသည် လုပ်သား ပြည်သူများသို့ ထီလက်မှတ်အရောင်းဆိုင်များ   က ပြန်လည်ရောင်းချသော ဈေးနှုန်းမဟုတ်ပေ။ အနည်းဆုံး ၂ဝဝ ကျပ်ဖြင့် အထက်တိုး၍ရောင်း ချကြမည်ကား မလွဲဧကန်ပါတည်း။
မည်သည့်ဖြေရှင်းချက် မည်သည့်အခွန်အခ မှ ပေးဆောင်ရန်မလိုသည့် နိုင်ငံတော်၏အောင်ဘာလေ သိန်းဆုဌာနခွဲမှ ရရှိမည့်အမြင့် ဆုံးသော ဆုကြေးငွေကို အာသာငမ်းငမ်းရလိုမှု မျှော်လင့်ချက်ဖြင့် လစဉ်ထီထိုးကာ ကံစမ်းနေ ကြသော ကျွန်တော်တို့ လုပ်သားပြည်သူ အ ပေါင်းတို့သည် ရရှိမည့်ဆုကြေးကို ရယူလို သည်မှန်သော်ငြား ရင်းရမည့်ရင်းနှီးငွေကိုကား စဉ်းစားစရာဖြစ်၍ လာရပါလေ၏။

 ဟိုးရှေးယခင်ခေတ် မန္တလေးနေပြည် တော်၌ ထီပေါက်နိုးမျှော်လင့်ချက်ကြောင့် ဆင်း ရဲသား လုပ်သားပြည်သူများသည် မွဲသည် ထက်မွဲ ဆင်းရဲသည်ထက် ဆင်းရဲလာကြရာက ခိုးသားဓားပြများ ပိုမိုသောင်းကျန်းလာရကား ကောဇာသက္ကရာဇ် ၁၂၄၃ ခုနှစ် ပြာသိုလတွင် ထီရုံများပိတ်စေရသည် ဟူသောသာဓကများကို လည်း ကျွန်တော်တို့ လုပ်သားပြည်သူများ စဉ်း စားစရာဖြစ်လာရပါလေ၏။ လှလှပပဖြင့် ခင်း ကျင်းရောင်းချနေကြသော ထီဆိုင်များရှေ့ပင် မလျှောက်ဝံ့ဝံ့ ဖြစ်နေကောင်း ဖြစ်နေရပေလိမ့် မည်။ 

ဘာမဟုတ်သည့် တရုတ်နှင့်အမေရိကန် တို့၏ ကုန်သွယ်ရေး စစ်ပွဲစနစ်၏ ဒဏ်ကြောင့် ပြည်ပနိုင်ငံများနှင့် ဆက်စပ်ပတ်သက်နေသော ကုန်ပစ္စည်းများ ဈေးနှုန်းတက်နေကြသည်။ ဒေါ်လာဈေးများ တက်နေကြသည်မှာ မှန်သည် ဟု ဆိုရသော်ငြား အဆိုပါကိစ္စရပ်များဖြင့် မည် သို့မျှပတ်သက်မှုမရှိသည့် နိုင်ငံတော်၏ အောင်ဘာလေသိန်းထီစနစ်က ဘာကြောင့်များ ရုတ်တရက်ကြီး ပစ်ပစ်ခါခါ ဈေးနှုန်းတွေ တိုး တက်ပြောင်းလဲသွားရသနည်း ဆိုသည်ကိုကား စဉ်းစားမရ ဖြစ်ရပါလေ၏။ 

အမှန်အားဖြင့် ဆိုရပါမူ ကျွန်တော်တို့ သာမန်လုပ်သားပြည်သူများ ထီကံစမ်းဖို့ လစဉ် အစဉ်ပြေစေရေးအလို့ငှာ ထီလက်မှတ် တစ် စောင်၏တန်ဖိုးကို ၂ဝဝ ကျပ် ၃ဝဝ ကျပ် လောက်သာ ထားရှိသင့်ပြီး အမြင့်ဆုံးထီဆု ကြေးငွေကိုလည်း ကျပ်သိန်း ၅ဝဝဝ လောက် ဆိုလျှင် ကောင်းမွန်တော်သင့်ပြီဟု ယူဆမိပါ၏။

ကုမ္ပဏီပိုင်ရှင် သူဌေး၊ သူကြွယ်တို့အတွက် ကျပ်သိန်း တစ်သောင်းခွဲသည် သားသမီး မြေး မြစ်တို့အတွက် မွေးနေ့လက်ဆောင်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း ကျွန်တော်တို့ သာမန်လုပ် သားပြည်သူများအဖို့မှု အဆိုပါအမြင့်ဆုံး ထီဆု ကြီးပေါက်ခဲ့လျှင်ပင် မမျှော်မှန်းထားသော အန္တ ရာယ်တွေက ဟိုးက သည်က ရောက်ရှိလာကြ မည်မှာ သေချာလှပါပေ၏။

ဟုတ်ကဲ့ ကျွန်တော်တို့ သာမန်လုပ်သား ပြည်သူများ အတွက် အဲသလောက်များများငွေ ကြေးတွေမလိုအပ်ပါ။ ထိုဆုကြီးတစ်ဆုအစား သိန်း ၂ဝဝ ဆုတွေ သိန်း ၁ဝဝ ဆုတွေပဲ အ များကြီးခွဲပြီး ထားလိုက်စေချင်ပါသည်။ ကျွန်တော်တို့ သာမန်လုပ်သားပြည်သူများ အတွက်ဆိုလျှင်ကား ကျပ်သိန်းတစ်ရာဆု ဆို လျှင်ပင် လုံလောက်ပါပြီ ဘဝမှာနေပျော်ပါပြီဟု ရေးလိုက်ပါရစေလားခင်ဗျာ။

Journal Download

Photo of three cats