မိုင်းမော (တြိဂံနယ်မြေ)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံးကျေးရွာ၌
မူးယစ်ဆေးဝါးရောင်းချသူနှင့် သုံးစွဲသူ မြန်မာနိုင်ငံသား ၁ ဦးနှင့် ထိုင်းနိုင်ငံသား
၎ ဦးတို့ကို အောက်တိုဘာ ၃၁ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။
.
.
တာချီလိတ်မြို့မရဲစခန်းမှ ရဲအုပ် ကိုကိုဦး ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃ဝ)မှ
တာချီလိတ်မှ တာဝန်ရှိသူများနှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ
ပါဝင်သောအဖွဲ့သည် အောက်တိုဘာ ၃၁ ရက်နံနက် ၁၁ နာရီခွဲတွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊
ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံးကျေးရွာနေ စိုင်းသန်း၏ နေအိမ်အား မူးယစ်ဆေးဝါးရောင်းချနေကြောင်း
သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ စိုင်းသန်းအား နေအိမ်မီးဖိုချောင်အတွင်း အသင့်တွေ့ရှိရပြီး
၎င်းနှင့်အတူ ထိုင်းနိုင်ငံသား Mr.Jetsada Inphuk၊ Mr.Thump Sai Sai Suphan၊
Miss.Jutharat Junjaila၊ Miss.Sawrtree A Aee တို့အား တွေ့ရပြီး ဆက်လက်ရှာဖွေရာ မီးဖိုခန်းရှေ့ရပ်
ထားသော Honda Super Cub အမျိုးအစားဆိုင်ကယ်ရှေ့ခြင်းအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင်
စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ပြားနှင့် နီညိုရောင် စိတ်ကြွရူးသွပ်ဆေး ပြား ၆ ပြား၊ စုစုပေါင်း
စိတ်ကြွဆေးပြား ၇၅ ပြား၊ အလေးချိန် ၇ ဒသမ ၅ ဂရမ်ခန့်၊ စိတ်ကြွဆေးပြားရှူရာတွင် အသုံးပြုသည့်
ဝါးပြောင်းတပ်လျက် ရေဗူး တစ်ဗူး၊ လက်ကိုင်ဖုန်း နှစ်လုံးတို့အား သိမ်းဆည်းရမိသည်။
သို့ဖြစ်၍ စိတ်ကြွဆေးပြားများနှင့်အတူ လက်ဝယ်တွေ့ရှိသူ စိုင်းသန်း
(၃၅ နှစ်)၊ ဝမ်ကျောက်လုံရွာ၊ ဖန်မင်အုပ်စု၊ တာချီလိတ်မြို့နယ်၊ Mr.Jetsada Inphuk (၃၆
နှစ်) Mr.Thump Sai Sai Suphan (၃၄ နှစ်)၊ Miss.Jutharat Junjaila (၃၁ နှစ်)၊ Miss.Sawrtree
A Aee (၂၂ နှစ်)၊ ချင်းမိုင်ခရိုင်၊ ထိုင်းနိုင်ငံနေသူတို့အား တာချီလိတ် မြို့မရဲစခန်းတွင်
အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan