နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့ကြား
ဂုတ်တွင်းလမ်းတွင် နိုဝင်ဘာ ၈ ရက်၊ နံနက်ပိုင်းက နွားတင် ၁၂ ဘီးယာဉ်တစ်စီးတိမ်းမှောက်ပြီးယာဉ်မောင်းသေဆုံးကာ
နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့စိတ်မှ သိရှိရသည်။
.
.
ဂုတ်တွင်းလမ်းပိုင်း၊ နောင်ချိုဘက်ခြမ်း နတ်စင်ရေကန်ကွေ့ မိုင်တိုင်အမှတ်
၈/၆-၇ ကြားတွင် နွားများတင် ဆောင်လာသော ၁၂ ဘီး ယာဉ်တစ်စီးတိမ်းမှောက်သွားရာ ယာဉ်မောင်းသေဆုံးသွားပြီး
ဒဏ်ရာများရရှိခဲ့သည့် ယာဉ်နောက်လိုက် ၂ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းသေဆုံးတယ်။
နွားထိန်း ၂ ဦး ဒဏ်ရာရတယ်။ အမှုဖွင့်ဖို့ဆောင်ရွက်ထားပါတယ်။’’ဟု နောင်ချိုမြို့
ယာဉ်ထိန်းရုံးတပ်ဖွဲ့စိတ်မှ ရဲအုပ် ခင်မောင်မြင့်ကပြောသည်။
.
တိမ်းမှောက်ယာဉ်ခေါင်းခန်းတွင်ညပ်မိကာသေဆုံးသွားသော ယာဉ်မောင်း၏
ရုပ်အလောင်းအား နောင်ချိုမီး သတ်တပ်ဖွဲ့ဝင်များမှ ကူညီဆွဲထုတ်ပေးခဲ့ရကြောင်း ကျောက်မဲ
အဖြူရောင်နှလုံးသား ပရဟိတအသင်းမှ သိရသည်။
.
“ကျွန်တော်တို့က
မန္တလေးကိုလူနာသွားအပို့ လမ်းကြုံတွေ့လို့ကူညီခဲ့တာပါ။ ဒဏ်ရာရတဲ့ ၂ ဦးကို နောင်ချိုဆေး
ရုံကို ပို့ပေးခဲ့တာပါ။ ယာဉ်မောင်းကတော့ ကားခေါင်းခန်းမှာညပ်နေတယ်။ ပတ်ဝန်းကျင်က ပြောတာတော့ ဘရိတ်ပေါက်ပြီး မှောက်တာလို့ ပြောကြတယ်။’’ဟု ကျောက်မဲ
အဖြူရောင်နှလုံးသား ပရဟိတအသင်းမှ ဦးမြဝင်းက ပြောသည်။
.
အခင်းဖြစ်ရာသို့ နောင်ချိုမြို့မှ လူမှုရေးအသင်းကားများလည်း လာရောက်ကူညီပေးကြပြီး
အဆိုပါ နောင်ချို-ကျောက်မဲမြို့ကြားလမ်းပိုင်းတွင် နွားတင်ယာဉ်များ မကြာခဏ သေနတ်ဖြင့်
ပစ်ခံရခြင်း၊ တိမ်းမှောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
.
.
.
#KBZTai #Shan