လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အနီးတဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အီနိုင်းကျေးရွာရှိ ကျောင်းများ ပိတ်ထားရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အနီးတဝိုက် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အီနိုင်းကျေးရွာရှိ ကျောင်းများ ပိတ်ထားရ


နောင် (မြစ်မခ)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် အီနိုင်းကျေးရွာ အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အီနိုင်းကျေးရွာရှိ အ.မ.က စာသင်ကျောင်းများ ပိတ်ထားရကြောင်း အီနိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
.

အီနိုင်းကျေးရွာအနီး အောက်တိုဘာ ၂၆ ရက်က စတင်ဖြစ်ပွားခဲ့သော တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့တို့ ပစ်ခတ်မှုများကြောင့် အီနိုင်းကျေးရွာရှိ အ.မ.က စာသင်ကျောင်းများကို အောက်တိုဘာ ၂၇ ရက်မှ စတင် ပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။
.
“ကျောင်းသားတွေရော၊ မိဘတွေရော၊ မန်ဆူရှမ်းကျောင်းမှာရောက်နေတော့ ကျောင်းတွေက ပိတ်ထားရတာ ပေါ့။ ဆရာမတွေကြောက်နေမှာပေါ့။ ဒီကပြန်ရောက်ရင်တော့ ပြန်ဖွင့်ဖြစ်မှာပါ။”ဟု အီနိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။  
.
အဆိုပါ ထိတွေ့ပစ်ခတ်မှုများကြောင့် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင် ရွာသား ၁၀၀၀ ကျော် ခိုလှုံနေကြရကြောင်း သိရသည်။
.

“ပြန်ဖို့အတွက်ကို သက်ဆိုင်ရာ ရွာတွေရဲ့လူကြီးတွေနဲ့ဆက်သွယ်နေပါတယ်။ အီနိုင်းကျေးရွာနဲ့ အနီးတဝိုက်ကတော့ အေးချမ်းတယ်ဆိုပြီး လူကြီးနဲ့ဆက်သွယ်ရတယ်။ ကျန်နေတဲ့ရွာတွေကတော့ အဆက်သွယ်မရသေးဘူး။ ပြန်ဖို့အတွက် ပြန်မယ်။ မပြန်ဘူးဆိုတာ ရွာသားတွေကိုမေးပြီးမှ ဆုံးဖြတ်မှာဖြစ်ပါတယ်။’’ဟု မန်ဆူရှမ်းကျောင်း တိုက်ပွဲရှောင်များအား ကူညီပေးနေသူ ဒေါ်နွဲ့သီက ပြောသည်။  
.
အဆိုပါ မန်ဆူရှမ်းကျောင်းတိုက်တွင် လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာဝန်းကျင်နှင့် နမ္မတူမြို့နယ်၊ နားဆိုင်းကျေး ရွာအုပ်စု၊ ရွာများမှ ရွာသားများဖြစ်ကာ ၎င်းတို့သည် အောက်တိုဘာ ၂၉ ရက်က စတင်ရောက်ရှိ ခိုလှုံနေကြခြင်း ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats