စိုင်းရာဇာ
.
တောင်ကြီးမြို့ နယ်
စစ်မှုထမ်းဟောင်းအဖွဲ့မှ တပ်မတော်၏ ဆောင်ရွက်ချက်များ ထောက်ခံပွဲကို နိုဝင်ဘာလ ၁၂ ရက်တွင်
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ထောက်ခံပွဲကို
တောင်ကြီးမြို့ နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးရှေ့  ပြည်ထောင်စုလမ်းမကြီး၏ ဝဲ/ယာ ပလက်ဖောင်းပေါ်တွင်
ရပ်လျှက် ငြိမ်းချမ်းစွာဖြင့် တပ်မတော်ကို
ထောက်ခံသွားမည် ဖြစ်ပြီး စီတန်းလှည့်လည်ခြင်း၊ ကြွေးကြော်ခြင်းများကို ပြုလုပ်မည် မဟုတ်ကြောင်း
သိရသည်။
.
" ဆိုင်းဘုတ်
၇ ခုကို ကိုင်ဆိုင်ပြီးတော့ ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်မှုထမ်းဟောင်း
ရုံးရှေ့ မှာပဲ ရပ်ပြီးတော့ ငြိမ်းချမ်းစွာ ထောက်ခံသွားမှာ ဖြစ်ပါတယ်။ ကြွေးကြော်တာတွေ
မပါဘူး။ လမ်းလည်း မလျှောက်ဘူး။ နိုင်ငံတော်အလံနဲ့ စစ်မှုထမ်းဟောင်း အလံတွေ ကိုင်ဆောင်မယ်။
အဓိကကတော့ တပ်မတော်ရဲ့  ဆောင်ရွက်ချက်ကို ထောက်ခံတာပါ။" ဟု တပ်တော်ထောက်ခံပွဲအား
ဦးဆောင်သူ တပ်မတော်အငြိမ်းစား အရာရှိ ဦးဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ထောက်ခံပွဲတွင်
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ တောင်ကြီးမြို့ နယ် စစ်မှုထမ်းဟောင်းအဖွဲ့၊ တပ်မတော်ကို
ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက်လုပ်ဆောင်မှုများကို ဆန့်ကျင်သည့်ဆန္ဒဖော်ထုတ်ပွဲ၊ တပ်မတော်ကို
အပြည့်အဝ ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှု မှန်သမျှ တို့ လုံးဝ လက်မခံ၊ မဆီမဆိုင်
နိုင်ငံရေးစွက်ဖက်သော FACEBOOK ကို လုံးဝ ဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂက
အချက်အလက် ရှာဖွေရေးကော်မရှင်၏ မမျှမတ သက်ဖတ်သတ် အစီရင်ခံစာ တို့ လုံးဝ လက်မခံ၊ ပြည်သူကိုချစ်သော
ပြည်သူကချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊
APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ အလိုမရှိ စသည့် စာသားများရေးသားထားသော ပိုစတာများကို
ကိုင်ဆိုင်၍ တပ်မတော်အား ထောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
.