စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အား မျက်နှာဖုံးစွပ်ထားသူ ၂
ဦးက ဓါး၊ ပုဆိန်များ ကိုင်ဆောင်ကာ ဝင်ရောက်ပြီး ရွှေဆွဲကြိုး အကုံး ၃ဝ ခန့်အား
လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
(ဓါတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန)
.
မျက်နှာဖုံးစွပ် အမျိုးသား ၂ ဦးက
ဓါး၊ ပုဆိန်များ ကိုင်ဆောင်ကာ အောက်တိုဘာလ ၂ ရက်၊ ညနေ ၆ နာရီ၊ ၄ဝ မိနစ်ခန့်တွင် ရွှေဆိုင်အတွင်းသို့ ဝင်ရောက်ပြီး ကောင်တာရှိ မှန်များအား ရိုက်ခွဲ၍
ရွှေဆွဲကြိုးအကုံး ၃ဝ ခန့်အား လုယူကာ ညနေ ၆ နာရီ၊ ၄၅ မိနစ်ခန့်တွင် ရွှေဆိုင်နှင့်
မျက်နှာချင်းဆိုင်ရှိ မင်ဆူလမ်းသွယ်(၂)အတိုင်း ခြေလျင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
.
အဆိုပါ ရွှေဆိုင်မှ ရွှေထည်ပစ္စည်းများ လုယူခဲ့သူ
၂ ဦးကို ရဲတပ်ဖွဲ့မှ စုံးစမ်းရှာဖွေနေပြီး လောက်ကိုင် မြို့မရဲစခန်း(ပ) ၂၃/၂ဝ၁၈၊
ရာဇသတ်ကြီးပုဒ်မ- ၃၉၂/၄၂၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။