လားရှိုးမြို့ Gold Luck Water Park မှ အလုပ်သမားလုပ်အားခနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဖြေရှင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ Gold Luck Water Park မှ အလုပ်သမားလုပ်အားခနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ဖြေရှင်း


နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Gold Luck Water Park မှ အလုပ်သမား လုပ်အားခနှင့်ပတ်သက်၍ အလုပ်သမားများက သက်ဆိုင်ရာဌာန ၁၅ ခုသို့ တိုင်ကြားစာပို့ပြီးနောက် အောက်တိုဘာ ၃ ရက်တွင် လားရှိုးမြို့ အထွေထွေ အုပ်ချုပ်ရေးရုံးခန်းမ၌ သက်ဆိုင်ရာမှ ဖြေရှင်းပေးနေကြောင်း သိရှိရသည်။   
.
.
အလုပ်သမားနှင့် အလုပ်ရှင်လုပ်အားခ အငြင်းပွားမှုအပေါ် အလုပ်သမားများဘက်မှ စက်တင်ဘာ ၂၄ ရက်တွင် ဌာန ၁၅ ခုသို့ တိုင်ကြားစာပေးပို့ပြီးနောက် အလုပ်ရှင်နှင့် အလုပ်သမားမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှ နှစ်ဖက် ခေါ်ယူကာ ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
.
“အဓိကတော့ နှစ်ဦးနှစ်ဖက်ရဲ့အခြေခံအကြောင်းရင်းရာနဲ့ သူတို့နှစ်ဦး၊ နှစ်ဖက်အပြန်လှန်ဆွေးနွေးတာတွေကို ထွက်ဆိုချက်ယူပြီးတော့ အပြန်လှန်ဆွေးနွေးတယ်။ ရလာတဲ့ထွက်ဆိုတဲ့အချက်လက်တွေကို အလုပ်သမား ဥပ ဒေဌာနကိုပို့မှာပါ။ ပို့ပြီးတော့ ဘယ်ဥပဒေနဲ့ညှိနှိုင်းဆောင်ရွက်ရင်ရမလည်းဆိုတာကို ဥပဒေအကြံပေးတောင်း ပါ တယ်” ဟု မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ ဥက္ကဌ၊ လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက ပြောသည်။
.
လားရှိုးမြို့ရပ်ကွက် ၁၁ တွင်ဖွင့်လှစ်မည့် Gold Luck Water Park တည်ဆောက်ရေးလုပ်ငန်း၌ လုပ်ကိုင်နေ သည့် အလုပ်သမား ၂၀ ဦး ရရှိရန်ကျန်သောငွေကျပ် ၁၃၈ သိန်းကို အလုပ်သမားများမှရလိုမှုအတွက် အကြိမ် ကြိမ်ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ပြေလည်မှုမရရှိခြင်းကြောင့် အလုပ်သမားများဖက်မှ သက်ဆိုင်ရာသို့ တိုင်ကြားစာပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့မှာပါဝင်တဲ့သူတွေအားလုံးက လုပ်ပေးတာဖြစ်ပါတယ်။ နှစ်ဖက်စာရင်းဇယားတွေ ကို အောက်တိုဘာ ၁၀ ရက်ကို တင်ပါလို့ ပြောထားပါ။ အောက်တိုဘာ ၁၀ ရက်မှာ စာရင်းတွေကို တိုက်ဆိုင် စစ်ဆေးသွားမှာပါ”ဟု မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၊ လားရှိုးမြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
.
အလုပ်သမားဥပဒေရုံးမှ မည်သို့ဆက်လက်ဆွေးနွေးဆောင်ရွက်သင့်ကြောင်း၊ ဆုံးဖြတ်သင့်ကြောင်းကို ၎င်းတို့ အားခေါ်ယူဆွေးနွေးပြီး အဆင်မပြေလျှင် သက်ဆိုင်ရာတရားရုံးမှ တရားစီရင်ရေးအပိုင်းဖြင့် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats