မောင်မောင်သန်း
(တောင်ကြီး)
.
သိမ်းဆည်းခံလယ်ယာမြေနှင့်
အခြားမြေများကို ၂ဝ၁၈ နှစ်ကုန်တွင် ပြီးပြတ်စေရေး ဦးတည်ချက်ထား ဆောင်ရွက်သွားရန် လိုကြောင်း
ရှမ်း ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က တိုက်တွန်း ပြောကြားခဲ့သည်။
.
ရှမ်းပြည်နယ်လယ်ယာမြေ
စီမံခန့် ခွဲမှုအဖွဲ့၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး
လုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၅/၂ဝ၁၈)ကို နိုဝင်ဘာလ ၅ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ အဆိုပါ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က
ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
.
ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ လင်းထွဋ်က အစည်းအဝေး ပြုလုပ်နိုင်ရန်အတွက် ကော်မတီအဖွဲ့ အစည်းများကို စုစည်းနိုင်ရန်
အချိန်ပေးရပါကြောင်း၊ ၂ဝ၁၈ ခုနှစ်ကုန်ခါနီး ပြီဖြစ်၍ သိမ်းဆည်းခံ လယ်ယာမြေ နှင့် အခြားမြေများကို
ပြီးပြတ်စေရန် ဦးတည်ထားပြီး ဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော် သမ္မတကြီးကလည်း ၂ဝ၁၈
တွင် ပြီးပြတ်အောင် ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေနှင့်
အခြားမြေများ စီမံခန့်ခွဲရေးအဖွဲ့က လုပ်ငန်းများကို ပြီးပြတ်အောင် တိုင်ပင်ညှိနှိုင်း
ဆောင်ရွက်သွားကြရန်တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါ အစည်းအဝေးတွင်
အစည်းအဝေး ဆုံးဖြတ်ချက်များအား ဖတ်ကြား အတည်ပြုခြင်း၊ ရှမ်းပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှု
အဖွဲ့အစည်းအဝေး အမှတ်စဉ်(၅/၂ဝ၁၈) တင်ပြချက်များအား ဆွေးနွေး ဆုံးဖြတ်ခြင်း၊ ရှမ်းပြည်နယ်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂ဝ၁၈)
တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်း၊ အထွေထွေ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊
ရှမ်းပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့်မြေ
ရိုင်းများ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။