ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L (လင်းခေး) နှင့် မောက်မယ် ဒေသခံလူထု တွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-L (လင်းခေး) နှင့် မောက်မယ် ဒေသခံလူထု တွေ့ဆုံ



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဒေသဆိုင်ရာအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ  JMC – L (လင်းခေး)   လူထု တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၀ ရက်၊ နံနက် ၉ နာရီက မောက်မယ်မြို့နယ်၊ ဟိုလွိုင်ကျေးရွာအုပ်စု၊ ဟန်နား ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
တွေ့ဆုံပွဲတွင် ဒေသဆိုင်ရာ အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ   JMC-L (လင်းခေး)  ဥက္ကဌ ဗိုလ်မှူးကြီးအောင်ဇော်ထွေး က လူထုတွေ့ဆုံပွဲ ပြုလုပ်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် JMC-L(လင်းခေး) ဒုတိယဥက္ကဌ (၂) ဦးစိုင်းနော်မိန်းက အရပ်သား ပြည်သူလူထုများနှင့်ပတ်သက်၍  နှစ်ဖက်တပ်ဖွဲ့များ  စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ JMC-L(လင်းခေး) အဖွဲ့ဝင် အရပ်သား ကိုယ်စားလှယ် ဦးစိုင်းဘဟန်က JMC လုပ်ငန်းစဉ်များကိုလည်းကောင်း၊ JMC-L(လင်းခေး) အတွင်းရေးမှူး (၂)ဗိုလ်မှူး ကျော်သီဟထွန်း က COC နှင့် ပတ်သက်သည်များကိုလည်းကောင်း၊ JMC-L(လင်းခေး) အဖွဲ့ဝင် အရပ်သားကိုယ်စားလှယ် ဦးစိုင်းကျော်လှက NCA နှင့်ပတ်သက်၍ လည်းကောင်း၊ JMC-L(လင်းခေး) အဖွဲ့ဝင် PLNO မှဗိုလ်ကြီး ခွန်တီးလားက တိုင်ကြားမှု/ကန့်ကွက်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော  ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
.
အဆိုပါ လူထုတွေ့ဆုံပွဲသို့ ဒေသအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး  ကော်မတီ ၀င်များ JMC-L (လင်းခေး)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်    ဌာနဆိုင်ရာ အကြီးအကဲ များ ရပ်မိရပ်ဖများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats