ရဲရင့်ဇွဲ၊ ကမ္ဘောဇတိုင်း
.
တရားဝင် ငွေချေးငှားခွင့် လိုင်စင်မရှိဘဲ တောင်သူများအား ငွေထုတ်
ချေးပေးမည်ဟုဆိုကာအယုံသွင်း လိမ်ညာသည့် ကုမ္ပဏီများစာရင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ
သတင်းထုတ်ပြန်ကြေညာခဲ့ရာ အဆို ပါစာရင်းတွင် ရှမ်းပြည်နယ်တောင် ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်အတွင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် General Star ကုမ္ပဏီလည်းပါဝင်ခဲ့သည်ဟု သိရသည်။
.
.
ကုမ္ပဏီအချို့မှ တောင်သူလယ် သမားများ၏ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်
(ပုံစံ-၇) များအား မိတ္တူ ရယူပြီး ၁ ဧကလျှင် ငွေကျပ် ၁ဝ သိန်းအထိ ချေးငွေထုတ်ပေးမည်
ဟုဆိုကာ ဝန်ဆောင်ခအဖြစ် တစ် ဧကလျှင် ကျပ် ၅ဝဝဝ မှ ၁၅ဝဝ အ ထိ လိမ်လည်တောင်းခံမှုများရှိနေ
ကြောင်းနှင့် အဆိုပါလိမ်ညာသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အသိပေးကြေညာခြင်း ဖြစ်သည်။
တောင်သူများအား မက်လုံးပေး အယုံသွင်းလိမ်ညာခဲ့သည့် ကုမ္ပဏီ များအဖြစ်
စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ ကြေညာခြင်း ခံရသည့် ကုမ္ပဏီများမှာ ပျဉ်းမ နား၊ တောင်သာ၊
ကျောက်ပန်း တောင်း၊ မြောင်းမြ၊ ဝါးခယ်မမြို့ နယ်များတွင် ဆောင်ရွက်ခဲ့သော ရွှေသစ္စာမြေကုမ္ပဏီ၊
မိုးညှင်း၊ မိုးကောင်း၊ ပုလဲ၊ ရေနံချောင်း၊ တောင် တွင်းကြီး၊ ဇေယျာသီရိ၊ ကျောက် ဆည်မြို့နယ်များတွင်
ဆောင်ရွက် ခဲ့သည့် ဓနတိုးဝင်းအောင် ကုမ္ပဏီ၊ တောင်ငူ၊ ဝမ်းတွင်း၊ ရွာငံမြို့နယ် များတွင်
ဆောင်ရွက်ခဲ့သည့် General Star ကုမ္ပဏီနှင့် မြစ်သားမြို့နယ်တွင် ဆောင်ရွက်ခဲ့သည့် Phyo
Thet Aung ကုမ္ပဏီတို့ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ကုမ္ပဏီများအား အ ရေးယူဆောင်ရွက်နိုင်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး
အစိုးရအဖွဲ့များ၊ လက်အောက်ခံဌာန များနှင့် တောင် သူများပူးပေါင်းကာ ဆောင်ရွက်ခဲ့ပြီး
ယခုအခါ ရွှေသစ္စာကုမ္ပဏီအား အမှု ဖွင့် တရားစွဲဆိုထားပြီး ဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ တောင်သူများအနေဖြင့် လိမ်ညာလုပ်ကိုင်နေသည့် ကုမ္ပဏီ များ၊
လူပုဂ္ဂိုလ်များ မိမိတို့ရပ်ရွာဒေသ အတွင်းဝင်ရောက်လာပါက ရပ်/ ကျေးနှင့် မြို့နယ်အဆင့်
အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ငွေရေးကြေးရေး စစ် ဆေးရေး
ဦးစီးဌာနများထံသို့သတင်း ပေးပို့ခြင်း၊ တရားစွဲဆိုခြင်းနည်းလမ်း များဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်
ရွက်ကြရန် အသိပေးကြေညာထားသည်။
.
ကျေးလက်ဒေသများတွင် တစ် ဧကလျှင် ငွေကျပ် ၅ သိန်းပေးအပ် ကာ ၆ လလျှင်
အတိုးကျပ် ၁ သိန်း နှုန်းဖြင့် ၅ နှစ်ပေးဆပ်ကာ ၅ နှစ် ပြည့်လျှင် ချေးငွေ ၁ဝ သိန်းအား
ပြန်လည်ပေးဆပ်နိုင်သည့် ချေးငွေ မျိုးကို မိတ်ဆက် လျက်ရှိကြောင်း တောင်သူများထံက သိရသည်။
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ အောင်ပန်းမြို့တွင်လည်း ပြီးခဲ့သည့်
သြဂုတ် လကုန်ပိုင်းက ချေးငွေ ထုတ်ချေးပေးမည်ဟုဆိုကာ တောင် သူများထံမှ လယ်ယာမြေ ပုံစံ
(၇) ယူဆောင်သွားသူများကို တောင်သူ များမှ လိမ်လည်မှုဖြင့် အမှုဖွင့် တိုင် တန်းမှု ၂ ခု
ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
.
.
.
#KBZTai #Shan