ကောင်းမြင့်မြတ်စိန်
.
ကျွန်တော်တို့ လူသားတိုင်းကို မာတာမိခင် က မီးရှုးသန့်စင်ဖွားမြင်ပေးသောနေ့အား
မွေး နေ့ဟူ၍ အမှတ်တရ ရှိကြပါသည်။ လူတိုင်းတွင် ထိုမွေးနေ့သည် တစ်နေ့တည်းသာရှိခဲ့သော်
လည်း နှစ်စဉ်ထိုနေ့ရောက်တိုင်း မွေးနေ့အထိမ်း အမှတ်တစ်ခုခုတော့ လုပ်လေ့ရှိကြသည်။ ပျော်
စရာရွှင်စရာ တစ်ခုခုတော့ လုပ်ကြသည်။ ဆွေ မျိုးမိတ်ဆွေတို့ကလည်း Happy Birthday လုပ်ပေးကြသည်။
ဆုတောင်းပေးကြသည်။ လက်ဆောင်ပေးကြသည်။ သို့သော်သေနေ့ကို ကား မေ့နေကြလေသည်။
.
.
မွေးနေ့ရှိလျှင် သေနေ့လည်းရှိမည်မှာသ ဘာဝပါ။ သေတစ်နေ့ မွေးတစ်နေ့ကို
မမေ့သင့် ကြပါ။ မွေးနေ့အတွက် ကောင်းစွာပြင်ဆင်ကြ သလို သေနေ့အတွက်လည်း ဆုတောင်းပေး သင့်ကြပါသည်။
မွေးနေ့ကိုကောင်းစွာ ဂရုစိုက် ကြသလို သေနေ့ကိုလည်း ကောင်းစွာဂရုစိုက် သင့်ပါသည်။ မွေးနေ့သည်
အရေးကြီးသလို သေနေ့သည် ပို၍ပင် အရေးကြီးပါသည်။ ဤ အတွေးကို ကျွန်တော်၏ အသက်ခြောက်ဆယ်
ပြည့်မွေးနေ့တွင် တွေးမိခြင်းဖြစ်ပါသည်။ ကျွန် တော့်အတွက်ကား သေခြင်းတရားကို လှမ်းမြင်
နေရပါပြီ။ အိုခြင်းတရားက ကျွန်တော့်ခေါင်း ခေါက်နေပြီ။ နာခြင်းတရားတို့က မကြာမကြာ နားရွက်ကို
တံထွေးစွတ်နေကြပါပြီ။ သေခြင်း တရားကတော့ လက်ယပ်ခေါ်နေပါပြီ။
ကျွန်တော့်ကို အမေက မွေးဖွားပေးခဲ့သော နေ့မှာ တော်သလင်းလဆန်း ၁၃
ရက်နေ့ဖြစ် သည်။ ယခု မြန်မာကောဇာသက္ကရာလ် ၁၃၈ဝ ခုနှစ်မှာ အသက် ၆ဝ ပြည့်ပါပြီ။ ဤနေ့မှာ
နံက်စောစော ငါးနာရီခွဲ အိပ်ရာထ၊ ဘုရားရှိခိုး၊ အဓိဌာန်ပုတီးစိပ်၊ နားကတရားနာ ဥာဏ်က
ခန္ဓာစိုက်လျက် တရားမှတ်ပါသည်။ အထူးသ ဖြင့် အမေနှင့်အဖေကို အမျှပေးဝေပါသည်။ ကျေးဇူးရှင်များကို
အထူးအမျှပေးဝေပါသည်။ ငါးပါးသီလခံယူပြီး မြတ်စွာဘုရားရှင်အား ကြာ ဇံကြော်၊ ကိတ်မုန့်၊
ကော်ဖီနှင့်သောက်တော်ရေ တို့ ကပ်လှူပါသည်။ ပြီးတော့ နံနက်စာ စား နေစဉ် သားသမီးများကို
ကျွန်တော့်မွေးနေ့ကို သိမသိ မေးကာ မိမိတို့၏ မွေးနေ့တွင် မိဘကို အထူးအလေးထားကန်တော့ရန်
မိဘမရှိတော့ လျှင် ကုသိုလ်ပြုကာ အမျှပေးဝေရန် သင်ပြပေး သည်။ မိမိတို့၏ မွေးနေ့ကို မမေ့သလို မိဘတို့ ၏ မွေးနေ့ကိုလည်း
မမေ့ရန်၊ မိဘမွေးနေ့မှာ ကုသိုလ်တွေ ပြုလုပ်ပေးကြရန် ဆုတောင်း မေတ္တာပို့ကြရန်လည်း သင်ပေးပါသည်။
ထို့ပြင် ကျွန်တော်တို့သည် မြန်မာလူမျိုး၊ မြန်မာတိုင်း ရင်းသားများဖြစ်၍ မိမိတို့၏
မွေးနေ့ကို မြန်မာ ကောဇာသက္ကရာဇ်(နှစ်၊ လ၊ ရက်၊ နေ့)တို့ဖြင့် မှတ်သားကြရန်ကိုလည်း အထူးသတိပေးမှာ
ကြားပါသည်။ ယခုအခါ လူတိုင်းလောက်နီးနီး မိမိတို့၏ မွေးနေ့ကိုမေးလျှင် ခရစ်သက္ကရာဇ်နေ့
စွဲကိုသာ ပြောတတ်ပါသည်။ မြန်မာကောဇာ သက္ကရာဇ်ာကို မပြောတတ်ကြပါ။ မြန်မာနေ့ရက် လကို မပြောပြတတ်ကြပါ။ အလွန်ရှက်စရာ ကောင်းလှပါသည်။
မြန်မာပြည်မှာ မွေးမြန်မာ သွေးဖြစ်လျက် မြန်မာရက်စွဲကိုမေ့ထားကြ၊
ပစ် ထားကြပါသည်။ ထိုမျှမကသေး မြန်မာမှုတော် တော်များများကိုလည်း မေ့နေကြပါပြီ။
.
ကျွန်တော်တို့ အားလုံးသည် မနေမနား၊ မရပ်မနား တစ်သွားတည်းသွားနေကြသော
ဘဝခရီးသွားများ ဖြစ်ကြပါသည်။ ဘယ်ရောက် လို့ ဘယ်ပေါက်မှန်းမသိ၊ လမ်းကောင်းလား၊ လမ်းဆိုးလားမသိ။
လမ်းမှားလား၊ လမ်းမှန်လား မသိ လျှောက်သွားနေကြပါသည်။ မနားကြ၊ မရပ်ကြပေ။ တကယ်တော့ နားသင့်ပါသည်။
ခေတ္တမျှ ရပ်သင့်ပါသည်။ အထူးအားဖြင့် မိမိ တို့၏မွေးနေ့တွင် ခေတ္တရပ်နား၊ စဉ်းစားသုံးသပ်
သင့်ပါသည်။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းများမေး ရပါမည်။ လူ့ဘဝအရတော်အောင် ငါဘာတွေ လုပ်ပြီးပြီနည်း။
အခုဘာဆက်လုပ်မည်နည်း။ မိမိလုပ်ရပ်များမှားလား၊ မှန်လား၊ ကောင်းလား၊ ဆိုးလား သုံးသပ်ဆင်ခြင်သင့်ပါသည်။
ရှေ့ဆက် မည့်ဘဝခရီးကို ဘယ်လိုလိုအကောင်းဆုံး လျှောက်မလဲ စဉ်းစားမြော်မြင်ပြင်ဆင်သင့်ပါ
သည်။ အများကောင်းကျိုး၊ လောကကောင်းကျိုး ထည့်စဉ်းစားရပါမည်။ မိမိအတွက်ချည်းလုပ်နေ လျှင်
လူမပီသပါ။ လူလူချင်း စာနာထောက်ထား ရမည်။ ကူညီရိုင်းပင်းကြရမည်။ ''ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ''ဆိုသကဲ့သို့ပင်
လူအချင်းချင်းစာ နာရိုင်းပင်းမှ လူ့လောကကြီး သာယာဝပြော မည်။ လူဖြစ်ကျိုးနပ်မည်ဖြစ်ပါသည်။
.
လူလူချင်း မစာနာ မညှာတာသော လုပ် ရပ်များလုပ်နေမိလျှင် ရပ်တန်းကရပ်သင့်ပေ
သည်။ လူစိတ်ပြန်မွေးသင့်သည်။ လူဖြစ်လျက် လူစိတ်ပျောက်လျှင် လူတွေလူစိတ်ပျောက်နေ လျှင်
လူ့လောကကြီးပျက်စီးဖို့သာ ရှိတော့ သည်။ ''နှမ်းတစ်စေ့ဖြင့်ဆီမဖြစ်''ဟု မတွေး သင့်ပါ။
အုတ်တစ်ချပ်သဲတစ်ပွင့်ကြောင့် အ ဆောက်အဦကြီးများဖြစ်လာရသည်ကို မမေ့ သင့်ပါ။ ဘယ်သူသေသေ၊
ငတေမာပြီးရောစိတ် သူများမိုးခါးရေသောက်လျှင် ငါလည်းသောက် မယ်ဆိုသောစိတ်များသည် အလွန်အောက်တန်း
ကျပါသည်။ လူ့စိတ်မဟုတ်ပါ။ အဆင့်မြင့်ယဉ် ကျေးသော လူတို့သည် လူစိတ်ရှိကြပါသည်။ လူ့ခန္ဓာမှာ
ခွေးစိတ်မမွေးသင့်ကြပါ။ ထို့ကြောင့် မိမိတို့၏ မွေးနေ့တွင် လူ့စိတ်ပြန်မွေးကြရပါ မည်။
အဖေအမေတို့က လူဖြစ်အောင်မွေး၊ကျွေး၊ ပြုစုပျိုးထောင်ပေးလိုက်ပါလျက် မိမိကိုယ်ကိုယ်
လူစိတ်မပျောက်အောင်သတိဖြင့် ထိန်းသင့်ပါ သည်။ မိမိတို့၏ မွေးနေ့တွင် မိမိတို့၏ လုပ်
ငန်းဆောင်တာကိစ္စများစွာတို့ကို ခေတ္တခဏရပ် နားကာ ကိုယ့်ကိုယ်ကိုယ်မှန်ထဲတွင်ကြည့်၊ ဥာဏ်ထဲတွင်ကြည့်လျက်
ဆင်ခြင်သုံးသပ်သင့် ပါသည်။ အမြင်မှန်၊ အကြံသစ်ဖြင့် စိတ်သစ် လူသစ်ဖြစ်အောင် အားထုတ်သင့်ပါသည်။
.
လူ့ဘဝသည် ''ရေပွက်ပမာ''ခဏမျှသာဟု ပညာရှိတို့ဆိုကြသည်။ ဟုတ်လှပါသည်။
ကျွန် တော် ယနေ့အသက် ၆ဝ၊ သို့သော်လည်း လူ့ ဘဝက မကြာသေးဟုထင်မိသည်။ အချိန်က မြန်လွန်းနေသည်။
မကြာခင် လူ့ဘဝကိုစွန့်ခွာရ တော့မည်။ ဒီနေ့လား၊ မနက်ဖြန်လား၊ နေ့လား၊ ညလားမသိ၊ ဘာရောဂါနဲ့သေမယ်မသိ။
ဘာ ကြောင့်သေမယ်မသိ၊ ဘယ်မှာသေမယ်မသိ၊ သေမှာတော့မုချပဲ၊သေပြီးဘယ်ဘဝဖြစ်မလဲ မသိ၊ မသေခင်
နေ့စဉ်လေးမှာ ကောင်းကောင်းနေမှဟု သတိမကြာခဏရပါသည်။''နေရေးထက် သေရေးကခက်''သည်ဟုဆိုရိုးရှိသည့်အတိုင်း
သေဖို့အရေးစဉ်းစားမိတိုင်း ချွေးပျံနေမိရပါ သည်။ အသေတတ်ဖို့ အလွန်အရေးကြီးပါသည်။
.
“Happy Birthday''ဟု ပြောရသည်မှာ လွယ်ပါသည်။ Happy Birth Day လုပ်ရသည်
မှာလွယ်ပါသည်။ “Happy Death Day” ဟု ပြောရန်ကား စဉ်းပင်မစဉ်းစားရဲ၊ မစဉ်းစားမိပါ။ Happy
Death Day ဖြစ်အောင်လုပ်ဖို့မှာကား ပို၍ခက်ခဲပေလိမ့်မည်။ ယခုအခါ င်္ခေနဘသသု ပေါ်မှာနေ့စဉ်
Happy Birthday တွေ့နေရပါ သည်။ တစ်နေ့မှာတော့ ထူးထူးခြားခြား Happy Birthday နှင့်
Happy Death Day စကားလုံးကို Facebook ပေါ်မှာဖတ်လိုက်ရပါ သည်။ ထို Post ကို တင်သူမှာ
ကလော GTI ကျောင်းသူဟောင်း မသီတာစိုးဖြစ်ပါသည်။ သူ မက သူမ၏မွေးနေ့တွင် ဆုမွန်ခြွေပေးသူများကို
ကျေးဇူးတင်ကြောင်းတုံ့ပြန်ရေးသားထားပါ သည်။ ထို့ပြင် သူမ၏ အတွေးဆန်းဆန်းကို လည်း ရေးသားထားပါသည်။
နှစ်သက်အတုယူ ဖွယ်ဖြစ်၍ မျှဝေလိုက်ပါသည်။
.
''ဒီနေ့ စဉ်းစားမိတာ၊ Happy Birthday လို့ ဆုတောင်းပေးကြသလို သေ
သွားရင်လည်း Happy Death Day လို့ ဆု တောင်းပေးကြပါနော်၊ တာဝန်ကျေသော၊ အပြစ်အနာကင်းသော
သေဆုံးခြင်းနဲ့ ပျော်ရွှင်စွာ ဘဝကူးနိုင်အောင် ကြိုးစားပါမယ်''
.
စာကြောင်းလေးက တိုတောင်းလှသော် လည်း အဓိပ္ပာယ်ကပြည့်ဝလွန်းပါသည်။
သူ၏ မိတ်ဆွေများကိုလည်း သံဝေဂဥာဏ်တွေရစေ နိုင်ပါသည်။ အိပ်ပျော်နေသူများကို လှုပ်နိုးလိုက်
သလိုလည်း ဖြစ်သွားနိုင်ပါသည်။ ကျွန်တော်က တောံ့စေစပ ငြမအီ့ပေ မှ သီချင်းသံအစားံစေစပ
ီနအေီ့ပေ သီချင်းသံကို နားထဲမှာ ကြားယောင်နေမိပါသည်။
.
“Happy Death Day to you .Happy Death Day to you.........”
.
ကျွန်တော့်မွေးနေ့မှာ Happy Death Day to you သီချင်းက ကျွန်တော့်ကိုတွန်းအားပေး
နေပါသည်။ မသီတာစိုးပြောသလို တာဝန်ကျေသော၊ အပြစ်အနာကင်းသော သေဆုံးခြင်းနဲ့ ပျော်ရွှင်စွာဘဝကူးနိုင်ဖို့
တွန်းအားပေးနေပါသည်။ လူရယ်လို့ဖြစ်လာလျှင် တာဝန်တွေများ လှပါသည်။ သားသမီးဘဝမှာ သားသမီးတာဝန်
ကျေဖို့လိုသည်။ တပည့်ကျောင်းသားဘဝမှာ တပည့်တာဝန်ကျေဖို့လိုသည်။ မိဘဖြစ်လာတော့ မိဘတာဝန်၊
ဆရာ ဖြစ်လာတော့ ဆရာ့ တာဝန်ကျေရသည်။ ဝန်ထမ်းလုပ်တော့ဝန်ထမ်း တာဝန်ကျေရမည်။ မိမိတို့ကျင်လည်ရာ
ဝန်းကျင်မှာ တာဝန်တွေ ကျေရမည်။ သို့မှသာ လူပီသမည်။ တာဝန်ကျေသောလူဖြစ်မည်။ တာဝန် ကျေသော၊
တာဝန်သိတတ်သော၊ တာဝန်ယူ သောလူသားများရှိနေသောကြောင့် လူ့လောက ကြီး ယနေ့တိုင်တည်မြဲ
နေခြင်းဖြစ်သည်။'ဘေး ထိုင်ဘုပြော' 'ရေသာခိုအချောင်လိုက်''ဘယ် သူသေသေ ငတေမာပြီးရော'ငါတကောကော
ကာ ''ငါ့လှေငါထိုး ပဲခူးရောက်ရောက်''အသိ မှောက်မှား ဖောက်ပြားသူများနေလျင်ကား လူ့ လောကကြီး
ဘယ်ပုံဘယ်နည်းဖြစ်သွားမည် မ တွေးရဲစရာပါ။
.
အပြစ်အနာကင်းသော သေဆုံးခြင်းနှင့် ပျော်ရွှင်စွာဘဝကူးနိုင်အောင်ကတော့
လူသားပီ ပီ၊ လူသားဆန်ဆန် တာဝန်ကျေကျေကောင်း ကောင်းနေရမှာဖြစ်ပါသည်။ အတ္တလွန်ကဲတာ လူသားမပီ၊
လူသားမဆန်ဖောက်ပြန်မှောက် မှားနေလျှင်ကား အပြစ်အနာ ကင်းနိုင်ပါတော့ မလား၊ အိပ်ရာထဲလဲနေသော
အချိန်၊ အိပ် ရာ ဖျာကပ် ဖြစ်သောအချိန်မှာ ထိုသူများ အပူမီးပွားရပါလိမ့် မည်။ ''ငါ မှားခဲ့လေ
ခြင်း၊ လုပ်မိခဲ့လေခြင်း''ဟု နောင်တကြီးစွာ ရပါလိမ့်မည်။ သေခါနီးမှရသော နောင်တသည် အမှောင်ကျစေပါသည်။
သေခါနီးမှာ ပူပန်ကြီးစွာဖြစ်နေလျှင် ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ ဘဝကူးနိုင်တော့မည်မဟုတ်ပါ။
.
