တောင်ကြီး၌ အများပြည်သူပိုင် လမ်းမပေါ် စီးပွားရေး လုပ်နေခြင်းများကို စည်ပင်က ဥပေက္ခာ ပြုထားသကဲ့သို့ ဖြစ်နေဟု ဝေဖန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ အများပြည်သူပိုင် လမ်းမပေါ် စီးပွားရေး လုပ်နေခြင်းများကို စည်ပင်က ဥပေက္ခာ ပြုထားသကဲ့သို့ ဖြစ်နေဟု ဝေဖန်



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အနောက်မြို့ပတ်လမ်း၌ ကုန်တင် ကားကြီးများနှင့် တွဲကားများ ည အိပ်ရပ်နားခြင်း၊ ကုန်တင်ကုန်ချပြု လုပ်ခြင်း၊ ကားဝပ်ရှော့၊ဆိုင်ကယ် ဝပ်ရှော့များ ဖွင့်လှစ်၍ လမ်းမပေါ် ၌ ပြုပြင်နေခြင်း၊ ကားဆိုင်ကယ် ရေဆေးခုံများ ဖွင့်လှစ်ထားခြင်းကို တောင်ကြီးမြို့နယ်စည်ပင်သာယာ ရေးဌာနကအရေးယူ ဆောင်ရွက် ခြင်းမရှိဘဲ ဥပေက္ခာပြုထားသကဲ့သို့ ဖြစ်နေသည်ဟု ရှမ်းပြည်နိုင်ငံရေး အဖွဲ့မှ ဦးတင်မောင်တိုးက ဝေဖန် ပြောဆိုခဲ့သည်။
.
.
''အနောက်မြို့ပတ်လမ်းမှာက ကုန်တင်ကုန်ချ လုပ်နေတာတွေတွေ့ ရတယ်။ ရပ်ကွက်တွင်း လမ်းတွေ မှာလည်း လုပ်နေကြတယ်။ ညအိပ် ရပ်နားတာတွေရှိတယ်။ နောက်ပြီး အနောက်မြို့ပတ်လမ်းရဲ့လမ်းဘေး ဝဲယာတစ်လျှောက်မှာ ကားဝပ်ရှော့ တွေ၊ ဆိုင်ကယ်ဝပ်ရှော့တွေ ကားရေ ဆေးခုံတွေက အများပြည်သူပိုင်လမ်း ပေါ်မှာလုပ်နေကြတယ်။ အဲဒါတွေ ကိုအစကတည်းက စိစစ်ရမှာလေ။ ကွမ်းယာဆိုင်တွေကြတော့ ဖယ်ခိုင်း တာတွေ လုပ်တယ်။ ကား ၄/၅/၁ဝ စီး ရပ်ပြီး လုပ်နေတာတွေကြတော့ မမြင်ချင်ယောင် ဆောင်နေကြတယ်။ အဲလို လုပ်နေတာတွေက အများပြည် သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ အဓိကကတော့ စည် ပင်မှာ တာဝန်ရှိတာပေါ့။ ဒါတွေကို စိစစ်ကြပ်မတ်ပြီး ဖယ်ရှားသင့်တယ်။ အခုဟာက ဥပေက္ခာပြုထားသလို ဖြစ်နေတယ်''ဟု ဦးတင်မောင်တိုးက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ ကိစ္စနှင့် ပါတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာ ရေးဌာန၊ စည်းကမ်းထိန်းသိမ်းဌာနမှ ဦးကျော်ဇင်လင်းထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ''ကားဝပ်ရှော့တွေ၊ ဆိုင် ကယ်ဝပ်ရှော့တွေ လမ်းပေါ်မှာလုပ် နေတာတွေကို အရေးယူဆောင် ရွက်ဖို့တော့ ညွှန်ကြားထားတာ မ ရှိသေးပါဘူး။ အရင်လည်းအရေးယူ ခဲ့ဖူးတာ မရှိသေးပါဘူး။ လမ်းပိတ် ဆို့တတ်တဲ့ နေရာမှာ ကုန်တင်ကုန် ချလုပ်လို့ အရေး ယူခဲ့ဖူးတာတော့ ရှိပါတယ်''ဟု ပြန်လည် ဖြေကြားခဲ့ သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ပတ် လမ်း၏ လမ်းဘေးဝဲယာတစ်လျှောက် ၌ ကုန်တင်ကားကြီးများနှင့်တွဲ ကားများအား ကုန်တင်ကုန်ချပြုလုပ် ခြင်းနှင့် ညအိပ်ရပ်နားခြင်းတို့ကို တ ရားဝင် ခွင့်ပြုပေးထားခြင်းမရှိသော် လည်း ရပ်နားမှုများရှိနေသောကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ် ပေါ်စေနိုင်သဖြင့် အရေးယူ ဆောင် ရွက်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုလျက် ရှိသည်။
.
''တောင်ကြီးမြို့ပေါ်မှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းကို ခရီးသည်တင် Express ကားတွေနဲ့ ကုန်တင်ယာဉ် တွေကိုဖြတ်သန်းခွင့် မပြုထားပါဘူး။ အနောက်မြို့ပတ်လမ်းနဲ့ အရှေ့မြို့ ပတ်လမ်းတွေမှာတော့ ခွင့်ပြုထား ပါတယ်။ ဒါပေမဲ့ ညအိပ်ရပ်နားတာ တွေ ကုန်တင်ကုန်ချပြုလုပ်တာတွေ ကိုတော့ ခွင့်ပြုထားခြင်းမရှိပါဘူး။ တိုင်ကြားတာတွေရှိရင် အရေးယူသွား မှာပါ''ဟု တောင်ကြီးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲမှူး မျိုးဇော်အောင်က ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည် နယ်၏ မြို့တော်ဖြစ်ပြီး မြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၂၂ ရပ်ကွက်တည်ရှိ ကာ အဓိက လမ်းမကြီးများအဖြစ် ဗိုလ်ချုပ်အောင်ဆန်းလမ်း (မိန်းလမ်း)၊ အရှေ့မြို့လမ်းနှင့် အနောက်မြို့ပတ် လမ်းတို့ တည်ရှိနေသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats