စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့နောက်မှာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာရဲ့နောက်မှာ


ကောင်းမြင့်မြတ်စိန်
.
.
ကျွန်တော်တို့ရပ်ကွက်ထဲမှာ လွန်ခဲ့တဲ့ဆယ် နှစ်လောက်က အလွန်ရောင်းကောင်းတဲ့ အိမ် ဆိုင်လေးတစ်ဆိုင်ရှိခဲ့ ပါတယ်။ မိုးလင်းက မိုး ချုပ်ထိ လက်မလည်အောင် ရောင်းကောင်းပါ တယ်။ ယခုနှစ်မှာတော့ အဲဒီအိမ်ဆိုင်လေးဟာ ဝယ်ယူမရှိသလောက် ခြောက်ကပ်နေပါတော့ တယ်။ တစ်နေ့မှာတော့ အဲဒီဆိုင်လေးနဲ့ ပတ် သက်ပြီး ကျွန်တော်တို့ဇနီးမောင်နှံ စကားစပ် မိကြပါတယ်။
.
''မေကြီးရေ အဘွားခင်တို့ဆိုင်က ကိတ် မုန့်သွားဝယ်ပေးပါအုံး''
.
''အင်း ဖေကြီးကတော့ ခေတ်နောက်ကျ သွားပြန်ပြီ။ ဘွားခင်တို့ဆိုင်ထက် အခုဖွင့်တဲ့ ဆိုင်ကပိုပြီး ဝယ်လို့ကောင်းတယ်။ မုန့်တွေ လည်း ပိုစုံတယ်ဖေကြီးရဲ့''
.
''ဟာ ဘယ်လိုဖြစ်တာလဲကွာ၊ အဘွားခင် ဆိုင်က မုန့်မရောင်းတော့ဘူးလား''
.
''မဟုတ်ပါဘူးရှင်၊ အဘွားခင်တို့ဆိုင်က အဘွားခင်မရှိကတည်းက ဆက်ဆံရေးကျဲလာ တော့ သိပ်မဝယ်ဖြစ်တော့တာပါ''
.''အော် ဟုတ်လား၊ အင်း ဘာလိုလိုနဲ့ အဘွားခင်ဆုံးခဲ့တာတောင် ၃ နှစ်လောက်ရှိပြီ နော်''
.
''ဟုတ်တယ်လေ၊ အဘွားခင်ရှိတုန်းက အဘွားခင်က ဆက်ဆံရေးလည်းကောင်း၊ စေ တနာလည်း ကောင်းတော့ ဈေးဝယ်သူတွေပေါ တာပေါ့''
.
''အေးကွာ အဘွားခင်ကို သတိရလိုက်တာ ကွာ၊ အဘွားက အသက်ကြီးပေမယ့် သိပ်ပြီး နေတတ်၊ ထိုင်တတ်တယ်ကွာ။ ပြောတတ်ဆို တတ် ခင်မင်တတ်တယ်ကွာ။ သိပ်ခင်ဖို့ကောင်း တာပဲ''
.
ဟုတ်ပါတယ်။ ထိုစဉ်က အဘွားခင်ဟာ အသက် ၈ဝ ကျော်ပြီဖြစ်ပါတယ်။ အဘွားခင် ဆုံးတော့ အသက် ၉ဝ ပင်ရှိပါပြီ။ အဘွားခင်ရှိ စဉ်က အဘွားခင်နားမှာ လူကြီးလူငယ်မရွေး ဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ မြင်သူတိုင်းက အဘွားခင်ကို လေးစားချစ်ခင်သွားလေ့ရှိပါ တယ်။ အဘွားခင်ကလည်း မြင်တဲ့တွေ့တဲ့သူ တိုင်းကို ဖော်ရွေလှိုက်လှဲစွာ နှုတ်ဆက်ခေါ်ပြော တတ်ပါတယ်။ အဆင့်အတန်းမခွဲခြားတတ်ပါ ဘူး။ သူစိမ်းသူကျက်မရွေးပါ။ သူတိုင်းကို ချစ် ခင်တတ်၊ စာနတတ်ပါတယ်။ ပေးကမ်းကျွေး မွေးတတ်ပါတယ်။ လူတိုင်းကို အဘွားခင်က သူ့သားသမီးမြေးမြစ်တွေလို ဆက်ဆံပါတယ်။ ဒီတော့ အဘွားကို လူတိုင်းက ချစ်ကြခင်ကြ ပါတယ်။ အဘွားခင်အတွက်ဆို အားလုံးက ဝိုင်းကူကြပါတယ်။ ပြီးတော့ အခါကြီးရက်ကြီး တွေမှာဆိုလည်း အဘွားခင်ကို သွားပြီးကန် တော့ကြ၊ လက်ဆောင်တွေပေးကြပါတယ်။ အ ဘွားမှာ အလွန်လာဘ်ရွှင်နေလေ့ရှိပါတယ်။ ဒါ ပေမဲ့ အဘွားကလည်း အလွန်ရက်ရောပါတယ်။ လာသမျှလူတွေကို ရှိတာပြန်ပေးတာပါပဲ။ ဒါ ကြောင့်လည်း အဘွားခင်မှာ အမြဲလာဘ်ရွှင်၊ လာဘ်ကောင်းနေသလား မသိတော့ပါ။
.
အဘွားခင်ဆိုင်မှာ အဘွားခင်ကိုယ်တိုင် ရောင်းတာ မဟုတ်ပါဘူး။ အဘွားခင်ရဲ့ သား သမီးမြေးမြစ်တွေက ရောင်းနေတာပါ။ အဘွား ခင်က ထိုင်နေရုံပါပဲ။ အဘွားကထိုင်ပြီး အအား မနေပါ။ လက်ထဲမှာ တစ်ခုခုတော့ လုပ်နေလေ့ ရှိပါတယ်။ (အချိုမှုန့်ထုပ်တွေထုတ်နေတာမျိုး၊ လက်ဖက်တွေ၊ ပဲခြမ်းတွေ ထုပ်နေတာမျိုး)စ သဖြင့် လုပ်နေတတ်ပါတယ်။ ဈေးဝယ်လာတဲ့ သူကိုလည်း နှုတ်ဆက်ပါတယ်။ ဟန်ဆောင်ပန် ဆောင်မဟုတ်ဘဲ စေတနာနဲ့ခေါ်တာပါ။ စားစ ရာရှိရင်ဇွတ်ခေါ်ကျွေးပါတယ်။ ပေးစရာရှိရင် ပေးပါတယ်။ ငြင်းလို့မရပါ။ အဘွားခင်က အ လွန်စကားပြောကောင်းပါတယ်။ နားဝင်ချို အောင် ပြောတတ်ပါတယ်။ မျက်နှာကလည်း ကြည်လင်ပြုံးရွှင်နေပါတယ်။ အဘွားခင်ဟာ ဘယ်တော့မှ မြည်တွန်တောက်တီးမနေပါ။ အဲ ဒါကြောင့် အဘွားခင်တို့ ဈေးဆိုင်ဟာ နေ့စဉ် တစ်နေ့လုံးရောင်းကောင်းနေပါတော့တယ်။ အဘွားခင်နဲ့ ကျွန်တော်ကလည်း အလွန်ခင်မင် ပါတယ်။ အဘွားက ရှေးဟောင်းနှောင်းဖြစ်အ ကြောင်း၊ ဘာသာရေးအကြောင်း၊ လူမှုရေးအ ကြောင်းတွေ စီကာပတ်ကုံးပြောပြလေ့ရှိပါ တယ်။ ကျွန်တော့်အတွက်တော့ စာရေးစရာ ကုန်ကြမ်းတွေ များစွာ ရရှိခဲ့ပါတယ်။ သြော် ခုတော့ အဘွားခင်ကို ကျွန်တော်တမ်းတမိပါ ပြီ။ အဘွားခင်မရှိတော့ အဘွားခင်တို့ အိမ်ဆိုင် ကိုလည်း ကျွန်တော်မရောက်ဖြစ်တော့ပါ။ ပြီး တော့ အဘွားခင်တို့ အိမ်ဆိုင်နဲ့အဆက်ပြတ် သွားခဲ့ပါတယ်။ ယခုတော့ အဘွားခင်တို့ အိမ် ဆိုင်က အဘွားခင်ရှိစဉ်ကလို ရောင်းမကောင်း တော့ပါဘူးတဲ့။ အင်း အဘွားခင်က မေတ္တာအ ချစ်တွေပေးတော့ အဘွားခင်တို့အိမ်ဆိုင်လေး ဟာလည်း မေတ္တာတွေ၊ ချစ်ခင်မှုတွေ ပြန်ရပြီး လက်မလည်အောင် ရောင်းကောင်းခဲ့ရပါတော့ တယ်။ ချစ်ခြင်းမေတ္တာရဲ့နောက်မှာ လာဘ်ရွှင် တာတွေ၊ မျက်နှာပွင့်တာတွေ၊ အောင်မြင်တာ တွေ၊ စီးပွားချမ်းသာမှုတွေ၊ ကူညီမှုတွေ စသ ဖြင့် ကောင်းခြင်းမင်္ဂလာတွေ ဝင်လာမစဲ တ သည်းသည်းပါပဲ။ ချစ်ခြင်းမေတ္တာနဲ့ အမြဲနေ တတ်တဲ့ အဘွားခင်ကတော့ ပျော်ရွှင်အေးချမ်း စွာ အသက်ရှည်ရှည်နေခဲ့ရပါတယ်။
.
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး အလွန်နှစ် သက်စရာကောင်းတဲ့ ပုံပြင်လေးတစ်ပုဒ်ကို င်္ခေနဘသသု မှာ ဖတ်ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ သြအန ထဲမှာ သိမ်းထားခဲ့ပါတယ်။ အဲဒီပုံပြင်လေး ကတော့ တစ်ခါတုန်းက အိမ်ရှင်မ တစ်ဦးဟာ သူမရဲ့ အိမ်အပြင်ကို ထွက်လာခဲ့ပါတယ်။ သူမ ဟာ ရုတ်တရက်အဘိုးအိုသုံးယောက်ကို အိမ် ရှေ့က ခုံတန်းလေးမှာ ထိုင်နေတာတွေ့လိုက် ရပါတယ်။ အဲဒီအဘိုးအိုတွေကို သူမတစ်ခါမှ မတွေ့ဖူး၊ မမြင်ဖူးပါဘူး။ အဘိုးအိုတွေကိုကြည့် တာ အလွန်ဆာလောင်နေပုံပေါက်နေတာ တွေ့ ရပါတယ်။ သူမဟာ သနားတတ်တဲ့နှလုံးသား ပိုင်ရှင်ဖြစ်တဲ့အတွက် ''အဘိုးတို့ရှင် လာပါ၊ အိမ်ထဲကို ဝင်ပြီးထိုင်ပါ။ တစ်ခုခုစားကြပါဦး''လို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီတော့ အဘိုး အိုတို့က ''မင်းရဲ့ ယောက်ျား အိမ်ထဲမှာရှိလား သမီး''၊ ''မရှိပါဘူးရှင်''၊ ''ဒါဆိုရင် အဘိုးတို့ မဝင်တော့ပါဘူးကွယ်''လို့ဆိုပြီး အိမ်အပြင်က ခုံတန်းလေးမှာ ဆက်လက်ထိုင်နေကြပါတယ်။ ညနေရောက်လို့ သူမယောက်ျားဖြစ်သူပြန်လာ တော့ အဘိုးအိုသုံးယောက်ကြောင်းကို ပြောပြ တယ်။ ဒီအခါ ယောက်ျားဖြစ်သူက ''အဘိုး အိုတို့ကို အိမ်ထဲခေါ်လာပါကွာ၊ တစ်ခုခုစားဖို့ ခေါ်လိုက်ပါ''၊ သူမဟာ အိမ်အပြင်ကို ထွက် တော့ အဘိုးအိုသုံးယောက်က ခုံတန်းလေးမှာ ထိုင်နေလျက်ပါပဲ။ ''အဘိုးတို့ရှင် ကျွန်မယော က်ျား ပြန်ရောက်ပါပြီ။ သူကလည်း အဘိုးတို့ ကို အိမ်ထဲကို ဖိတ်ခေါ်လိုက်ပါတယ်။ တစ်ခုခု စားရအောင်ြ<ွကပါရှင့်''၊ ဒီအခါ အဘိုးအိုတစ် ဦးက ''ငါတို့အားလုံး အတူတူဝင်လာလို့ မရ ဘူး သမီး''၊ ''ဘာဖြစ်လို့ပါလဲရှင့်'' အဘိုးအို တစ်ယောက်က ကျန်တဲ့ အဘိုးအိုနှစ်ယောက် တည်းက တစ်ယောက်ကို ညွှန်ပြရင်း ''သူ့ရဲ့ အမည်ကတော့ ချမ်းသာခြင်းပါ''၊ ပြီးတော့ နောက်ထပ်အဘိုးအိုကို ညွှန်ပြရင်း''သူ့ရဲ့အ မည်ကတော့ အောင်မြင်ခြင်းပါ၊ အဘိုးရဲ့ အ မည်ကတော့ ချစ်ခြင်းမေတ္တာပါ၊ ကဲ သမီးရေ သမီးရဲ့ ယောက်ျားကို သွားမေးလိုက်ပါဦး၊ ဘယ်သူ့ကို အိမ်ထဲဝင်စေချင်လည်းဆိုတာ မေးကြည့်ပါကွယ်''
.
သူမဟာ အိမ်ထဲဝင်ပြီးယောက်ျားဖြစ်သူနဲ့ တိုင်ပင်ပါတယ်။ ယောက်ျားဖြစ်သူကတော့ အံ့ သြနေတာပေါ့။
.
''ဘယ်လောက်တောင် အံ့သြဖို့ကောင်း လိုက်သလဲ၊ အင်း ဒီအခြေအနေမှာ ငါတို့ချမ်း သာခြင်းကို ဖိတ်ခေါ်သင့်တယ် ထင်တယ်။ ကဲ မိန်းမရေ ချမ်းသာခြင်းဆိုတဲ့ အဘိုးအိုကို အိမ် ထဲကိုဖိတ်လိုက်ပါ။ ငါတို့ မိသားစုလေးကို ချမ်း သာခြင်းတွေနဲ့ ပြည့်အောင် လုပ်ရမယ်''
.
ဒါပေမဲ့ ဇနီးဖြစ်သူကတော့ သဘောမတူ ပါဘူး။
.
''ယောက်ျားရယ် ဘာလို့ အောင်မြင်မှုဆို တဲ့ အဘိုးအိုကို မဖိတ်ချင်ရတာလဲ၊ ကျွန်မတို့ အောင်မြင်မှုကိုလည်း လိုအပ်တယ်လေ''
.
သူတို့လင်မယားနှစ်ယောက်ပြောနေတာကို အခန်းထဲဝင်လာတဲ့ သမီးဖြစ်သူက ကြား ပြီး အခြေအနေကို နားလည်သွားပါတယ်။ သူ မကလည်း ဝင်ပြီး ''အဖေနဲ့အမေ သမီးလည်း ပြောပါရစေ၊ ချစ်ခြင်းမေတ္တာဆိုတဲ့ အဘိုးအိုကို ခေါ်တာက အကောင်းဆုံးလို့ သမီးထင်တယ်။ သမီးတို့ရဲ့ မိသားစုလေးကို ချစ်ခြင်းမေတ္တာ တွေနဲ့ ပြည့်နေတာပိုကောင်းပါတယ်နော် ဖေ ဖေနဲ့မေမေ''
.
