မြေခဲတောင် မောင်မောင်ဝင်း
.
ရှမ်းပြည်နယ်၏မြို့တော်
တောင်ကြီးမြို့၏ ရောင်စုံဖြာ မီးပုံးပျံများဖြင့် ရှုမငြီးစွာလှပနေကြသော ခြိမ့်ခြိမ့်သဲ
မီးပုံးပျံ ပြိုင်ပွဲကြီးကား စည်ကားမြဲဖြစ်သည့် မဟာဘုံကထိန်ပွဲတော်ကြီးနှင့်အတူ မကြာမီ
ကျင်းပတော့မည် ဖြစ်သည်။
.
ရပ်ဝေးရပ်နီးက ပွဲတော်လာ
ပြည်သူတို့ဖြင့် ကြက်ပျံမကျ ကြိတ်ကြိတ်တိုး စည်ကားခဲ့လေ သော အဝေရာ မီးပုံးပျံကွင်းကြီးသည်ကား
ယခုအခါမတော့ ကျီးနှင့် ဖုတ်ဖုတ်ဖြစ်နေပေမည်။
.
တောင်ကြီးမြို့၏
တစ်ကျောင်းတည်းသော စက်မှုလက်မှု အထက်တန်းကျောင်း (ယခု-ကာကွယ်ရေး ဝန်ကြီးဌာနပိုင်)၌ ကျွန်တော်စက်မှုလက်မှု
အတတ်ပညာရပ်များကို စာတွေ့ရော လက်တွေ့ပါ သင်ယူခဲ့ရသော ၁၉၇၁ ခုနှစ်များ ဝန်းကျင်ကဆို
ဤတန်ဆောင်တိုင် ရာသီကာလသည် ရေချိုးကန်ထဲမှ အပေါ်ရေများ တင်းခဲနေတတ်သည့် အအေးပိုကဲသော
ကာလများ ဖြစ်ခဲ့ပါလေ၏။
.
တစ်နှစ်ပတ်လုံးလိုလို
စဉ်ဆက်မပြတ် ရွာ သွန်းမြဲ ဖြစ်သော မိုးကြောင့်လည်း ဘယ်ရပ် ဒေသ ကြည့်ကြည့် သစ်ပင်ပန်းမန်များဖြင့်
စိမ်း စိုနေကြသည့် သစ်တောအုပ်အုပ်များကို တွေ့ကြရစမြဲ ဖြစ်ခဲ့ရသည်။
.
ထိုစဉ် နှစ်ကာလများက
တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲတော်သည် ယခုလောက် ကမ္ဘာမကျော်သေးဟု ဆိုရပါမည်။ ကမ္ဘာကျော်ရန်အတွက်
ယနေ့မီးပုံးပျံ ဆရာတို့ဖြစ်နေကြသော လူငယ်များသည် မီးပုံးပျံ အတတ်ပညာရပ်များကို လက်ဆင့်ကမ်းကောင်းမွေ
အဖြစ်ဖြင့် စတင် လေ့လာကာ သင်ယူဆည်းပူးနေချိန် ဖြစ်နေကြမည်ဟု ထင်ပါသည်။
.
တောင်ကြီးမြို့က
မီးပုံးပျံအစသည် မြန်မာ သက္ကရာဇ် ၁၃ဝ၃ ခုနှစ်တွင် ''ကုန်းသာမြန်မာ ဘုန်းတော်ကြီးကျောင်း''မှ
စတင်ခဲ့သည်ဟု သိရှိမှတ်သားရလေရာ ကျွန်တော်တို့၏ ကျေးဇူးရှင် စက်မှုလက်မှု အထက်တန်းကျောင်းတော်
မဟာကြီး ရှေးဦးအစ မြေသန့်အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်ပေးတော်မူခဲ့ကြသည့် ဆရာတော်ကြီးများသည်လည်း
ကုန်းသာမြန်မာ ဘုန်းတော်ကြီးကျောင်းမှပင် ဖြစ်နေတော်မူကြခြင်းသည်ကလည်း ကျောင်းဆင်း
ကျွန်တော်တို့ ကျောင်းသားဟောင်းများ အနေဖြင့် ထူးဆန်းလှစွာသော အမှတ်တရတစ်ခု ပါပေတည်း။
.
ထို ၁၉၇၁ ခုနှစ်များ
ဝန်းကျင်က တောင်ကြီးမြို့၏ တန်ဆောင်တိုင်ပွဲဈေးတန်းသည် မြို့ လယ်ဓမ္မာရုံကြီးရှေ့ ဗိုလ်ချုပ်လမ်းမကြီးတစ်ဝိုက်
သာ ဖြစ်ခဲ့ပါသည်။ မီးခိုးအူအူဖြင့် အကြော်တဲ များက အလုပ်အယက် ဆူညံစွာ ထွက်ပေးလာ သော
တေးသီးချင်းကား ကွယ်လွန်သူတေးသံရှင် ရုပ်ရှင်သရုပ်ဆောင် ဇော်ဝမ်း၏ ''ကျောက်ခဲ''သီးချင်းပင်
ဖြစ်လေသည်။ လမ်းစဉ်လူငယ်၊ ကြက်ခြေနီလူငယ် စသည့် ကျောင်းသား ကျောင်းသူတို့၏ ကြိုတင်ရောင်း
လက်မှတ်ဖြင့် ရန်ပုံငွေ အကြော်ဆိုင်များကား ထိုစဉ်က အင်မတန်များ ပြားခဲ့လေသည်။
.
တစ်ည ပုဂံ-ညောင်ဦးသား
သူငယ်ချင်း တစ်ယောက်ဖြင့် လည်ပင်းဖက် လျှောက်သွား နေသခိုက် မီးရှူးငယ်တစ်ခုသည် ရှူးကနဲဖြင့်
သူငယ်ချင်း၏ ပုဆိုးအောက်ပိုင်းကို ထိုးဖောက် သွားခဲ့ရော ''အမလေး လေး လည်ပင်းသာဆို ရင်
မလွယ်ဘူး မောင်ရေ လာလာ တို့ ပြန်ကြ မယ်'' ဆိုပြီး ကျောင်းကို ကျွန်တော်တို့ ချက် ချင်း
ပြန်ပြေးခဲ့ကြရသည်ကိုလည်း မှတ်မိလို့နေ ပါသေးသည်။
.
ထိုစဉ်က တောင်ကြီးမြို့
''မြသုခ''ရုပ်ရှင် ရုံသည် တန်ဆောင်တိုင်ပွဲတော်ကာလ ရောက် ပြီဆိုပါက ကမ္ဘာကျော် အိန္ဒိယ
ကုလားကားများ ကို လူ့တစ်ရပ်မက မြင့်မားသော သရုပ်ဆောင် တို့၏ ပုံစံတူကားချပ်ကြီးများဖြင့်
ပြသထားလျက် ရုပ်ရှင်ချစ်သူများကို ဖိတ်ခေါ်ထားတတ်လေ့ လည်း ရှိခဲ့ပါ၏။
.
အငြိမ့်ပွဲ ကြည့်ရှုလိုကြသော
ပြည်သူများ အတွက်လည်း ယခု နာရီစင်နေရာ၌ မည်သူမ ဆို လွတ်လပ်ပျော်ရွှင်စွာ ကြည့်ရှုနိုင်သည့်
အ ငြိမ့်စင်ကို သက်ဆိုင်ရာတို့က စီစဉ်ထည့်သွင်း ထားပါသေးသည်။
.
ထိုမှ တစ်စ တစ်စ
ဆန်းသစ်တီထွင်မှုများ ဖြင့် နိုင်ငံတွင်းမှ ပြည်ပနိုင်ငံများသို့ ထိုးဖောက် သတင်း ထွက်ပေါ်နေသော
တောင်ကြီးမြို့၏ မီးပုံးပျံ ပြိုင်ပွဲသည် နေ့လွှတ်၊ ညလွှတ်၊ မီး ကျည်၊ မီးပန်းအလှများနှင့်
အတူ ပွဲခင်းနေရာ၊ ကွင်းနေရာများ ပြောင်းပြောင်း သွားလိုက်သည် မှာ ယခုနှစ်ပိုင်း အခါသမယများတွင်
အများ ပြည်သူတို့ သိထားကြပြီး ဖြစ်သော ခရီးအတော် လှမ်းသည်ဟု ဆိုရမည့်အဝေရာကွင်းထိတိုင်
ခ ရီးပေါက်ရောက်ရှိလို့ နေလေပြီတကား။
.
သို့ရာတွင် မီးပုံးပျံချစ်သူ
တောင်ကြီးသား တောင်ကြီးသူတို့၏ မီးပုံးပျံခရီးကား မရပ်နား သေးပေ။ ထို အဝေရာကွင်းမှ
တစ်ဖန် မြို့ပြင် သို့ ဆက်လက်ပြောင်းရွှေ့ရဦးမည်ဟု ခရီးသည် လိုင်းကားပေါ်မှာ ကျွန်တော်ကြားခဲ့ရပါ၏။
.
''ဟုတ်လား ဘာဖြစ်လို့လဲ
အစ်ကိုကြီး'' ဟု ပြန်လည်စူးစမ်းကြည့်တော့ ''ဒီကွင်းက တပ် မတော်က ပိုင်တာတဲ့။ နောက်နှစ်ဆို
အဲဒီကွင်း မှာ မလုပ်ရတော့ဘူးလို့ ကြားနေရတယ်''ဟု ဆိုပါလေ၏။
''သြော် အဲလိုလား ကျွန်တော်က ခုကွင်း ကြီးကို
စည်ပင်ကွင်းလို့ မှတ်နေတာ မဟုတ် ဘူးဘဲ''
'' တပ်မတော်ပိုင် ကွင်းဆိုတာ ဟုတ် လောက်
တယ်။ ဟိုးတစ်နှစ် ဒေါ်အောင်ဆန်း စုကြည် မဲစည်းရုံးရေးအတွက် ဒီကွင်းမှာ လုပ်မယ်လို့ စီစဉ်ထားကာမှ
တပ်မတော်က မ လုပ်ရလို့ နေရာပြောင်းသွားရ သေးတယ်လေ လေဗျာ။''
''ဒါဆို မီးပုံးပျံကွင်းက ဘယ်လိုက ဘယ် ကိုထပ်ရွေ့ရဦးမှာလဲ။
ရွှေ့ရင်း ရွှေ့ရင်းနဲ့ တောင် ကြီးနဲ့ ဝေးဝေးသွားပြီး၊ တောင်ကြီးမီးပုံးပျံပွဲ တော်လို့
ခေါ်မရဘဲ ဖြစ်နေပါဦးမယ်ဗျာ''
''အေးဗျ ဟုတ်တယ် ခင်ဗျားပြောတာလဲ စဉ်းစားစရာပဲ
ကျွန်တော်ကြားထားတာကတော့ ၄ မိုင်ဘက်အထွက် ဆိုလားပဲ''
''ဝေးလှချည်လား။ နှစ်စဉ်ရိုးရာမပြတ် ကျင်းပလာခဲ့တဲ့
ကမ္ဘာကျော် မီးပုံးပျံပွဲတော်ကြီး ရဲ့ ကွင်းက ပြည်နယ်အစိုးရပိုင် ကွင်းတောင်မ ဟုတ်ဘူးပေါ့နော်''
ဘာရယ်လို့တော့ မဟုတ်ပေ။ ကျွန်တော်က ရေးစရာ
