နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၌ Gold Luck Water
Park တည်ဆောက်ရေး လုပ်ငန်းတွင် အငြင်းပွားမှု ဖြစ်ပေါ် နေသော လုပ်အားခ ကျပ်သိန်း ၁၃ဝ
ကျော်နှင့် ပတ်သက်၍ အလုပ်သမားများက သက်ဆိုင်ရာ အစိုးရဌာန ၁၅ ခုသို့ တိုင်ကြားစာများ
ပေးပို့ထားကြောင်း အလုပ်သမားများထံမှ သိရှိရသည်။
.
.
လားရှိုးမြို့၊ ရပ်ကွက် ၁၁ ရှိ Gold Luck Water Park တည် ဆောက်ရေးလုပ်ငန်းတွင်
လုပ်ကိုင်ခဲ့သည့် အလုပ်သမား များ ရရန်ကျန်ရှိသော ကျပ် ၁၃၈ သိန်းအား အလုပ်သမားများက
ရယူလိုမှုအ တွက် အကြိမ်ကြိမ်ညှိနှိုင်း ဆောင် ရွက်ခဲ့သော်လည်း ၂ လ ကျော် ကြာသည်အထိ မပေးခြင်းကြောင့်
စက်တင်ဘာ ၂၄ ရက်တွင် တိုင်ကြား စာ ပေးပို့ခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု
မရခဲ့ဘူး။ သူ့ဘက်ကတော့ တရားရုံး တက်မယ် ပြောပါတယ်။ ကျွန် တော်တို့ဘက်ကတော့ ရင်ဆိုင်ဖို့
အားမရှိဘူး။ ဌာနဆိုင်ရာ ၁၅ ခု ကို တိုင်စာ ပို့ထားတယ်။ အလုပ်သမားတွေနဲ့ တိုင်ပင်ကြည့်တယ်။
သူတို့ကလည်း အင်အားမရှိတဲ့အတွက် အလုပ်သမားတွေ ခံရတဲ့အတွက် နောင်အလုပ်သမားတွေ ဒီလိုမဖြစ်
ဖို့ အတွက် အလုပ်သမားထုကို အကူ အညီတောင်းပြီးတော့ လမ်းပေါ် ထွက် ဆန္ဒဖော်ထုတ်မယ်လို့
ပြောကြ ပါတယ်''ဟု လုပ်အားခ မရသော အလုပ်သမားများ၏ ခေါင်းဆောင် ကိုကျော်မင်းက ပြောသည်။
.
အဆိုပါ လုပ်အားခ ၁၃၈ သိန်း သည် Gold Luck Water Park တွင် လုပ်ငန်း
၇ မျိုးအတွက် လုပ် ငန်းအပ်နှံသူပိုင်ရှင် ဦးရဲနိုင်က အလုပ်သမား ၂ဝ ဦးအားပေးရန် ကျန်ရှိနေခြင်းဖြစ်ပြီး
စာရင်းတိုက် ခြင်း၊ စာရင်းစစ်ဆေးရှင်းလင်းခြင်း များ ပြုလုပ်ပြီးမှ ပေးအပ်မည်ဟု ဆိုသော်လည်း
လက်ရှိ အချိန်ထိ မ ရရှိသေးကြောင်း သိရသည်။
.
''ဘာကြောင့် ဆန္ဒပြင်းပြလာ လဲဆိုတော့ ဒီအတိုင်းပဲ ပေးပါ့မယ် ပြောလိုက်၊
မပေးဘူး ပြောလိုက် နဲ့ စောင့်ခဲ့ရတာ ၂ လကျော်သွား ပြီ။ ကျွန်တော်တို့လို နေ့စားအ လုပ်သမားတွေ
စားဝတ်နေရေးအ တွက် အရမ်းခက်ခဲလာလို့ ပြီးတော့ ဦးရဲနိုင်ဘက်မှာက နည်းလမ်းစုံသုံး နေတာဖြစ်လို့
ကျွန်တော်တို့ အ လုပ်သမားထုတွေကလည်း လမ်း ပေါ်ထွက်ဖို့ စဉ်းစားမိတာပါ''ဟု အလုပ်သမား
တစ်ဦးက ပြောသည်။
.
အလုပ်သမားများက ၎င်းတို့ ရရန် ကျန်ရှိသည့် လုပ်အားခများ နှင့် ပတ်သက်၍
သြဂုတ် ၁၃ ရက် က အလုပ်ရုံနှင့် အလုပ်သမား ဥပ ဒေ စစ်ဆေးရေးဦးစီးဌာန (လား ရှိုးခရိုင်)သို့
တိုင်ကြားခဲ့သဖြင့် အ လုပ်သမားရုံးတွင် (၄)ကြိမ်တိုင် ဖြေရှင်းခဲ့သော်လည်း ပြေလည်မှု
မရရှိ သေးကြောင်း သိရသည်။
.
အလုပ်ရှင် ဦးရဲနိုင်ကလည်း သတင်းစာ ရှင်းလင်းပွဲကို စက်တင် ဘာ ၂ဝ
ရက်က လားရှိုးမြို့ရှိ ဆင်နှစ်ကောင် ဟိုတယ်တွင် ပြုလုပ်ခဲ့ ပြီး ¤င်းအနေဖြင့် အလုပ်သမားများ
တောင်းဆိုသည့် ကျပ် ၁၃၈ သိန်းကို မြို့မိမြို့ဖများထံ အပ်နှံထားပြီး ဥပ ဒေအတိုင်း တရားရုံးတွင်
ဖြေရှင်း သွားမည်ဖြစ်ကာ ¤င်းအမှုနိုင်ပါက လည်း ယင်းငွေကို ပရဟိတ အ သင်းထံ လှူဒါန်းပေးသွားမည်ဟု
ပြောဆိုခဲ့သည်။
.
''အခု သူတို့ပြောတဲ့ ကျပ် ၁၃၈ သိန်းကို မြို့မိမြို့ဖ တွေကို အပ်ထားတယ်။
တရားရုံးမှာ ဥပ ဒေအတိုင်း ရင်ဆိုင်ဖြေရှင်း ပြီးတော့ မှ သူတို့ကိုပေးရမယ်ဆိုရင် ပေး
လိုက်မှာပါ။ ကျွန်တော် ရသင့်တယ် ဆိုရင်တော့ ၁၃၈ သိန်းကို လားရှိုးမြို့ မှာရှိတဲ့ ပရဟိတအသင်းကို
လှူပေး သွားမှာဖြစ်ပါတယ်''ဟု လားရှိုးမြို့ မှ Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်က
သတင်းစာရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။
.
အလုပ်သမားများ အနေဖြင့် လားရှိုးမြို့ခံများ မဟုတ်ဘဲ အခြား နယ်ဒေသအသီးသီးမှ
လာရောက် လုပ်ကိုင်သူများ ဖြစ်ကြကာ ယခုကဲ့သို့ လုပ်အားခ အငြင်းပွားမှုများကြောင့် နစ်နာနေပြီး
လုပ်အားခများအတွက် တရားရုံးတွင်ဆက်လက် ရင်ဆိုင် ဖြေရှင်းရမည် ဆိုပါကလည်း အခက် အခဲများ
ဖြစ်ပေါ်လာနိုင်ကြောင်း အ လုပ်သမားများထံမှ သိရသည်။
.
.
.
#KBZTai #Shan