အဲဒီအခါ အဖေနဲ့အမေကလည်း သမီးရဲ့ စကားကို သဘောကျသွားပြီး ''ချစ်ခြင်းမေ တ္တာ''ဆိုတဲ့ အဘိုးအိုကိုခေါ်လိုက်ဖို့ သဘော တူလိုက်ကြပါတယ်။ အိမ်ရှင်မဟာ အိမ်အပြင် ကိုထွက်ပြီး အဘိုးအိုသုံးယောက်ကို ပြောလိုက် ပါတယ်။
.
''အဘိုးတို့ထဲက ချစ်ခြင်းမေတ္တာက ဘယ် သူပါလဲရှင်၊ ချစ်ခြင်းမေတ္တာဆိုတဲ့အဘိုးအို ကျေးဇူးပြုပြီး အိမ်ထဲကိုကြွပါ။ ဧည့်သည်အဖြစ် စားစရာတွေ လာရောက်သုံးဆောင်ပါ''
.
ဒါကြောင့် ချစ်ခြင်းမေတ္တာဆိုတဲ့ အဖိုးအို ဟာ ရှေ့ထွက်လာပြီး အိမ်ထဲကိုဦးတည်ဝင်သွား ပါတယ်။ ကျန်တဲ့အဘိုးအိုနှစ်ယောက်လည်း သူ့နောက်ကနေ အိမ်ထဲကိုချက်ချင်းထလိုက် သွားကြပါတယ်။ အိမ်ထဲကို အဘိုးအိုသုံး ယောက်လုံးဝင်လာတော့ အိမ်ရှင်မဟာ အံ့သြ သွားတာပေါ့။ အဘိုးအိုသုံးယောက်ကို မေး လိုက်ပါတယ်။
.
''ကျွန်မက ချစ်ခြင်းမေတ္တာဆိုတဲ့ အဘိုး အိုတစ်ယောက်တည်းပဲ ဖိတ်လိုက်တာပါ၊ ဘာလို့ အားလုံးဝင်လာကြတာလဲရှင်''
.
ဒီအခါ ချစ်ခြင်းမေတ္တာဆိုတဲ့ အဘိုးအိုက ပြန်ဖြေလိုက်ပါတယ်။
.
''တကယ်လို့ သမီးက အောင်မြင်ခြင်းနဲ့ ချမ်းသာခြင်းထဲက တစ်ယောက်ယောက်ကိုဖိတ် လိုက်မယ်ဆိုရင် ကျန်တဲ့နှစ်ယောက်က အိမ်အ ပြင်မှာ နေခဲ့ရမှာ။ ဒါပေမဲ့ သမီးက ချစ်ခြင်း မေတ္တာကိုဖိတ်ခေါ်လိုက်တော့ သူဘယ်သွား သွား သူတို့နှစ်ယောက်က လိုက်ကြပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာရှိတဲ့နေရာတိုင်းမှာ အောင်မြင် ခြင်းနဲ့ ချမ်းသာခြင်းတို့ ရှိကြတယ် သမီး''
.
Facebook မှာ ဒီပုံပြင်လေးကိုတင်ပြီး ဘဝမှာ ဘာအရေးအကြီးဆုံးလဲဆိုတာကို တင် ပြထားတဲ့ ပုဂ္ဂိုလ်ကို ကျွန်တော်မမှတ်မိတော့ ပါ။ ကျွန်တော့်ဖုန်းထဲက သြအန မှာ မှတ်ထား လိုက်ပေမယ့် အကြောင်းအရာတွေသာ သြအန ထဲမှာ ဖတ်ရပါတော့တယ်။ ဒါကြောင့် ဒီအ ကြောင်းအရာတင်တဲ့သူကို မဖော်ပြနိုင်လို့ အဲဒီ ကာယကံရှင်နဲ့ စာဖတ်သူများကို နားလည်ပေး ဖို့ ကျွန်တော်တောင်းပန်ပါရစေ။ ပုံပြင်ရဲ့ အောက်မှာရေးထားတဲ့ အချက်တွေကလည်း အလွန်တန်ဖိုးရှိလွန်းလို့ ဆက်လက်ဖော်ပြပေး လိုက်ပါတယ်။
.
ဘဝမှာ ဘယ်အရာက အရေးအကြီးဆုံး လဲဆိုတာ သိဖို့လိုပါတယ်။ ကျွန်တော်အပါအ ဝင် အားလုံးသောသူတွေက ချမ်းသာချင်ကြပါ တယ်။ အောင်မြင်ချင်ကြပါတယ်။ ဒါပေမဲ့ ချစ် ခြင်းမေတ္တာရဲ့ အရေးပါမှုကို သိပ်ဂရုမစိုက်မိကြ ပါဘူး။ ချစ်ခြင်းမေတ္တာမရှိတဲ့ အောင်မြင်မှု၊ ချမ်းသာမှုတွေရဲ့ အဓိပ္ပာယ်မဲ့မှုကို မတွေးမိကြ ပါဘူး။ ချမ်းသာမှုတို့ အောင်မြင်မှုတို့ ရှာဖွေပြီးမှ ချစ်ခြင်းမေတ္တာကို ရှာရင်ပိုကောင်းမယ်၊ ပို လွယ်မယ် ထင်ကြပါတယ်။
.
ဒါပေမဲ့ ကိုယ်ရှာနေတဲ့အချိန်မှာပဲ မိသားစု အချင်းချင်းကြားက ချစ်ခြင်းမေတ္တာတွေ၊ သူ ငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေက လက်ပြနှုတ်ဆက်ထွက်ခွာသွားတတ်ကြပါ တယ်။ သူတို့ကို ဘယ်လိုမှ ပြန်ရှာလို့ မရတော့ ပါဘူး။ တချို့သော ချစ်ခြင်းမေတ္တာတရားတွေက ဘယ်တော့မှ နောက်ထပ်အစားထိုးလို့ ပြန်မရ နိုင်တော့ပါဘူး။ လက်ရှိအချိန်မှာပဲ ကိုယ့်ရဲ့ မိ သားစု၊ မောင်နှမ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေကြားက ချစ်ခြင်းမေတ္တာတွေကို ရယူတန် ဖိုး ထားကြပါတယ်။ အောင်မြင်မှုနဲ့ ချမ်းသာမှု ကို အလိုလိုရလာပါလိမ့်မယ်။
.
လက်ရှိအချိန်မှာ ကျွန်တော်တို့ နိုင်ငံအ တွက် အရေးတကြီး အလိုအပ်ဆုံးက ချစ်ခြင်း မေတ္တာပဲဖြစ်ပါတယ်။ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေကြားက ခြောက်ခမ်းသွားတဲ့ ချစ် ခြင်းမေတ္တာတရားတွေကို ပြန်လည်စိုပြေလာ အောင် ကြိုးပမ်းကြဖို့ လိုနေပါပြီ။ ဒီအချက်ကို ယခုအခါ ကျွန်တော်တို့ တိုင်းရင်းသားညီအစ် ကို မောင်နှမတွေ သိမြင်လိုက်ကြပါပြီ။''လက် သည်းဆိတ်တော့ လက်ထိပ်နာ''ဆိုသလို ရခိုင် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ထိပါး ခံရတဲ့အခါ ကျန်တဲ့တစ်တိုင်းတစ်ပြည်လုံးက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ မခံမရပ် နိုင်ဖြစ်ခဲ့ကြရပါတယ်။ အချင်းချင်းအမုန်းပွား ရန်ဖြစ်နေတာတွေရပ်ပြီး ပြန်လည်သင့်မြတ်ချစ် ခင်ကြဖို့ အရေးကြီးတယ်ဆိုတာကို အားလုံးနား လည်သွားပြီဖြစ်ပါတယ်။ ထိပါးခံရတဲ့ ဒုက္ခ ရောက်ကြတဲ့ ညီအစ်ကိုမောင်နှမတွေကို ဝိုင်း ဝန်းကူညီထောက်ပံ့နေကြပါပြီ။ ဝိုင်းဝန်းကာ ကွယ်စောင့်ရှောက်ဖို့ လက်ချင်းတွဲနေကြပါပြီ။ ညီအစ်ကိုမောင်နှမတွေ အချင်းချင်း ချစ်ခြင်း မေတ္တာတွေ အပ်နှင်းနေကြပါပြီ။ မင်္ဂလာရှိတဲ့ ချစ်ခြင်းမေတ္တာ သံစဉ်တွေ၊ ငြိမ်းချမ်းရေး သံ စဉ်တွေ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ ဝေစီလို့ နေပါပြီ။ ချစ်ခြင်းမေတ္တာရဲ့နောက်မှာ အောင် မြင်မှုတွေ၊ ချမ်းသာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်သာ ယာမှုတွေ ပါလာစမြဲပါ။ ကျွန်တော်တို့ ညီအစ် ကိုမောင်နှမတွေ ရင်ချင်းအပ်ကြပါစို့ အမုန်း တွေရပ်ကြပါစို့၊ အချစ်တွေ ထပ်ကြပါစို့။
.
ကျွန်တော်တို့ ညီအစ်ကိုမောင်နှမသွေးချင်း တွေရဲ့ အချင်းချင်း ချစ်ခြင်းမေတ္တာကလည်း စစ်မှန်ဖို့တော့ လိုပါတယ်။ ဟန်ဆောင်တာတွေ၊ လှည့်စားတာတွေ၊ ကောက်ကျစ်တာတွေ မပါ ဖို့တော့ လိုပါလိမ့်မယ်။ ဒါကလည်း သတိထား နိုင်အောင်လို့ ပြောရတာပါ။ တစ်မိတည်းပေါက် တစ်အူတုံဆင်း ညီအစ်ကိုချင်းတောင် တစ် ကိုယ်ကောင်းဆန်တာ၊ အတ္တကြီးတာ၊ မစာနာ မငဲ့ညှာတာတွေ ဖြစ်လာရင် ချစ်ခြင်းတွေ ပျက် သွားတတ်ပါသေးတယ်။ ဟန်ဆောင်လှည့်စား တစ်ကိုယ်ကောင်းဆန်သွားတာတွေ ရှိပါ သေးတယ်။ ဒါကြောင့် ဖြူစင်သန့်ရှင်းတဲ့ စစ် မှန်တဲ့ ချစ်ခြင်းမေတ္တာဖြစ်ဖို့ လိုပါတယ်။ မာန တွေ၊ အာဃာတတွေကို ခဝါချပစ်နိုင်ရပါမယ်။ အချင်းချင်းစာနာနားလည်မှုတွေ၊ ခွင့်လွှတ် သည်းခံမှုတွေ သဘောထားကြီးမှုတွေနဲ့ စစ် မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ တည်ဆောက်ကြရ မှာဖြစ်ပါတယ်။
.
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက ယုံကြည်မှုကို လည်း ခိုင်မာစေပါတယ်။ ကျွန်တော့်ဘဝမှာ ကျွန်တော်အယုံကြည်ဆုံး ပုဂ္ဂိုလ်ဟာ ကျွန်တော့် အမေပါ။ ဘာလို့လဲဆိုတော့ အမေက ကျွန် တော့်အပေါ်ကို ဘယ်သူမှ မပေးနိုင်တဲ့မေတ္တာ ကို ပေးနေလို့ပါ။ အမေ့ရဲ့စစ်မှန်တဲ့မေတ္တာတွေ က ကျွန်တော့်ကို အင်အားတွေဖြစ်ပါတယ်။ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေ ဖြစ်စေနိုင်ခဲ့ ပါတယ်။ အမေ့ရဲ့ မေတ္တာရိပ်မြုံဟာ ကျွန်တော့် ဘဝကို လုံခြုံစေခဲ့၊ အေးချမ်းစေခဲ့ပါတယ်။ ဒါ ကြောင့် ကျွန်တော်ကတော့ မေတ္တာတရားကို  ယုံကြည်ပါတယ်။ အားကိုးပါတယ်။ ကျွန်တော့် ရဲ့ သားသမီးတွေ၊ ညီ၊ ညီမတွေ၊ တပည့်တွေ ကိုလည်း စွမ်းနိုင်သမျှ ချစ်ခြင်းမေတ္တာတွေကို ပေးခဲ့ပါတယ်။ ပေးနေဆဲလည်းဖြစ်ပါတယ်။ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဆရာတွေ၊ ကျေးဇူးရှင်တွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေ ကိုလည်း ချစ်ခြင်းမေတ္တာအရင်းခံပြီး ဆက်ဆံ နေခဲ့ပါတယ်။ သံသယတွေ၊ အမုန်းတွေ၊ မနာ လိုဝန်တိုတာတွေ ဖြစ်ခဲ့ရင်တောင် သတိထား ပြီး ပြေလျှော့ပါတယ်။ မေ့ပစ်ခဲ့ပါတယ်။ ရန်ငြိုး မထား၊ အာဃာတမပွားခဲ့ပါဘူး။ ခွင့်လွှတ်နား လည်ပြီး ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေဖို့ အစဉ်ကြိုးစားနေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကိုယ်တိုင် အမှားမကင်းသေးတာကို တော့ ဝန်ခံရပါတယ်။ ချစ်ခြင်းမေတ္တာကို လက် ကိုင်ထားတဲ့ကြားကတောင် ဒေါသတွေ၊ မာန တွေ၊ အတ္တတွေ ဝင်လာရင် မှားသွားခဲ့ပါသေး တယ်။ ပြန်ပြန်ထိန်းတတ်ဖို့တော့ လိုပါတယ်။ သတိရှိဖို့ ဆင်ခြင်Óာဏ်ရှိဖို့လည်း လိုပါတယ်။
.
စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက ယုံကြည်မှုကို ခိုင်မာစေပါတယ်။ ယုံကြည်မှုရှိရင် ရဲရင့်ပါတယ်။ ရဲရင့်ခြင်းရှိရင် ဘယ်ရန်သူကိုမှ မကြောက်ပါ ဘူး။ ဘယ်အခက်အခဲကိုမှ မမှုပါဘူး။ ဘယ်အ နှောင့်အယှက်ကိုမှ မရွံ့တော့ပါဘူး။ ရန်သူကို လည်း အောင်နိုင်စေပါတယ်။ အခက်အခဲတွေ အနှောင့်အယှက်တွေကိုလည်း ကျော်လွှားနိုင် ပါတယ်။ ဒီအခါအောင်မြင်မှုတွေ၊ ချမ်းသာခြင်း တွေ ရရှိလာတော့တာပါပဲ။ အောင်မြင်ချမ်းသာ လာတာနဲ့ အမျှလည်း ပျော်ရွှင်သာယာမှုတွေ ဖြစ်ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအားလုံး စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ တွေကို ဆထက်ထမ်းပိုးတိုးကာ တိုးကာ တည် ဆောက်ကြပါစို့။ အဲဒါဆိုရင် စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာရဲ့ နောက်မှာ။ 
.
.
.
#KBZTai #Shan

Journal Download

Photo of three cats