ကုန်ကြမ်းရလို့ ရငြား မေးကြည့်ခြင်းသာ ဖြစ်သည်။
''ပြည်နယ် အစိုးရပိုင်လား ဘာလားတော့ ကျွန်တော်မပြော
တတ်ဘူးဗျ။ တပ်မတော်ပိုင် ကွင်း ဖြစ်နေတာကတော့ သေချာတယ်။ သူတို့ က အစဦးဆုံးယူပြီး မြေတိုးမြေချီတာတွေ
လုပ် ထားတာလို့ ပြောနေကြတာ ကြားရတာပဲ''
''ဒါကတော့ဗျာ အဲဒီခေတ်တုန်းက သူတို့ လိုချင်ရင်
ဘယ်နေရာဖြစ်ဖြစ် ယူလို့ရနေတာ ကိုးဗျ မဟုတ်ဘူးလား''
''အင်း အဲဒါလည်း ဟုတ်တာပဲ ဟားဟား ဟား''
''ကျွန်တော် စဉ်းစားတယ်ဗျ။ ဘာလဲဆို တော့
နှစ်စဉ်ဟိုးရှေးနှစ်တွေ ကတည်းက အ စဉ်လာမပြတ် ကမ္ဘာကျော်သည်ထိ ပြုလုပ်ကျင်း ပလာခဲ့တဲ့
တောင်ကြီးသားတောင်ကြီးသူတွေရဲ့ မီးပုံးပျံကွင်းကြီးဟာ တကယ်တော့ ပြည်နယ် အစိုးရပိုင်လည်း
မဖြစ်သင့်ဘူး စည်ပင်ပိုင် ကွင်း လည်း မဖြစ်သင့်ဘူး။ တပ်မတော်ပိုင်ကွင်း လည်း မဖြစ်သင့်ဘူး။
အဲ မီးပုံးပျံကွင်းကြီးကို တကယ်တမ်း ပိုင်သင့်တာကတော့ မီးပုံးပျံ ကော်မတီပဲ
ဖြစ်ရမယ်ဗျ အစ်ကိုကြီးရ သိ လား''
''ဗျာ ဘယ်လို ဘယ်လို''
''ပါတီတွေ၊ အစိုးရတွေ ပြည်နယ်အဖွဲ့အ စည်းတွေသာ
ပြောင်းသွားချင်သွားမယ်။ ဘယ် တော့များမှ မပြောင်းလဲနိုင်တဲ့ မီးပုံးပျံကော်မတီ ကတော့
တောင်ကြီးမြို့မှာ အမြဲတမ်း ရှိနေမည် ဖြစ်သည်။ ဒါကြောင့် မီးပုံးပျံကွင်းကို တောင်
ကြီးက မီးပုံးပျံ ကော်မတီကပဲ ပိုင်သင့်တယ်လို့ မဟုတ်ဘူးလား။ အဲလိုမှ မဟုတ်ရင်တော့ မီးပုံး
ပျံ ပွဲတော်ရာသီ ရောက်ပြီဆိုတာနဲ့ မီးပုံးပျံ ကော်မတီဟာ မီးပုံးပျံ လွှတ်တင်ယှဉ်ပြိုင်ဖို့ကွင်း
ရှာနေရတဲ့ကိန်း ဖြစ်နေမှာ မလွဲဘဲဗျို့ ဟား ဟား ဟား''
.
မီးပုံးပျံကွင်း
နေရာသစ်ပြောင်းရွှေ့ရခြင်းနှင့် အတူ ရပ်ဝေးရပ်နီးက ပွဲတော်လာ ပြည်သူတို့ အတွက်ကား သွားရေးလာရေး
ကိစ္စရပ်သည် ပထမဦးစားပေးအရေးဖြစ်လို့ လာပါလေ၏။ ထို့အတူ မီးပုံးပျံအဖွဲ့တို့၏ သယ်ယူပို့ဆောင်ခ
စရိတ်များကလည်း မိုးပျံပူဖောင်းပမာ တခြား သော အဖိုးအခများနှင့် အပြိုင်တက် တက် လာကြမည်
ဖြစ်သည်။
.
ဘယ်သူတေတေ၊ ငတေမာလျှင်
ပြီးရော ဆိုသည့် ပို့ဆောင်ရေး ယာဉ်တွေကတော့ ပွဲ လန့်တုန်းဖျာခင်းကြမှာ သေချာလို့နေပါလေ၏။
မည်သူတွေ၏ ဆုံးဖြတ်ချက် သတ်မှတ်ချက်ပေ လော မသိ။ သူတို့ပါးစပ်က ထွက်လာသည့် ဈေးနှုန်းသည်
အတည်ဖြစ်လို့နေလေသည်။
.
ပြီးခဲ့တဲ့နှစ်
ပွဲတော်ရက်အတွင်းက ကျွန်တော်တောင်ကြီးကို နှစ်ခေါက် ရောက်ဖြစ်သည်။ တစ်ခေါက်နှင့် တစ်ခေါက်ယာဉ်စီးခတွေက
တောင်းပုံချင်း မတူ။ မြို့ပတ်ယာဉ်တွေကတော့ ပုံမှန်ကို တစ်ရာတိုးပြီး တောင်းကြသည်။
.
ပဒေသာပင် သီရန်နှင့်
ကထိန်ခင်းရန်တို့ အတွက် ယာဉ်မထွက်မီ ယာဉ်ပေါ်က ခရီးသည် တို့ မျက်နှာဝထိ အလှူငွေကောက်ခံမှု
ပြုခဲ့ကြ သော သူတို့ ယာဉ်လိုင်း တာဝန်ခံ၏ မျက်နှာ ကိုမှ မထောက် ''မလိုက်ချင်ရင် ဆင်းနေခဲ့လို့
ရပါတယ်။ လိုက်မယ့်သူတွေ ဟိုမှာတွေ့လား ပုံ လို့''ဟု ခပ်မာမာ ပြောတတ်ကြသေးသည်။
.
တစ်နှစ်မှ သည်တစ်လ
သည်တစ်ရာသီ ပွဲတော်ကာလ ရက်များတွင် ပွဲတော်လာရပ်ဝေး ရပ်နီးက ပြည်သူတွေအတွက် ရိုးရိုးသားသား
မျှမျှတတဖြင့် ပကတိအပြုံးပန်းတွေ ပွင့်လန်း ကြစေချင်ပါသည်။ လွတ်လွတ်လပ်လပ် ပေါ့ ပေါ့ပါးပါး
ပျော်ကြစေချင်ပါသည်။ ပွဲတော်ကာ လမှာမို့ဆိုပြီး မလိမ့်တစ်ပတ် ညာတာပါတေး မလုပ်ကြစေချင်ပါ။
.
ပြောကြစတမ်းဆိုလျှင်
သက်ဆိုင်ရာတို့အ နေဖြင့် ဆိုင်ခန်းကို ယခင်နှစ်များကထက် ကျဉ်း လိုက်မည်ဆိုပါက တန်ဖိုးကိုမမြှင့်သင့်ပါ။
နှစ်ခုတည်းက တစ်ခုကိုသာ ရွေးသင့်ပါသည်။
.
ထို့အတူ ထိုဆိုင်ခန်းကျဉ်းမှုအပေါ်
ဈေး ရောင်းချသူတို့ကလည်း တစ်နပ်စားÓာဏ်ဖြင့် ရောင်းကုန်ကို မတရားအမြတ်တင်ပြီး မရောင်း
ချသင့်ပါ။ မည်သည့်မြို့၊ မည်သည့်ဒေသ၌မဆို ကုမ္ပဏီအရောင်းဆိုင်တွေ ရှိနေသည်ကို သတိ ပြုသင့်ပါသည်။
.
''တောင်ကြီးတန်ဆောင်တိုင်ပွဲတော်က
အိမ်သုံးမီးဖိုချောင်သုံးပစ္စည်းတွေ ဝယ်လို့ ကောင်းတယ်။ ဈေးမှန်တယ်၊ လာရကျိုးနပ် တယ်၊
နောက်နှစ်လည်း လာဦးမယ်''ဆိုတာမျိုး ပဲ ဖြစ်စေချင်ပါသည်။ ကြားချင်ပါသည်။
.
အသက်အရွယ်ကြီးငယ်မဟူ
အဓိကမကျ ဘာမျှမဖြစ်စေရပါ။ မည်သည့်မြို့ရွာဒေသကမ ဟူ တောင်ကြီးမြို့၏ ကမ္ဘာကျော်မီးပုံးပျံပွဲတော်
ကြီးကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်း ပနိုင်ရေးတွင် မြို့ခံဒေသခံတို့၏ နွေးထွေးသော
ကြိုဆိုမှုနှင့်အတူ ဈေးပွဲတော်အတွင်းက ဈေး ရောင်းချသူ ဈေးသူဈေးသားတို့၏ တုံ့ပြန်ဆက်
ဆံမှုများကလည်း အရေးပါနေပေသေးသည်။
.
ပွဲတော်လာ ပြည်သူတို့အလစ်သုတ်၊
ခါး ပိုက်နှိုက်၊ လုယက်မှု စသည်တို့ဖြစ်ခဲ့ကြသည် ဟူ၍ကား ဝမ်းမြောက်ဖွယ်ရာမကြားရပါကြောင်း
ပါခင်ဗျာ။ မည်သို့ပင်ဖြစ်စေ တောင်ကြီးမြို့၏
ကမ္ဘာ ကျော်မီးပုံးပျံပွဲတော်ကြီးသည် ရပ်ဝေးရပ်နီးက ပြည်သူများဖြင့် တိုးတိုးဝှေ့ဝှေ့စည်စည်ကား
ကား ပျော်ရွှင်နေကြသည်ကတော့ မည်သူမျှ ငြင်း၍ ရနိုင်မည်မဟုတ်ပေ။
.
နောင်လာမည့် နှစ်များတွင်
မီးပုံးပျံကွင်း ကြီးသည် မည်သည့်နေရာတွင် ရောက်သည်ဖြစ် စေ၊ ကွင်းကြီးကို မည်သူကပဲ ပိုင်ဆိုင်သည်
ဖြစ်စေ ပွဲတော်လာ ကျွန်တော်တို့ ပြည်သူများ သည် တိုးဝှေ့ကာသွားလာနေကြရမည့်အစား VIP
ယာဉ်များဖြင့် စီတန်းပြီး ဝင်ကြ၊ ထွက် ကြ၊ လည်ကြ၊ ပတ်ကြ၊ ကြည့်ကြ၊ ရှုကြပြီး ဠှုဏ ယာဉ်များဖြင့်
ရောင်းချနေကြသည့် ရွေ့ လျား ဈေးရောင်းယာဉ်များထံက အစားအသောက်များကိုလည်း အလွယ်တကူဖြင့်
သက် တောင့်သက်သာ ဝယ်ယူစားသုံးနိုင်ကြမည်ဆိုပါ လျှင် တောင်ကြီးမြို့၏ ကမ္ဘာကျော်မီးပုံးပျံပွဲ
တော်ကြီးသည် ပို၍ပို၍ပင် ကမ္ဘာကျော်နေ မည်ဖြစ်သည်။
.
ဟုတ်ကဲ့ ကျွန်တော်တို့
အားလုံးသည် VIP များပင် ဖြစ်ကြပါသည်။ ကျွန်တော်တို့အား လုံးသည် VIP များဖြစ်ဖို့ သက်ဆိုင်ရာ
ကော်မတီများအနေဖြင့် ကူညီဆောင်ရွက်ပေးသင့်ပါ ကြောင်း ရေးသားလိုက်ရပါသတည်း။