တပ်မတော်နှင့် KNPP ကြား ကယားပြည်နယ်အစိုးရနှင့် လွှတ်တော်က ကြားဝင်ဆွေးနွေးပေးရန် တောင်းဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တပ်မတော်နှင့် KNPP ကြား ကယားပြည်နယ်အစိုးရနှင့် လွှတ်တော်က ကြားဝင်ဆွေးနွေးပေးရန် တောင်းဆို



ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
ကယားပြည်နယ်၊ ဖားဆောင်း မြို့နယ်တွင် ၂ဝ၁၈ ခုနှစ်၊ အောက် တိုဘာလ ၂ဝ ရက်က တပ်မတော် နှင့် KNPP တို့ ထိတွေ့ တိုက်ပွဲဖြစ် ပွားခဲ့ခြင်းကြောင့် ပြည်သူလူထုစိုးရိမ် မှု မဖြစ်ပေါ်စေရန်အတွက် ပြည်နယ် အစိုးရနှင့် လွှတ်တော်မှ ကြားဝင်ဆွေး နွေးပေးရန် ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်း ၁၈ ခုက အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သိရသည်။
.
.
အဆိုပါ တိုက်ပွဲဖြစ်မှုအပေါ် က ယားပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ကရင် နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)တို့မှ အပြန်အလှန်ကြေညာချက် များ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း ပြည် သူများ စိုးရိမ်မှုများရှိနေသဖြင့် ပြည် နယ်အစိုးရနှင့် လွှတ်တော်အနေဖြင့် နှစ်ဖက် တပ်များအကြား ကြားဝင်စေ့ စပ်ညှိနှိုင်းပေးခြင်းများ အမြန်ဆုံးပြု လုပ်ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
.
ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP )သည် NCA လက် မှတ်ရေးထိုးထားခြင်း မရှိသော်လည်း အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို ပြည်ထောင်စုအဆင့်ထိ ရေးထိုးထားပြီးဖြစ်ကာ ကယားပြည် နယ်တွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ သော်လည်း လတ်တလော အခြေအ နေများကြောင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ် နေကြကြောင်း သိရသည်။
.
နှစ်ဘက်တပ်များအနေဖြင့် ပြည်နယ်၏ ငြိမ်းချမ်းရေးကို ရှေးရှု၍ပြည် နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သ ဘောတူညီချက် စာချုပ်ပါအတိုင်း လေးစားလိုက်နာပေးကြရန်နှင့် ဒေသ ခံလူထု၏ စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်နေသည့်အပေါ် အမြန်ဆုံး ညှိနှိုင်း ကြရန် အစိုးရနှင့် လွှတ်တော်မှ နှစ် ဖက်တပ်ခေါင်းဆောင်များကို ကြား ဝင်ဖြေရှင်းပေးရန် တောင်းဆိုကြောင်း အဆိုပါထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။
.
ကယားပြည်နယ်၊ ဖားဆောင်းမြို့ နယ်ရှိ နန်းကစ်ကျေးရွာနှင့် ဗဟန်း လော့ကျေးရွာကြားတွင် အောက်တို ဘာလ ၂ဝ ရက်၊ နံနက် ၇ နာရီခွဲ အချိန်ခန့်က တပ်မတော်နှင့် KNPP တပ်စခန်းများအနီးသို့ သဘောတူညီ ချက်ပါ စည်းကမ်းချက်များအတိုင်း ကြိုတင်အကြောင်းမကြားဘဲ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်ဟု KNPP က ထုတ်ပြန်ကြေညာထားသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats