နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပထမဆုံးအကြိမ်
WEDDING FAIR LASHIO-2018 ပြပွဲကို အောက်တိုဘာ၂၁
ရက်တွင် Goden Hill Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Heart to Heart
Wedding Service မှ သိရှိရသည်။
.
.
အဆိုပါပြပွဲတွင် မြန်မာရိုးရာမင်္ဂလာဝတ်စုံ၊ အနောက်တိုင်းမင်္ဂလာဝတ်စုံများ၊
မြန်မာ့ရိုးရာယဉ်ကျေးမှုဝတ်စား ဆင်ယဉ်မှုများ၊ ဖျော်ဖြေမှုများလည်းပါဝင်မည်ဖြစ်ကြောင်း
သိရသည်။
“အဓိကတော့
မင်္ဂလာဆောင်မယ်၊ မွေနေ့ပွဲတွေလုပ်မယ်ဆိုရင် အခုနောက်ပိုင်း အရမ်းခေတ်မီလာကြတယ်။ လုပ်ချင်တဲ့အလှအပတွေ
ဝတ်စုံတွေကိုလုပ်လာကြတယ်။ ဒါပေမဲ့ တော်တော်များများက ရန်ကုန်တွေ၊ မန္တလေး တွေကိုသွားနေရတယ်။
လှမ်းမှာရတယ်။ အခုဒီမှာက ဒီဇိုင်နာတွေ ပိုးထည်တိုက်တွေ၊ ဒီဇိုင်းအသစ်တွေနဲ့ ဖိတ် စာတွေ၊
မင်္ဂလာဆောင်တစ်ခုအတွက်လိုအပ်တာတွေ အားလုံးပြည့်စုံအောင်လုပ်ပေးနေတယ်ဆိုတာကို လားရှိုး
ပြည်သူတွေသိဖို့အတွက် ပြုလုပ်ရတာဖြစ်ပါတယ်။’’ဟု ပွဲစီစဉ်သူ Heart to Heart Wedding Service မှ ဒေါ် ဟန်နီခိုင်ထွန်းက
ပြောသည်။
.
အဆိုပါ ပြပွဲတွင် Mister & Miss Sea World ပြိုင်ပွဲများတွင်
Winner ဆုရရှိထားသောသူများမှ ဝတ်စုံများ ဝတ်ဆင်ကာ ပြပသွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါပွဲအတွက် မီဒီယာများနှင့်မိတ်ဆက်ခြင်းအခမ်းအနားကိုလည်း လားရှိုးမြို့ရှိ
Summer Time Water Park ၌ အောက်တိုဘာ ၁၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
.
#KBZTai #Shan