တောင်ကြီးမြို့တွင် လျှပ်စစ် ၀ါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင် လျှပ်စစ် ၀ါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ နယ်မြေ(၄)၊ စပယ်လမ်း၊ အိမ်အမှတ်(၇၃၀)ရှိ နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ ဖြစ်၍ နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့သဖြင့် နေအိမ်နှင့် အိမ်သုံးပရိဘောဂပစ္စည်းများ ပျက်ဆီး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
.
အဆိုပါ မီးလောင်ကျွမ်းမှုအား ရှမ်းပြည်နယ်မီးသတ်တပ်ဖွဲ့မှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးတင်မင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တောင်ကြီးတပ်နယ် နယ်မြေ(၁)မှ တပ်နယ်မှူး ဒုမှူးကြီး နိုင်ဝင်းအေးနှင့် တပ်မတော်သားများ၊ တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများမှ မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် စုပေါင်းဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ကာလတန်ဖိုးမှာ ငွေကျပ်သိန်း ၆၀ ခန့်ရှိကြောင်း သိရသည်။
.

ထို့အပြင် မီးလောင်ကျွမ်းမှုနေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ အောင်မြေဘုံစံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒနှင့် တာဝန်ရှိသူများမှ သွားရောက်ကြီးကြပ်၍ အနီးကပ် လမ်းညွှန်မှုများ ပြုလုပ်ကာ နေအိမ်ပိုင်ရှင်အား အားပေးစကားများ ပြောဆိုခဲ့သည်။
.
" လူ ၄ ဦးတော့ ဒဏ်ရာ ရရှိတယ်။ ဒါပေမယ့် မစိုးရိမ်ရဘူး။ တစ်ယောက်က တတ်တာ ဖြစ်ပါတယ်။ ကျန်တဲ့ သူတွေ မီးခိုးမွန်တာ ဖြစ်မယ်" ဟု ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပိုင်ရှင်ဖြစ်သူ ဒေါ်ရီမြင့်၊ (၄၅)နှစ်အား တောင်ကြီးမြို့မ ရဲစခန်းမှ အမှုဖွင့်လှစ်၍ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Journal Download

Photo of three cats