လူသားပီပီ၊ လူသားဆန်ဆန် တာဝန်ကျေ ကျေနေဖို့မှာလည်း သိပ်တော့မခက်ခဲပါ။
လူ့ ကျင့်ဝတ်ဖြစ်သော သူတစ်ပါးကို မနှိပ်စက်၊ မညှင်းဆဲ၊ အနိုင်မကျင့်၊မသတ်ဖြတ်ခြင်း၊
မလိမ်ညာမကောက်ကျစ်ခြင်း၊ သူတစ်ပါးပိုင်ပစ္စည်း ဥစ္စာကို မိမိဥစ္စာဖြစ်အောင်အလိုကြီးစွာ
မရိုးသားသော နည်းမျိုးစုံဖြင့် မရယူခြင်း၊ မခိုးခြင်း၊ မဝှက်ခြင်း၊ သူတစ်ပါး၏ သားမယား၊
သားသ မီးကို မကျူးကျော် မစော်ကားခြင်း၊ မူးယစ်ထုံ ထိုင်းအရိုင်းစိတ်ဝင်စေသော အသုံးအဆောင်
အစားအသောက်ဆေးဝါးများ ရှောင်ကျဉ်ခြင်း၊ ထိုပစ္စည်းများ မစိုက်ပျိုး၊ မထုတ်လုပ်၊ မရောင်း
ဝယ်ခြင်း၊ ကိုယ်စောင့်တရားများကို အသိတ ရားမကွာ သတိထားကာ အမြဲကျင့်သုံးနေထိုင် ခြင်းဖြစ်ပါသည်။
ထိုလူကျင့်ဝတ်များကို ကိုယ် တိုင်ကျင့်သုံးသလို မိမိနှင့် နီးစပ်သူများကိုလည်း ကျင့်သုံးအောင်
တိုက်တွန်းအားပေးခြင်းများ လည်း ပြုနေရပါမည်။ ထို့ပြင် သမာအာဇီဝ ကျသော အသက်မွေးဝမ်းကျောင်းမှုများကို
လည်း လူသားဆန်ဆန် ပြုလုပ်နေထိုင်ရှင်သန် လျှင်လည်း ဘဝမှာ လိပ်ပြာလှစေပါသည်။ အိပ်ရာဝင်
နဖူးပေါ်လက်တင်စဉ်းစားတိုင်း မိမိ၏ ဘဝရပ်တည်ရှင်သန်ရမှုအတွက် ကျေ နပ်အားရမှုရရှိစေပါသည်။
သာမန်လူသားပုထု ဇဉ်များအဖို့ အမှားတော့ မကင်းနိုင်တာအမှန်ပါ။ သို့ရာတွင် လူ၏ကျင့်ဝတ်
(ငါးပါးသီလ) ထိန်းကာ သမာအာဇီဝအသက်မွေးဝမ်းကျောင်းကြီး၊ ရိုး သားကြိုးစားသူအတွက် နောင်တနဲ့နိုင်သမျှ
နည်းပါးရပါလိမ့်မည်။ မကောင်းမှုတွေရှောင်နိုင် ပြီး ကောင်းမှုကောင်းရာတွေများစွာ လုပ်နိုင်ခဲ့
သဖြင့် အိပ်ရာထဲလဲနေချိန်မှာ၊ စိတ်အေးချမ်းရ ပါလိမ့်မည်။ ဘာသာတရားအရ ဒါနသီလ၊ သ မထ၊
ဘာဝနာများအား ကောင်းစွာ လုပ်ထား နိုင်ခဲ့လျှင်ကား ပို၍ပင် စိတ်ကျေနပ်ပျော်ရွှင်အား ရစွာ
သေခြင်းကိုရင်ဆိုင်နိုင်ပါလိမ့်မည်။
.
ကျွန်တော်သည် ထိုသို့ သေခြင်းမျိုးကို တောင့်တမိပါသည်။ မသီတာစိုးပြောသလို
Happy Death Day ဟု ဆွေမျိုးမိတ်ဆွေများက ဆုမွန်ချွေပေးစေချင်မိသည်။ လူတိုင်းလူတိုင်း
ကိုလည်း မသီတာစိုးပြောသလို ကြိုးစား စေချင် ပါသည်။ တာဝန်ကျေသော၊ အပြစ်အနာကင်း သော သေဆုံးခြင်းနှင့်
ပျော်ရွှင်စွာ ဘဝကူးနိုင် အောင် ကြိုးစားကြပါစို့။
.
.
.
#KBZTai #Shan