ရဲဘော်မြသိန်း (ဟိုပုံး)
.
လွန်ခဲ့သော နှစ်အတော်များများအကြာက ဖြစ်ပါသည်။ ၁၉၈ဝ ပြည့်နှစ်လောက်ကဟု
ခန့် မှန်းပါသည်။ ထိုစဉ်က ကျွန်တော်သည် ဟိုပုံး မြို့မှ မန္တလေးမြို့သို့ အစိုးရတာဝန်တစ်ခုဖြင့်
ရောက်ရှိခဲ့ပါသည်။ လုပ်ဖော်ကိုင်ဖက်သူငယ် ချင်းတချို့လည်း ပါရှိကြပါသည်။
.
.
ကျွန်တော်တို့သည် တစ်ရက်သော တာဝန် နားချိန်တွင် မန္တလေးမြို့ရှိ
ကျွန်တော်တို့နှင့် ရင်းနှီးခဲ့ဖူးသော အသိမိတ်ဆွေ မိသားစုတစ်စု အိမ်သို့ သွားရောက်လည်ပတ်ပါသည်။
ထိုမိ သားစုသည် ဟိုပုံးမြို့မှ မန္တလေးမြို့သို့ ပြောင်း ရွှေ့နေထိုင်သည်မှာ ဆယ်နှစ်ကျော်လောက်ရှိ
ပါပြီ။ သူတို့ မိသားစုသည် ဟိုပုံးမြို့ကို သံယော ဇဉ်ရှိသူများဖြစ်၍ ဟိုပုံးသားဖြစ်သော
ကျွန် တော်တို့ကို ကောင်းမွန်စွာ ဧည့်ခံပြုစုပါသည်။ သူတို့နေထိုင်သည့်နေရာမှာ မန္တလေးမြို့
မီးရ ထားဘူတာရုံကြီးအနီး တရုတ်တန်းဘက်တွင် ဖြစ်ပါသည်။
ကျွန်တော်တို့သည် မိတ်ဆွေမိသားစုအိမ် တွင် အလာပ သလာပ စကားစမြည်များ
ဝိုင်း ဖွဲ့ပြောဆိုနေကြပါသည်။ ကျွန်တော်သည် စ ကားတချို့ပြောနေရင်းမှ ခပ်လှမ်းလှမ်းလူငယ်
တစ်ယောက်ကို သွားသတိပြုမိလိုက်ပါသည်။ ထိုလူငယ်သည် ကျွန်တော်တို့ စကားဝိုင်းကို လှမ်းနားထောင်နေရာမှ
သူ၏ဘယ်ဘက်လက် ချောင်းများအကြားကို ကုတ်ခြစ်လိုက်၊ နားနေ လိုက်၊ ပွတ်လိုက်၊ တစ်ဖန်ကုတ်လိုက်၊
ခြစ် လိုက်၊ ပွတ်လိုက်နှင့်ဖြစ်နေပါသည်။ ခဏအ ကြာတွင် သူ၏ ညာဘက်လက်ချောင်းများအ ကြားကို
ကုတ်ခြစ်လိုက်၊ နားနေလိုက်၊ ပွတ် လိုက်၊ တစ်ဖန်ကုတ်ခြစ်လိုက်လုပ်နေပြန်ပါ သည်။ လက်ဖဝါးနှစ်ဖက်ကို
တစ်လှည့်စီလုပ်နေ ခြင်းဖြစ်ပါသည်။ သူများစကားနားထောင်းရင်း ထိုလူငယ်အလုပ်ရှုပ်နေပါသည်။
.
ထိုအခါ ကျွန်တော်သည် ပြောလက်စ စကားဝိုင်းမှထွက်ခဲ့ကာ လက်ချောင်းများကို
မကြာခဏ ကုတ်ပွတ်နေသော လူငယ်ထံ သွားတွေ့လိုက်ပါသည်။ သူ့အနားတွင်လည်း ကပ်ထိုင်လိုက်ပါသည်။
ထိုလူငယ်သည် ကျွန် တော်တို့ ယခုရောက်ရှိနေသော မိတ်ဆွေအိမ် က လူငယ်တစ်ယောက်ဖြစ်ပါသည်။
မိတ်ဆွေ ၏ သားငယ်တစ်ယောက်ဖြစ်ပုံရပါသည်။
.
ကျွန်တော်က ထိုလူငယ်ကိုပြုံးပြပြီး သူ၏ လက်ဖဝါးနှစ်ဘက်ကို ကိုင်ကြည့်လိုက်ပါသည်။
အထူးသဖြင့် သူ၏ လက်ချောင်းများအကြားရှိ အရေးပြားအောက်မှ တွင်းကလေးများကိုကြည့် လိုက်ခြင်းဖြစ်ပါသည်။
တွင်းကလေးများအပြင် အလွန်တရာသေးငယ်လှသော အဖြူစက်က လေးများကိုလည်း တွေ့ရပါသည်။ ထိုအဖြူစက်
ကလေးများမှာ ဝဲပိုးကလေးများပင်ဖြစ်ကြပါ သည်။ ကမျဉ်းနီပိုး(ှမေခသစအငန ငြအန)ဟု ဆေး ပညာရှင်များ
ခေါ်ဝေါ်ကြပါသည်။ ကျွန်တော် သည် ငယ်စဉ်က ဝဲများပေါက်ဖူးပြီး ဝဲရောဂါ ဖြစ်ပွားဖူးပါသည်။
ကျွန်တော်၏ ညီငယ်တချို့ သည် ကျွန်တော့်လိုပင် ဖြစ်ဖူးကြပါသည်။ ကြီး လာသောအခါ ဆရာဝန်တင်ရွှေရေး
အရေပြား ရောဂါများ စာအုပ်ကိုလည်းကောင်း၊ ဒေါက် တာတင်ထွန်းဦးရေး အရေပြားကျန်းမာရေး
ဆေးစာအုပ်ကိုလည်းကောင်း၊ နေ့စဉ်သတင်း စာပါ အရေပြားရောဂါ ဆောင်းပါးများကိုလည်း ကောင်း
အသီးသီးဖတ်ရှုမှတ်သားဖူးရာ၊ ကိုယ် တွေ့စာတွေ့ ဗဟုသုတများဖြင့် လေ့လာသိရှိခဲ့ ခြင်းဖြစ်ပါသည်။
.
''သားငယ် အဲဒါ မင်း ဝဲတွေပဲကွ ဝဲပေါက် တာဟာ ဘားစကေးဘီးလေးငါးကြိမ်လောက်
စနစ်တကျ လိမ်းရုံနဲ့ပျောက်တယ်ကွ''
.
ကျွန်တော်က စေတနာစကားနှင့် အစပျိုး လိုက်ပါသည်။ စောစောက စကားဝိုင်းကို
ခေတ္တရှောင်ပြီး ထိုလူငယ်ဆီလာကတည်းက ကျွန်တော့်မှာ စေတနာပါရှိပြီးဖြစ်ပါသည်။ သူ့ ကို
ဝဲရောဂါမှ ပျောက်ကင်းစေလိုသော ဆန္ဒ အပြည့် ကျွန်တော့်တွင် ရှိပါသည်။
.
သို့သော် သူက ယားနာဖြစ်တာတော့မှန် ကြောင်း၊ ဝဲရောဂါတော့မဟုတ်ကြောင်း၊
ဘီပီ အိုင်ထုတ် ဘားစကေးဘီးပင် မကဘဲ နိုင်ငံခြား ကလာတဲ့ ဆေးမျိုးစုံပင် လိမ်းဖူးကြောင်း၊
သူ လည်းဘွဲ့ရခေတ်ပညာတတ် လူငယ်တစ်ဦးပင် ဖြစ်ကြောင်း၊ သူ၏ ယားနာမှာဘာမှထူးခြား လာမှာ
မဟုတ်ကြောင်း၊ နောက်ပြီး သာမန် ဆရာဝန်များကို မဆိုထားနှင့် အရေပြားအ ထူးကု ဆရာဝန်ကြီးအထိပင်
ကုသမှု ခံယူဖူး ကြောင်း၊ အခုချိန်ထိယားနားများအပျောက် ကြောင်း စသည်ဖြင့်စကားကြီးစကားကျယ်များ
ဖြင့် အပေါ်စီးမှချည်း ပြန်ပြောပါသည်။ ဆင် ခြေဆင်လက် ဆင့်နားရွက်များဖြစ်သလို သူ့ အားနည်းချက်ကို
ဖုံးအုပ်ကာကွယ်ခြင်းလည်း ဖြစ်ပါသည်။
.
ထိုအခါ ကျွန်တော်က သူ့လက်များကို ပြန်ယူပြီး အသေအချာကြည့်လိုက်ပြန်ပါသည်။
ကျွန်တော့်ကိုယ်တွေ့ စာတွေ့ အသိပညာဗဟု သုတများအရလည်း လေ့လာအကဲခတ်လိုက်ပါ သည်။ ဝဲရောဂါမှ
ဝဲရောဂါအစစ်ဖြစ်ပါ၏။ ထို့ ကြောင့် ကျွန်တော်က သူဆေးလိမ်းပုံဆေးလိမ်း နည်းများကို မေးကြည့်မိပါသည်။
တစ်ခါနှစ်ခါ လိမ်း၊ ရေချိုး၊ ထပ်ပြီးတစ်ခါနှစ်ခါလိမ်း၊ ထပ် ရေချိုး၊ အထူးကုဆရာဝန်ထံပြသ၊
ဆေးများ ပြန်လိမ်း၊ အချိန်မှန်ရေမိုးချိုး၊ ဆရာဝန်ပြော သည်ထက်ပင် သူက သန့်သန့်ရှင်းရှင်းနေ(ဆေး
လိမ်းပြီးတိုင်း ရေတွေချိုးချိုးချ)ကြောင်း စသ ဖြင့် ပြောပြပါသည်။ သူက သူ့လိုသန့်သန့်ရှင်း
ရှင်းနေမည့်သူမျိုးပင် ရှိမည်မထင်ကြောင်း လည်း ပြောပြပါသည်။
.
တကယ်တော့ ထိုလူငယ်သည် ကျွန်တော် ပြောကြားလာမည့် ဝဲရောဂါကာကွယ်ကုသခြင်း
နှင့် ဝဲရောဂါအကြောင်းများကို မကြားလို၍ တမင်ကြိုတင်ပြီး ပိတ်ပြောနေမှန်းကျွန်တော်
သိပါသည်။ ကျွန်တော့်ကိုပင် မထီမဲ့မြင် သ ဘောမျိုး(အထူးသဖြင့် သူ့လောက် သူ့အရေ ပြားရောဂါအကြောင်း
မသိသူသဘော)ပြောပါ သည်။ လူငယ်မာန၊ ပညာတတ်မာန၊ မြို့ကြီး သားမာန၊ ငွေကြေးတတ်နိုင်သည့်
မာနများ ရြော>ွပမ်းနေပါသည်။ ကျွန်တော်ဘာမှ မတတ် နိုင်ပါ။ ထိုလူငယ်အပေါ် ရိုးစင်းသော
စေတနာ ရှိလင့်ကစား ကျွန်တော်မတတ်သာ၍ ခပ်ခွာခွာ ကလေး နေလိုက်ပါတော့သည်။ မူလက စကား ဝိုင်းထဲကျွန်တော်ပြန်ရောက်သွားပါသည်။စိတ်
ထဲမှာတော့ ကျွန်တော်ဘဝင်မကျ၊ရိုးတိုးရွတ။
.
ကျွန်တော်သည် မိတ်ဆွေများ စကားဝိုင်း ထဲ ပြန်ရောက်သော်လည်း ဝဲရောဂါနှင့်ပတ်
သက်၍ ကျွန်တော်အကြံပေးသည့်အတိုင်း ပြု မူနေထိုင်ဆောင်ရွက်ခဲ့ကြသည့် တစ်ခါက ကျွန် တော်တို့အိမ်က
ညီအရင်းများ၊ ကျွန်တော့်ကျူ ရှင်က တပည့်ငယ်များ၊ နောက်ပြီး အိမ်နီးနား ချင်း ကလေးများ၏
လက်တွေ့ဝဲရောဂါ ပျောက် ကင်းခဲ့ပုံများကို ပြန်လည် မြင်ယောင်နေပါ သည်။ သူတို့ကိုနှုတ်ဖြင့်
အကြံပေးခဲ့ရုံမက လက်တွေ့လည်း ကွင်းဆင်း ကြည့်ရှု အထူး သဖြင့် ဆေးလိမ်းပုံ စနစ်ကျ မကျ
ကြည့်ရှု ပါသည်။ အမှန်က ဆေးလိမ်းပြီး ရေ မချိုး ရသေးပါ။ ဆေးများ ဝဲရောဂါ ဖြစ်ပွားသည့်
နေရာတိုင်းသို့ စိမ့်ဝင်ပျံ့နှံ့ကာ ပိုးများ (က မျဉ်းနီပိုးများ)ကို အသေ သတ်ပြီးသည်အ
ထိ နှစ်ရက်တန်သည်၊ သုံးရက်တန်သည် ဆေး ဆက်လိမ်းရပါသည်။ ဝတ်ထားသည့် အဝတ်အစားများကိုလည်း
ဆက် ဝတ်ထား ကာ ပိုးများကို ထိထိမိမိသတ်ပစ်ရပါသည်။ အသေ သတ်ပစ်ရပါသည်။ ရောဂါရှင်၏ အိပ်ယာဝတ်
အိပ်ယာစားများကိုလည်း လျှော် ဖွပ်၊ နေလှန်း၊ မီးပူတိုက်ပစ်ရပါသည်။ ဆေး လိမ်းပြီးတိုင်း
သန့်ရှင်းစင်ကြယ်ရေးအတွက် ရေချိုးပစ်လိုက်ခြင်းမှာ လုံးဝမှားယွင်းနေပါ သည်။ ရေများနှင့်အတူ
ဆေးများ ရောပါသွား သောကြောင့် ဖြစ်ပါသည်။ နဂိုကတည်းက အ သန့်ကြိုက်၍ သန့်သန့်ရှင်းရှင်းသမားဆိုလျှင်
ထိုနဂိုကတည်းကပင် ရေချိုးတိုင်း ဆပ်ပြာတိုက် ခဲ့လျှင်ပင် လုံလောက်ပါသည်။ အခုလို ဝဲရော
ဂါဖြစ်နေမှတော့ အသန့်အပြန့်ဟု ယူဆပြီး လုပ်နေ၍ မရတော့ပါ။ ဆေး၏တန်ခိုးသတ္တိ ပြည့်ဝဖို့သာ(သို့မဟုတ်)ဆေးအာနိသင်
ထက် မြက်ဖို့သာ ဦးစားပေးလုပ်ရမည်ဖြစ်ပါသည်။ ထိုအခါကျမှ ဝဲရောဂါပျောက်ကင်းမည်ဖြစ်ပါ
သည်။
.
ကျွန်တော်သည် မန္တလေးက ဟိုပုံးသို့ ပြန်ခါနီးတွင် အထက်က လူငယ်နေထိုင်ရာ
မိတ် ဆွေအိမ်သို့ တစ်ခေါက်ထပ်သွားပါသည်။ မိတ် ဆွေကို သူ၏သားဝဲရောဂါနှင့်ပတ်သက်ပြီး
ဆွေးနွေးတင်ပြခဲ့ပါသည်။ ထိုလူငယ်နှင့်တော့ ကျွန်တော်ထပ်မပြောဖြစ်တော့ပါ။ ကျွန်တော်
ဆွေးနွေးခဲ့သည့် အချက်များတွင် မိသားစုအ တွင်း မကြာမီ ဝဲရောဂါကူးစက်နိုင်ကြောင်း၊ ဝဲ
ရောဂါရှိသူကို ချက်ချင်းပျောက်အောင် ကုသ ရန်လိုကြောင်း၊ မိတ်ဆွေကိုယ်တိုင်တက်ကျွမ်း
နားလည်သူထံ ရောက်ရှိရန်လိုကြောင်း၊ ဝဲရော ဂါသည် ပညာတတ်သည် မတတ်သည်နှင့်မ ဆိုင်ကြောင်း၊
ပညာတတ်ပြီး ဗဟုသုတမရှိလျှင် ရောဂါပျောက်မှာမဟုတ်ကြောင်း၊ ပညာမတတ် ပေမယ့် ဗဟုသုတရှိလျှင်
ချက်ချင်းပျောက်မှာ ဖြစ်ကြောင်း၊ တတ်ယောင်ကား အသိလေးနှင့် လုပ်ဆောင်လျှင် ကိုယ်သာနစ်နာမည်ဖြစ်
ကြောင်း၊ ဆေးတစ်မယ်တည်းနှင့် နှစ်ရက်သုံး ရက်အတွင်း ပျောက်ကင်းရမှာကို အသိပညာ ဗဟုသုတချို့တဲ့အားနည်းတော့
ဆေးအမျိုးမျိုး ဝယ်၊ လိမ်း၊ ဆရာဝန်ကြီးငယ်တို့နှင့်ပြသ၊ အ ချိန်တွေကုန်၊ ငွေတွေကုန်၊
လူပင်ပန်းခဲ့ပြီဖြစ် ကြောင်း၊ အသက်သေနိုင်သော ရောဂါ မဟုတ် သော်လည်း လူတို့၏ အလှအပကို
အရေပြား က ဖျက်ဆီးတတ်ကြောင်း လူ့ကျက်သရေဆုတ် ယုတ်ကျဆင်းမှာဖြစ်ကြောင်း စသည် စသည်။
.
ကျွန်တော့်မိတ်ဆွေသည် ဟိုပုံးမြို့တွင် နေ ထိုင်စဉ်က သူနှင့်ကျွန်တော်မှာ
အပြန်အလှန် ယုံကြည်နားလည်မှုများ ရှိကြပါသည်။ ထို့ ကြောင့် အခုလို စေတနာနှင့် ထပ်မံလာရောက်
ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ဝဲရောဂါဖြစ်နေ သော သူ၏သားသည် ဆိုဆုံးမလွယ်ကူမည့်သူ မဟုတ်ကြောင်း
ကျွန်တော်သိရှိပြီးဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓမြတ်စွာဟောကြားထား သော ဝစဿတာဂုဏ်(ပြောဆိုဆုံးမစကားကို
နာခံလွယ်သည့်ဂုဏ်)နှင့် ညီညွတ်လေ တန်ဖိုး ရှိလေကို ထိုလူငယ်နားလည်မည်မဟုတ်ချေ။
.
မည်သို့ဆိုစေ၊ ကျွန်တော်သည် မှန်ကန် အကျိုးရှိသော စကားကို တတ်နိုင်သည့်နည်း
ဖြင့် ပြောခဲ့ရသည်ဖြစ်၍ ကျေနပ်အားရလျက် ရှိနေပါတော့သည်။
.
.
.
#KBZTai #Shan