ပန်းမြိုင်လယ်စိန်ဝင်း
.
.
ချယ်ရီပန်းရနံ့၊
ထင်းရှူးရနံ့၊ ယူကလစ်ရနံ့ တို့က သင်းပျံ့ပျံ့လှိုင်နေသည်။ ဆောင်းဦး၏ မြောက်ပြန်လေနုအေးသည်
ညှင်းသွဲ့သွဲ့တိုက် ခတ်လို့ြေ>ွမလိမ်ြေ>ွမကောက်တက်လာခဲ့ရသော တောင်ကြီးကားလမ်းသည်
ပေမြင့်လာလေ အေးလေလေပင်။ ပင်လယ်ရေ မျက်နှာပြင်အ ထက်ပေပေါင်း ၄၇၁၂ ပေတွင် တည်ထားသော
တောင်ကြီးမြို့က ကျွန်တော့်ကို နွေးထွေးစွာ ဆီးကြိုခဲ့သည်။ မောမြေမောအလှသည် ချစ်စ ရာကောင်းလှပါ၏။
ကျွန်တော့်စိတ်တွေ
လှုပ်ရှားနေသည်။ နှလုံးခုန်နှုန်းက ပိုမြန်လာသည်ဟု ထင်မိသည်။ သာမန်အပြောင်းအရွှေ့ကိစ္စလောက်နှင့်ဆို
သည်လောက်ရင်ခုန်မည်မဟုတ်။ ခုတော့ ကျွန် တော်ချစ်ရသည့်''နန်း''သို့မဟုတ် နန်းရွှေရည်
တာဝန်ထမ်းနေသည့် အထက်တန်းကျောင်းကို မှ ကျောင်းအုပ်ဆရာအဖြစ် ပြောင်းရွှေ့ခွင့်ရသည် မို့
ဝမ်းသာရင်ခုန်ခြင်းဖြစ်သည်။ အမိပညာရေး တက္ကသိုလ်တက်စဉ်က ချစ်ခဲ့ရသူ၊ ကျောင်း ဆင်းပြီးကတည်းက
ကွဲကွာသွားခဲ့ကြရသည်။ ကျွန်တော်က ရောက်ရာဒေသကိုပြောင်းပြီး ကျ ရာတာဝန်ကို ထမ်းဆောင်သည်။
တိုးပေးသမျှ ရာထူးတိုးကိုလည်း မငြင်းဆန်ခဲ့။ နန်းကတော့ တောင်ကြီးမြို့ဝန်းကျင်ကျောင်း
တွေမှာပင် တာဝန်ထမ်းခဲ့သည်။ ယခုလည်း တောင်ကြီးမြို့မှာ အထက်တန်းပြ ဆရာမအဖြစ် နှင့်
တာဝန်ကျနေဆဲဖြစ် သည်။
ပညာရေးတက္ကသိုလ်ကျောင်းပြီးတော့
ကိုယ့်ရပ်ကိုယ့်ဌာနေ ပြန်ကြရပေတော့မည်။ နှစ်နှစ်ကျော်ကာလသည် တိုတောင်းလွန်းပေစွ ဟု
ခံစားရသည်။ တောင်ပေါ်သူလေးနန်းနှင့် မြေပြန့်သား ကျွန်တော်တို့၏ ချစ်ခွင့်ကြုံဆုံ ခွင့်ပေးသည့်
ဆရာကောင်းများ မွေးထုတ်ပေးရာ ပညာရေးတက္ကသိုလ်ကြီးကို ကျေးဇူးတင်မိသည်။ တကယ်တမ်း ခွဲရတော့မည်ဆိုကာမှ
အလွမ်းဒဏ်သင့်ရမည်ဆိုသည့် အသိက နှလုံးသားကို လှိုင်းထစေသည်။
.
''နန်းရယ်
ကိုယ်တို့လက်ထပ်ပြီးရင် သျှောင်နောက်ဆံထုံးပါ ဆိုသလို ကိုယ်တို့ဆီ လိုက်ခဲ့ရမယ်နော်''
''အို အစ်ကိုကလည်း
နန်းမှာ အဖေ အမေ ရှိသေးတယ်လေ၊ အစ်ကိုက နန်းတို့ဆီ လိုက်နေရမှာပေါ့လို့၊ အစ်ကို ကြားဖူးပါတယ်
နန်းကိုချစ်ရင် ပဲပုပ်ကိုလည်း ချစ်ရမယ်ဆို တာလေ''
''ကဲ ပဲပုပ်ကိုလည်း
ချစ်တယ်၊ နန်းကိုလည်းချစ်တယ်၊ မောရှမ်းတောင်တန်းကြီးကိုလည်း ချစ်တယ်၊ ကဲ ယုံပြီလား
မယုံရင် လက်တွေ့သက်သေပြမယ်''
''ဟိုး ဆရာကြီး
ယုံပါပြီ၊ နန်းကိုစိတ်ချပါ ကိုရယ်၊ နန်းလေ မောရှမ်းမြေ တောင်ပြာတန်း ကနေ ကိုယ့်ကိုအမြဲလွမ်းနေမယ်ဆိုတာ
သစ္စာ ဆိုဝံ့ပါတယ်''
''ကိုယ်လည်း
နန်းလိုပါပဲ ဟောဒီတစ်သက် နန်းကလွဲရင် ဘယ်သူ့ကိုမှ မယူပါဘူး။ အခြေအနေမပေးခင်တော့ ခဏဝေးကြရမှာပေါ့
နန်း ရယ်၊ ဟော ဟိုမှာ ရွှန်းရွှန်းမြမြသာနေတဲ့ ဖိုး လမင်းကြီးရယ် ဟိုးမှာတွေ့လား မှိတ်တုတ်မှိတ်
တုတ် တက်နေတဲ့ မီးပုံးပျံလေးရယ် အဲဒါတွေ ကို တိုင်တည်ပြီး သစ္စာဆိုရဲပါတယ်''
ဘဝက ဒါပဲလေ
တစ်ယောက်နဲ့တစ် ယောက် သစ္စာနဲ့မေတ္တာကလွဲလို့ သက်သေပြစရာ ဘာမှတော့မရှိခဲ့ကြပါ။ ခုတော့
နန်းက သားလေးတစ်ယောက်တောင် ရနေပြီပေါ့။ သစ္စာတွေ သွေဖြည်လို့ စိမ်းကားရက်စက်လေ တယ်လို့
ဆိုရမှာလားနန်းရယ်။ တစ်သားမွေးလို့ တစ်သွေးလှတယ်ဆိုတာ နန်းကိုပြောနေတာ လားလို့။ ပြီးတော့
ဖတဆိုးလေးတဲ့။ ဇာချဲ့နေ တဲ့အတွေးကို ဆရာကိုစိုင်းအောင်တိုးက ဖြတ်တောက်လိုက်သည်။
.
''ဆရာကြီး
Assembly ခေါ်မယ့်ကျောင်း သားတွေအားလုံး ခန်းမကြီးထဲမှာ စုပြီးပါပြီ''
''ကျေးဇူးပါပဲဆရာစိုင်း''
ကျောင်းသားများအားလုံးကို
ကိုယ်တိုင် မိတ်ဆက်ပေးဖြစ်သည်။ ဆရာတပည့် ဆက်ဆံ ရေးကို ပွင့်ပွင့်လင်းလင်းဖြစ်စေသည်။
ကျောင်း သားတစ်ယောက်၏တာဝန်က စာတော်ပြီးလူ ကောင်းဖြစ်ဖို့ ဆရာအပိုင်းက ကျောင်းသားမသိ
တာ ရှင်းလင်းအောင် သင်ကြားပေးဖို့ လိမ်မ္မာ အောင်ဆုံးမဖို့ စည်းကမ်းကောင်းမွန်ဖို့ စည်း
ကမ်းအစ စာသင်ကျောင်းက ဆိုတဲ့အကြောင်း တွေ ရိုးရာယဉ်ကျေးမှုဓလေ့ကို ထိန်းသိမ်းဖို့ ဆေးလိပ်ကွမ်းကအစ
မူးယစ်ဆေးဝါးမှန်သမျှ ရှောင်ရှားကြဖို့ အကြောင်းကို ပြောပြဖြစ်ခဲ့သည်။ မိမိကျောင်းကိုကောင်းအောင်
မိမိမြို့၊ မိမိပြည် နယ်၊ မိမိတိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်အစွမ်းကုန်
ကြိုးစားရပါဦးမည်။
ကျွန်တော်နှင့်
နန်းကတော့ ခပ်တန်းတန်း ဖြစ်ခဲ့ရပြီ။ လုပ်ငန်းတာဝန်အရ ဆရာကြီး၊ ဆရာမ ဆိုတဲ့အသုံးက လွဲလို့
နန်းနဲ့ကိုယ်တွေပင် ပျောက်ခဲ့ရသည်။ သစ္စာပျက်သူက နန်းဖြစ် သည်။ သူ့အကြောင်းနဲ့ သူ့အမျိုးသား
အကြောင်း ကို မည်သူ့ကိုမျှလည်းမမေးမိ သူကလည်း ရှင်းမပြခဲ့။ ကိုယ်ကစပြီး စပ်စပ်စုစုလည်း
မ လုပ်ချင်သည်မို့ မမေးဖြစ်တာလည်းဖြစ်သည်။ နန်းကတော့ သူ့သားလေးနဲ့အတူသွား၊ အတူ ပြန်ဆိုတော့
အဖော်ရနေသည်။ တစ်ခန်းရပ် ဖြစ်ရပြီလားနန်းရယ်၊ တာဝန်နှင့်အချစ်ရေးကို သလဲသီးများလို
တစ်ကန့်စီ၊ တစ်ကန့်စီပိုင်းထား ရသည်။ အချစ်ဆိုတဲ့ အကန့်က အနုတ်လက္ခ ဏာပြသွားပြီ။ သည်တော့
တာဝန်တွေကို ပို လုပ်ခဲ့ရသည်။ သီတင်းကျွတ် မီးထွန်းပွဲတော် ကျောင်းပိတ်ရက်တွင် တစ်ကျောင်းလုံးကို
လျှပ်စစ်ရောင်စုံမီးများ ဦးဆောင်ပြီး ထွန်းညှိနိုင်ခဲ့သည်။
တန်ဆောင်တိုင်ကထိန်ပွဲကိုတော့
ကျောင်း အလိုက် ပျော်ရွှင်စွာ လှူဒါန်းဖို့ပြင်ဆင် ရသည်။ ''တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ
တူ နိုင်ရိုးလား''ဟူသော ဆိုစကားက တိုင်းရင်း သားတို့၏ စေတနာသဒ္ဓါတရားထက်သန်မှုကို ညွှန်းဆိုပြသည်။
တန်ဆောင်တိုင်နှင့် ကထိန်ပွဲ အကြောင်း မီးပုံးပျံပွဲအကြောင်း ကျောင်းသား တွေကို ထဲထဲဝင်ဝင်
သေချာသိရအောင် ဟော ပြောပေးသည်။
''တန်ဆောင်တိုင်ပွဲဆိုတာ
မြန်မာ့ဆယ့်နှစ် လရာသီရဲ့ အဋ္ဌမမြောက်လဖြစ်တယ်။ ရာသီက ဗြိစ္ဆာ၊ နက္ခတ်ကကြတ္တိကာ၊ ကျီးတာယာထွန်း
တယ် ရာသီရုပ်က ကင်းမလက်မည်းပုံဖြစ် တယ်။ ခဝဲပွင့်တုန်း တန်ဆောင်မုန်းဆိုတော့ ခဝဲပန်းတွေပွင့်ကြတယ်ကွဲ့။
တန်ဆောင်မုန်းလ ပြည့်ညကို ကြယ်တွေစုံတဲ့ညလို့ဆိုကြတယ်။ ဆေးပေါင်းခတဲ့ညလို့လည်း သိကြတယ်။
ဗဟု သုတအဖြစ် မှတ်ထားကြပါ။ လပြည့်နေ့မှာ ဆေးပင်အပေါင်းကို စောင့်တဲ့ နတ်မင်းအပေါင်း
က မဲဇလီပင်စောင့်နတ်မင်းကို တညီတညွတ် တည်း အခစားလာရောက်ကြတယ်။ ဒီတော့ မဲဇလီပင်ဟာ ဆေးပေါင်းခတဲ့အပင်
ဖြစ်ခဲ့ရတာ ပေါ့။ ဒါကြောင့် လပြည့်ညမှာ သုပ်စားတဲ့မဲဇလီ ဖူးသုပ်က ဆေးဖက်ဝင်တာပေါ့။
နောက်တစ်ခု က တန်ဆောင်မုန်းလမှာ ကထိန်ခင်းပွဲကျင်းပ ကြတယ်။
''မိုးနောက်ဆုံးကျ
ကထိန်လ ခင်းရသည် ချိန်ခါ''လို့ဆိုတဲ့အတိုင်း သီတင်းကျွတ်လပြည့် ကျော် ၁ ရက်နေ့ကနေ တန်ဆောင်မုန်းလပြည့်
နေ့အထိ တစ်လတိုင်တိုင် ကထိန်ခင်းလို့ရ တယ်။
ကထိန်အာနိသင်ဆိုတာ
သံဃာ့ဂုဏ်ကို ရည်မှန်းပြီး သင်္ကန်းကိုလှူတဲ့ အလှူဖြစ်တယ်။ ဥပမာပေး ပြောရရင် သစ်ပင်တွေခိုင်မြဲရှင်သန်
ဖို့ အခြေခံကျတဲ့အရာက သစ်မြစ်ဖြစ်သလို သံ ဃာတော်တွေကလည်း ဗုဒ္ဓသာသနာတော်ကြီး စည်ပင်
သာယာတည်တံ့ခိုင်မြဲရေးအတွက် က ထိန်ခင်းနိုင်ရေးဟာ အဓိကကျတယ်။ဒါကြောင့် သင်္ကန်းမှာကထိန်၊
ကျောင်းအလှူမှာသိမ်လို့ ဆိုထားတာပေါ့။ ဆိုလိုတာက သင်္ကန်းအလှူ မှာ ကထိန်သင်္ကန်းက သာလို့မြတ်တယ်။
ကျောင်းအလှူမှာ သိမ်ကျောင်းအလှူကမြတ် တယ်လို့ ဆိုတာပေါ့ကွယ်။ မင်းတို့နှစ်စဉ်နှစ် တိုင်း
ဒီတောင်ကြီးမြို့က စူဠာမုနိဘုရားကြီးမှာ မသိုးသင်္ကန်းရက်ပြိုင်ပွဲတွေကျင်းပကြတယ်။ ဒါလည်း
သိအောင်ပြောပြမယ်။ မသိုးသင်္ကန်း ဆိုတာ မြတ်စွာဘုရားရှင်ကိုလှူဒါန်းမယ့် သ င်္ကန်းကို တန်ဆောင်မုန်းလဆန်း
၁၄ ရက်နေ့၊ နေဝင်ချိန်ကစပြီး အပြိုင်ရက်လုပ်ကြရတယ်။ ဒီဘဒ္ဒကမ္ဘာမှာ ဘုရားငါးဆူပွင့်မယ်၊
လေးဆူ ပွင့်ပြီးပြီ။ အရိမေတ္တယျ ဘုရားတစ်ဆူပွင့်ဖို့ ကျန်သေးတယ်။ အဲဒီဘုရားတွေကို ရည်မှန်းပြီး
သင်္ကန်းကပ်ကြဖို့ ရက်ကြတာ။ မနက်အာရုံ မတက်မီအပြီး ရက်လုပ်ချုပ်ဆိုးကြရတယ်။ အာရုဏ်တက်ပြီးမှဆိုရင်
သင်္ကန်းသိုးတယ်လို့ ဆိုတယ်''
ကျောင်းသားများ
စိတ်ဝင်စားစွာ နား ထောင်နေကြသည်။ ပြီးတော့ မီးပုံးပျံလွှတ်တင် ရခြင်းအဓိပ္ပာယ်ကိုလည်း
နားလည်အောင် ရှင်း ပြရပြန်သည်။ ကလေးတွေစိတ်ထဲတွင် အစဉ် အလာအရ ပျော်ပွဲရွှင်ပွဲဟုသာ သိထားပုံရ
သည်။
''တို့တောင်ကြီးမှာ
တန်ဆောင်တိုင်ဆို မီးပုံးပျံလွှတ်တင်တဲ့ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီနှစ် ၂ဝ၁၈
ခုနှစ်ဆို ၆၇ ကြိမ်တိုင်တော့ မယ်လို့ ဆရာအစည်းအဝေးပွဲမှာသိခဲ့ရတယ်။ တောင်ကြီးရဲ့ မီးပုံးပျံပွဲတော်သမိုင်းကို
သိဖို့နဲ့ မင်းတို့ကိုပြောနိုင်ဖို့ ဆရာကြီးကိုယ်တိုင် စာ တွေဖတ်ရတယ်ကွ။ မင်းတို့အားလုံးလည်း
စာ ဖတ်ကြဖို့တော့ လိုတယ်။ စာဖတ်ခြင်းဟာ ပြည့် ဝစေတယ်လို့ ဘေကွန်ကဆိုတယ်။ စာဖတ်တဲ့ လူဟာ
စာမဖတ်တဲ့လူထက် ခေါင်းတစ်လုံးပို မြင့်တယ်။ ကဲ ဆရာကြီးဆက်ပြောချင်တာက တန်ဆောင်တိုင်မီးထွန်းပွဲနဲ့
မီးပုံးပျံပွဲဟာ ပျော် ပွဲရွှင်ပွဲ သက်သက်မဟုတ်ဘူးကွဲ့ အဓိပ္ပာယ်ရှိ တယ်။ ငါတို့ရဲ့ ဂေါတမဘုရားလောင်း
သိဒ္ဓတ္တ မင်းသားဟာ အသက် ၂၉ နှစ်မှာ သူအို၊ သူ နာ၊ သူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီး လေးပါး
ကို မြင်တော်မူပြီး ညသန်းခေါင်ယံအချိန်မှာ ဖွားဖက်တော် မြင်းမြီးဆွဲမောင်ဆန်နဲ့ ကဏ္ဍက
မြင်းစီးပြီး အနော်မာမြစ်တစ်ဖက်ကမ်းရောက် တော့ ရဟန်းပြုဖို့အတွက် သံလျက်ဓားနဲ့ ဆံ ပင်ကိုဖြတ်ပြီး
အဓိဌာန်ပြုလို့ မကိုဋ်တော်နဲ့တ ကွ ဆံထုံးတော်ကို ကောင်းကင်ကိုမြှောက်တင် လိုက်တယ်။
အဓိဌာန်က''ငါသည် ဘုရားစင်စစ် ဧကန်ဖြစ်ပါလျှင် မကိုဋ်နှင့်တကွ ဆံထုံးတော် သည် ကောင်းကင်၌
ချိတ်ဆွဲထားသကဲ့သို့ တည်ပါစေ၊ ဘုရားဖြစ်နိုင်သူမဟုတ်ပါက မြေ ပြင်သို့ ကျပါစေ''လို့
ဆိုတာပေါ့။ မြှောက်တင် လိုက်တဲ့ ဆံထုံးတော်ဟာ တစ်ယူဇနာမြင့်တဲ့ ကောင်းကင်မှာတည်နေတယ်။
ဒါကို သိကြား မင်းက မကိုဋ်တော်နဲ့ ဆံထုံးတော်ကို ရွှေပန်း တောင်းနဲ့ခံယူပြီး တာဝတိံသာနတ်ပြည်မှာ
ရ တနာခုနစ်ပါးနဲ့ စီခြယ်ပြီး ဌာပနာသွင်းလို့ တည်ထားကိုးကွယ်တယ်။ အဲဒီစေတီတော်ကို
''စူဠာမဏိစေတီတော်''လို့ခေါ်တယ်။
''နောက်တစ်ခါ
အကနိဌ ဗြဟ္မာပြည်မှာလည်း တစ်ဆူရှိတယ်။ အဲဒါက ကဿပဘုရား လက်ထက်က သိဒ္ဓတ္တမင်းသား ဆံထုံးဖြတ်ပြီး
ရဟန်းပြုတော့မှာကိုမြင်တော့ တိဝီဝရိတ်(သ င်္ကန်းသုံးထည်)ရယ်၊ သပိတ်၊ ဓား၊ အပ်နဲ့အပ် ချည်၊
ခါးပန်းကြိုး၊ ရေစစ်ဆိုတဲ့ ပရိက္ခရာရှစ်ပါး ကို သိမ်းထားခဲ့တယ်။ ဒါကို ဃတိကာရဗြဟ္မာ ကြီးက
ယူလာပြီး ဘုရားအလောင်းကိုဆက် ကပ်တယ်။ သိဒ္ဓတ္တမင်းသားကလည်း ဝတ်လဲ တော် ပုဆိုးနဲ့ သင်္ကန်းပရိက္ခရာ
ရှစ်ပါးကိုကြည် ညိုဖွယ်ဖြစ်အောင် လဲလှယ်ဝတ်ရုံလိုက်တယ်။ ဃတိကာရဗြဟ္မာကြီးလည်း ဝတ်လဲတော်ပုဆိုး
ကို ယူဆောင်ပြီး ရူပဝစရဗြဟ္မာပြည်ရဲ့ အမြင့် ဆုံးဖြစ်တဲ့အကန်ဌဗြဟ္မာဘုံမှာရတနာတွေနဲ့
စီ ခြယ်ပြီး စေတီတစ်ဆူတည်တယ်။ အဲဒီစေတီ ကိုတော့ ဒုဿစေတီလို့ခေါ်တယ်ကွဲ့ အဲဒီစေတီ နှစ်ဆူကို
ရည်စူးပြီး မီးပုံးပျံတွေလွှတ်တင်လို့ ဆီမီးပူဇော်ကြတဲ့ဓလေ့ဟာ ဟိုးရှေးရှေးက တည်းက ရှိခဲ့တာပေါ့။
ဒါဆိုမီးပုံးပျံတွေ သူ့ထက်ငါကောင်း အပြိုင်လွှတ်တင်ကြတာ အပျော်သက်သက်မဟုတ်ဘူးဆိုတာ နားလည်
ပြီပေါ့။ ပြီးတော့ ပြိုင်ပွဲမှာ မနိုင်တဲ့လူက ဘာ ဖြစ်မလဲကွဲ့''
''ရှုံးပါတယ်
ဆရာကြီး''
''အေး မင်းတို့အမြင်ကတော့
မနိုင်ရင်ရှုံး တယ်လို့ပြောတာ ဆရာကြီးအမြင်က မရှုံးဘူး ကွဲ့ ဘာကြောင့်လဲဆိုတော့ စပြိုင်ကတည်းက
တာဝတိံနတ်ပြည်က စူဠာမဏိစေတီတော်နဲ့ ဗြ ဟ္မာပြည်က ဒုဿစေတီနှစ်ဆူကို ရည်မှန်းပြီး လှူဒါန်းပြီးပြိုင်ရင်
မရှုံးပါဘူးကွယ်။ ပြိုင်ကြတဲ့ သူတိုင်းက ကုသိုလ်တွေရကြပြီးသား ဖြစ်မှာ ပေါ့''
ကျွန်တော်ပြောတော့
ဆရာ၊ ဆရာမတွေ လည်း ခေါင်းညိတ်ကြသည်။ ကျောင်းသားတွေ လည်း တန်ဆောင်တိုင်ပွဲတော်အကြောင်း
အ တန်အသင့် နားလည်သွားကြပြီ။
ဟောပြောပွဲပြီးလို့
ကျွန်တော့်ရုံးခန်းထဲပြန် ရောက်တော့ ''ဆရာကြီးရှင်းပြတာ အားလုံး သဘောပေါက်သွားကြတယ်။
ကျွန်တော်တို့ တောင် အခုမှ ထဲထဲဝင်ဝင်သိရတာပါ။ ကျေးဇူး တင်ပါတယ် ဆရာကြီး''
ဆရာစိုင်းအောင်တိုးက
ကျေးဇူးစကားဆို သည်။ ပြီးတော့ သူကဆက်ပြီး ''ဆရာကြီးက မီးပုံးပျံပြိုင်ပွဲမှာ အမှတ်ပေးဒိုင်က
ပါတယ်ဆို''
''ဟုတ်တယ်
ဆရာစိုင်း ပြည်နယ်အစိုးရ က တာဝန်ပေးတော့လည်း လုပ်ရမှာပေါ့ဗျာ''
''ဒါဆို ဆရာရယ်
ကျွန်တော်တို့(--)ရပ် ကလည်း ညမီးကျည်ပြိုင်မှာ အဲဒီမှာကျွန်တော် က အဖွဲ့ခေါင်းဆောင်။
ဆရာကြီး ကျွန်တော် တို့အဖွဲ့ကို စောင့်ရှောက်တဲ့အနေနဲ့ အမှတ်ပေး ရင်ကြည့်ပါလို့ ဆုချိတ်ရင်
ဆရာကြီးအတွက် လည်း''
''သြော် ဆရာစိုင်းက
ကျွန်တော့်ကိုလာဘ် ထိုးနေတာလား မလုပ်ပါနဲ့ ဆရာရယ်၊ နိုင်ငံ တော်ကလည်း အဂတိလိုက်စားမှုကို
ပြင်းပြင်း ထန်ထန် အရေးယူနေပါတယ်။ ကျွန်တော်က တော့ အမှန်တရားကို မြတ်နိုးတယ် ဆရာစိုင်း။
ဒီအတွက်တော့ ဝမ်းနည်းပါတယ်လို့ ဆိုပါရစေ ပြိုင်ပွဲစည်းကမ်းနဲ့အညီ အနိုင်ရအောင်သာပြိုင်
ကြပါ။ ကျွန်တော်ပြောခဲ့သလို မနိုင်ရင်လည်း မရှုံးပါဘူးလို့''
''ဟုတ် ဟုတ်ကဲ့ပါ
ဆရာကြီး ကျွန်တော် မှားသွားပါတယ်။ တောင်းပန်ပါတယ်၊ နောက် ဒါမျိုး ဘယ်တော့မှ မဖြစ်စေရပါဘူး
ဆရာကြီး ကျွန်တော်ကတိပေးပါတယ်''
ဆရာစိုင်းက
လေးလေးနက်နက်တောင်းပန် သည်။ အမှားကိုသိလို့ အမှန်ကိုပြင်တာ ကျွန် တော်လည်း ကျေနပ်ပါတယ်။
တကယ်တော့ ဆရာဆိုတာ တပည့်တွေကို ရှေ့ဆောင်လမ်းပြ ပြုလုပ်ပေးရမှာအမှန်ဖြစ်သည်။ တပည့်တွေ
မှားလျှင် ဆရာကပြင်ပေးလို့ရသည်။ ဆရာမှား လျှင်တော့ ငါးပါးမှောက်ရုံတင်မက သံဃာ စင်ပါမှောက်ပေလိမ့်မည်။
ကျွန်တော့်ဘဝမှာ သစ္စာဆိုဝံ့ပါသည် သိက္ခာကို ဘယ်တုန်းကမှ ရိက္ခာနဲ့မလဲခဲ့ဖူးပါ။
ကျောင်းပိတ်ရက်
တောင်ကြီးမြို့ကို အ လည်အပတ်ထွက်ဖြစ်သည်။ အစီအစဉ်က နန်း ၏ အစီအစဉ်ဖြစ်သည်။ တောင်ကြီးဈေးထဲမှာ
လိုအပ်တာလေးတွေဝယ်ပြီး စူဠာမုနိဘုရားဖူး သည်။
''ဆရာကြီး
ဟိုနေ့က တန်ဆောင်တိုင်အ ကြောင်းပြောတာ ကောင်းလိုက်တာ တစ်ခါမှ ကျောင်းသားတွေကို အဲလိုမပြောခဲ့ဖူးဘူး''
''ဒါကတော့
ဆရာမရယ်၊ ဆရာဆိုတာ တပည့်တွေမသိတာကို သိအောင်လုပ်ပေးရမှာ ဆရာ့တာဝန်ပါ။ ဆရာမလည်း စာတွေများများ
ဖတ်ပေးပါ''
''အစ်ကိုဆရာကြီးရယ်
ဟိုတုန်းကလို နန်း လို့ မခေါ်ချင်တော့ဘူးလား ဘာလဲ နန်း သား လေးကြောင့်လား နန်းအပေါ်မှာ
အစ်ကိုက ပြောင်းလဲသွားလိုက်တာ။ အစ်ကို့မှာ ချစ်ရမယ့် သူ ရှိနေပြီလား။ မြင်းကမလှုပ်လို့
ခုံက လှုပ် တယ်လို့တော့ အထင်မသေးလိုက်ပါနဲ့ အစ်ကို ရယ်၊ အစ်ကိုနဲ့နန်း သစ္စာဆိုခဲ့ကြတာ
မှတ်မိ သေးလားဟင်''
နန်းက ကရားရေလွှတ်ပြောလေပြီ။
အ ပြစ်ရှိသူက အပြစ်မဲ့သူကို စွဲချက်တွေတင်လို့ ငါးဖယ်ကပြောင်းပြန်ဟပ်သည့်အဖြစ်မျိုးလား
တွေးမိသည်။
''တော်ပါတော့
နန်းရယ်၊ နန်းမှာ ကာမ ပိုင်လင်ယောက်ျားရှိတယ်၊ သားလေးလည်းရှိ တယ်။ ကိုယ်က နန်းကို ခုချိန်မှာချစ်တဲ့သူလို့
သတ်မှတ်လို့မှမရတာ၊ ပြီးတော့ နန်းရဲ့အမျိုး သားနဲ့တစ်ခါမှလည်း မိတ်မဆက်ပေးခဲ့ဘူး။ ကိုယ်လေ
ဘယ်တော့မှ ဒု၊ သ၊ န၊ သော အဖြစ်မခံဘူး။ မြတ်နိုးခြင်း၏တည်ရာဆိုတာ သစ္စာတရားပါ နန်းရယ်။
နန်းနဲ့လွဲခဲ့ရပေမယ့် ကိုယ်ဆိုခဲ့ဖူးတဲ့ သစ္စာစကားအရ ဘယ်တော့မှ မိန်းမ မယူတော့ပါဘူး။
ဒီအတိုင်းလေးနေသွား တာပဲ ကောင်းပါတယ်''
ကျွန်တော့်စကားတွေကြောင့်
ရွှန်းလဲ့သည့် အကြည့်၊ မျက်လုံးဝိုင်းကြီးနှင့် ကျွန်တော့်ကို ကြည့်နေသည်။ မျက်ဝန်းမှာ
မျက်ရည်စတွေပင် ဥလို့၊ သက်ပြင်းတစ်ရှိုက် နန်းထံမှ ပြုတ်ကျ သည်။
''အစ်ကို
နန်းကို ဆက်ဆံပုံတွေပြောင်းတာ ဒါကြောင့်ကိုး။ နန်းလည်း အစ်ကို့ကို ရှင်းပြခွင့် မသာသလို
အစ်ကိုကလည်း ဆက်ဆံတာသူ စိမ်းဆန်သလိုဆိုတော့ ပြောခွင့်မသာခဲ့ပါဘူး။ နန်းအိမ်ထောင်မကျသေးပါဘူး
အစ်ကို၊ နန်း သားလေးဆိုတာ မွေးစားထားတာပါ။ နန်း အစ်ကိုရဲ့ သားလေးလေ။ အစ်ကိုက သူ့ခံယူ
ချက်နဲ့ တောထဲမှာနေတယ်လေ။ အစ်ကိုကြီး တိုက်ပွဲကျသွားတော့ ယောင်းမက သားလေးနဲ့ အတူ ငြိမ်းချမ်းရေးလဲလှယ်ပြီး
ဝင်လာခဲ့တယ်။ နန်းတို့နဲ့ အတူနေတယ်။ ယောင်းမကလည်း ကျန်းမာရေးမကောင်းဘူး။ နောက်တော့
သူပါ ဆုံးသွားခဲ့တယ်။ ဒီတော့ တူလေးကိုသားလေး အဖြစ် မွေးစားလိုက်ရတာပေါ့။ တိုင်းရင်းသား
တွေအားလုံး ပြည်တွင်းငြိမ်းချမ်းရေးရပြီး ပြည် တွင်းစစ်တွေပျောက်ကွယ်သွားရင် သိပ်ကောင်း
မှာပဲနော် အစ်ကို။ တူလေးက ခုမှကျောင်း တက်ခွင့်ရတာ ဘယ်လောက်ရင်နာစရာကောင်း လဲ''
နန်းက သူ့ရင်တွင်းဖြစ်ဆန္ဒကို
ဖွင့်ချလို့ပြ သည်။ ဒါဆို ကိုယ့်မျှော်လင့်ချက်တွေ မကုန်ဆုံး သေးဘူးပေါ့၊ ဟာ ဝမ်းသာလိုက်တာနန်းရယ်။
ကျွန်တော်က
နန်းလက်ကလေးကို တယု တယဆွဲကိုင်လိုက်သည်။
''ဟိုး ဆရာကြီး
ဟိုမှာကျောင်းသားတွေ ကြည့်နေတယ်။''
နန်းအပြောကြောင့်
အသာလေးလွှတ်ပေး လိုက်ရသည်။ ဆရာဆိုသည့် ဂုဏ်သိက္ခာကို စောင့်ထိန်းရသည်မှာ သံမဏိစည်းကမ်းပမာ
တင်းကြပ်လွန်းလှသည်။ သြော် ကိုယ်တွေက တစ်ချိန်တုန်းကလို ကျောင်းသားမှ မဟုတ်ကြ တော့တာပဲလေ။
''ဝါကျွတ်ပြီနော်
နန်း၊ ကိုယ်တို့လက်ထပ် ကြရအောင် မှတ်မှတ်ရရ တန်ဆောင်တိုင်မီးပုံး ပျံပွဲမှာလေ''
ကျွန်တော့်ရင်တွေ
ခုန်မြန်လွန်းလှသည်။ အရွယ်က စကားပြောသည်။ နန်းမျက်နှာကိုပင် စေ့စေ့မကြည့်ရဲ။ နန်းက
မျက်လုံးလေးထောင့် ကပ်ပြီး မျက်စောင်းတစ်ချက် ပစ်လွှတ်သည်။
''သြော် အစ်ကိုဆရာကြီးရယ်၊
နန်း ပြော ခဲ့တဲ့ စကားလေး မှတ်မိသေးလား၊ နန်းကိုချစ် ရင် ပဲပုပ်ကိုလည်းချစ်ရမယ်ဆိုတာလေ''
''သိပ်မှတ်မိတာပေါ့''
''ခုလည်း
နန်းသားလေးရဲ့ နာမည်က စိုင်းပဲပုပ်တဲ့ အစ်ကို''
''နန်းရဲ့သားလေးစိုင်းပဲပုပ်ကို
နန်းသိပ်ချစ် တယ်အစ်ကို၊ သားလေးက မိတဆိုး၊ ဖတဆိုး လေးအဖေ၊ အမေ မရှိတော့ သားလေးက ကျွန်မ
အသက်ပါရှင့် ဆရာကြီးရဲ့ ကဲရှင်းပြီ လား''
ဒီလိုဆိုတော့လည်း
ရှင်းသွားခဲ့ပါပြီ။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲအစ နေ့ လယ်ပိုင်းက ကျောင်းမှာပင်
ဆရာ၊ ဆရာမ အစုံအလင်နှင့် တရားရေးကအသိ တရားသူ ကြီးကိုဖိတ်ကြားလို့ သက်သေ ဆရာ၊ ဆရာမ တွေနှင့်အတူ
နှစ်ဦးသဘောတူ လက်မှတ်ရေး ထိုးပြီး ပကာသနမပါသော အသိအမှတ်ပြု မင်္ဂလာပွဲလေး ပြုလုပ်လိုက်ကြသည်။
ကုန်ကျ မည့် ငွေကို ဘိုးဘွားရိပ်သာနှင့်လူမှုကူညီရေးအ သင်းသို့ လှူဒါန်းလိုက်သည်။ နေ့လွှတ်မီးတစ်
လုံး လွှတ်တင်တော့ သြဘာလက်ခုပ်သံတွေ ဆူညံသွားသည်။ သည်ညတော့ ကျွန်တော် အမှတ်ပေးဒိုင်နေရာတွင်
ထိုင်နေရပါပြီ။ မင်္ဂလာ ဆောင်တဲ့ညမှာမှ မီးကင်းစောင့်ရသည့်ဘဝဖြစ် ရပြီလား မသိပါပြီ။ တာဝန်ယူထားသည့်
အ လုပ်ထက် လောကမှာ အရေးကြီးတာ ဘာမှ မရှိပါ။ လူတိုင်းလူတိုင်း တာဝန်သိစိတ်၊တာဝန် ယူစိတ်သာရှိကြမည်ဆိုလျှင်
ကျွန်တော့်ဘေး မှာ ချစ်ရတဲ့နန်းက ကျွန်တော့်ပုခုံးကိုမှီနွဲ့လို့ ဒီ လိုမျိုးပျော်စရာကောင်းသည့်နေ့ရက်တွေနဲ့ ငြိမ်းချမ်းပျော်ရွှင်စရာ ဘဝလေးကို သားတွေ မြေးတွေနှင့်အတူ
ဦးထမ်းပဲ့ထမ်း မောင်တစ် ထမ်း၊ မယ်တစ်ရွက်နှင့် ဆက်လက်ချီတက်လိုက် ပါဦးမည်။ ကောင်းကင်မှာတော့
ညမီးကျည်၏ မီးရှူး၊ မီးပန်းများက ရွှန်းရွှန်းဝေဝေတောက်ပ လို့ ပြိုင်ပွဲဝင်နေလေရဲ့။ ဖိုးရွှေလမင်းကြီးက
လည်း ထိန်ထိန်သာလို့ ကျွန်တော့်ရင်ထဲမှာ တော့ လမင်းတွေအစင်းတစ်ရာ မီးပုံးပျံတွေအ ရာအထောင်နဲ့
အလင်္ကာတေးတွေသီလို့။ ။
.
.
.
#KBZTai
#Shan