မောင်မောင်သန်း (တောင်ကြီး)၊
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မယ်ဟုတ်ချောင်းရေအား
လျှပ်စစ်စီမံကိန်း တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာဧရာမွန် ဆိပ်ကမ်းနှင့်
မြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီတို့အကြား သဘောတူညီမှုစာချုပ် (MoA) လက်မှတ်ကို အောက်တိုဘာလ
၁၆ ရက်၊ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရေး ထိုးခဲ့ကြောင်း
သိရသည်။
.
.
လက်မှတ်ရေးထိုးပွဲတွင် ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန် ကြီးချုပ်ကိုယ်စား
ပြည်နယ်စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် က မြန်မာဧရာမွန်ဆိပ်ကမ်းနှင့်
မြစ် များဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိ တက်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လျှပ်စစ်၊
စွမ်းအင် နှင့်စက် မှုဝန်ကြီးတို့သည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က မယ်ဟုတ် ချောင်း
ရေအားလျှပ်စစ်စီမံကိန်းအ တွက် နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးခဲ့ပြီး မယ်ဟုတ်
ချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေစမ်းသပ်တိုင်း တာ ကွင်းဆင်းလေ့လာခြင်း
လုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး၊ ဖြစ်နိုင်ခြေလေ့ လာမှုအစီရင်ခံစာ (FSR-Feasibility
Study Report)ကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ တွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း၊
ဆက်လက်ပြီး မယ်ဟုတ် ၁၇ မီဂါဝပ်ရေအားလျှပ်စစ် တည်ဆောက်နိုင်ရေးအ တွက် သဘောတူညီမှုစာချုပ်
(MoA) ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်းပြော ကြားခဲ့သည်။
ထို့နောက် မြန်မာဧရာမွန်ဆိပ် ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေး
ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက သဘောတူစာချုပ်လက် မှတ်ရေးထိုးရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားပြီး၊ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်စီမံကိန်းနှင့်
စီးပွားရေးဝန် ကြီး ဦးစိုးညွန့်လွင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုး
ဇော်နှင့် မြန်မာဧရာမွန်ဆိပ်ကမ်းနှင့် မြစ်များဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်မှ
တာဝန်ရှိသူတို့မှ မယ် ဟုတ်ရေအားလျှပ်စစ်စီမံကိန်းတည် ဆောက်ရန်အတွက် သဘောတူညီ မှုစာချုပ်(MoA)
လက်မှတ်ရေးထိုး ကာ စာချုပ်များကို အပြန်အလှန် လဲလှယ်ကြကြောင်းသိရသည်။
.
.
.
#KBZTai #Shan