မူဆယ်-မန္တလေး မီးရထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့လာရန် မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ CREEC တို့ MoU လက်မှတ် ရေးထိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်-မန္တလေး မီးရထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့လာရန် မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံ CREEC တို့ MoU လက်မှတ် ရေးထိုး



မင်းဇော်မင်း၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူ ဆယ်မြို့နှင့် မန္တလေးမြို့တို့အား ဆက်သွယ်သွားလာနိုင်မည့် မီးရ ထားလမ်း ဖြစ်မြောက်နိုင်ခြေ လေ့ လာရန် အောက်တိုဘာ ၂၂ ရက်၊ ညနေက နေပြည်တော်ရှိ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံရှိ CREEC-China Railway Eryuan Engineering Group Co,Ltd တို့ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
.
.
နှစ်နိုင်ငံ ကာလရှည်ကြာစွာ ချစ်ကြည်မှုကိုအခြေခံပြီး မြန်မာ့မီး ရထားနှင့် တရုတ်နိုင်ငံ၊ CREEC တို့ လက်မှတ် ရေးထိုးခဲ့သည့် နား လည်မှုစာချွန်လွှာ MoU တွင် ဖြစ် မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ကာလကို ၂ နှစ် သတ်မှတ်ထားသော်လည်း တစ်နှစ် အတွင်း အပြီးဆောင်ရွက်ရန် ရည် မှန်းကြောင်း ယခုနားလည်မှုစာချွန် လွှာသည် နှစ်နိုင်ငံအကြား အရေး ပါသောပြယုဂ်အဖြစ်သာမက နှစ်နိုင်ငံ ပြည်သူများအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်နိုင်မည့် စီမံကိန်းကြီးတစ် ခု ဖြစ်လာမည်ဟုယုံကြည်ကြောင်း ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
.
''ဒီဟာက စီးပွားရေးမဟာဗျူ ဟာအရ အလွန်အရေးကြီးတဲ့ လမ်း ဖြစ်ပါတယ်။ သူတို့အားလုံး စိတ်ဝင် စားတဲ့ တရုတ်-မြန်မာ Economic Corridor ရဲ့ အစိတ်အပိုင်းလည်း ဖြစ်တယ်။ Economic Corridor ဖြစ်ဖို့ရာ ပထမဆုံး Transport Corridor ကနေပြီးတော့မှ တကယ့် စီးပွားရေး တွက်ခြေကိုက်ပြီးတော့ ပိုပြီးဖွံ့ဖြိုးလာရင် Economic Corridor ဖြစ်လာမယ်''ဟု ပြည်ထောင် စုဝန်ကြီးက ပြောကြားခဲ့သည်။
.
အဆိုပါ ရထားလမ်းသစ်စီမံကိန်း သည် မြန်မာနိုင်ငံအမျိုးသားပို့ဆောင် ရေး ပင်မစီမံကိန်း၏ ဦးစားပေး အ ကောင်အထည်ဖော်ရန် လိုအပ်သော သယ်ယူပို့ဆောင်ရေး စင်္ကြန် ၅ ခု တွင် ပါဝင်ပြီး UNESCAP က ဦး ဆောင်အကောင်အထည်ဖော်နေ သည့် အာရှဖြတ်သန်းရထားလမ်း မကြီးကွန်ရက်၏ တောင်ဘက် စင်္ကြန် ပေါ်တွင်တည်ရှိသည့် အစိတ်အ ပိုင်းတစ်ခုလည်းဖြစ်ကာ ယင်းလမ်း ကြောင်းမှတဆင့် အိန္ဒိယနိုင်ငံအရှေ့ ဘက်သို့ချိတ်ဆက်၍ ဥရောပအထိ ဖြတ်သန်းသွားလာနိုင်ရန်အတွက် သော်လည်းကောင်း၊ တောင်ဘက် အင်ဒိုချိုင်းနား ကျွန်းဆွယ်အထိ ဆက်သွယ်နိုင်ရန်အတွက်သော် လည်းကောင်း အရှိန်မြှင့်တင် တိုးချဲ့ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားခဲ့ သည်။
.
ထိုသို့ သယ်ယူပို့ဆောင်ရေးလမ်း ကြောင်း ဖြစ်ပေါ်လာရေးအတွက် EIA, SIA များကို လေ့လာစိစစ်သွား မည်ဖြစ်ပြီး ပြည်သူလူထုက ဖောက် သင့်သည်ဟု လက်ခံလာကြပါက အောင်မြင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြား ခဲ့သည်။
.
MoU လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည့် တရုတ်နိုင်ငံသံ အမတ်ကြီး မစ္စတာဟုန်လျန်က ''မူ ဆယ်-မန္တလေး ရထားလမ်းစီမံကိန်း Feasibility Study လုပ်ငန်းအဆင် ပြေချောမွေ့စွာပြီးမြောက် အောင် မြင်မယ်လို့ ကျွန်တော်အခိုင်အမာ ယုံ ကြည်ပါတယ်။ ဒီစီမံကိန်းကို အမြန် ဆုံး အကောင်အထည်ဖော်ဖို့လည်း မျှော်မှန်းထားပါတယ်။ ဒီရထားလမ်း ဟာ နှစ်နိုင်ငံက The Belt & Road နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ကို အတူတကွ တည်ဆောက်ရေးအ တွက် အားသစ်လောင်းပေးနိုင်ပါ မယ်။ နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုမှာ အောင်မြင်မှုအသစ် ရရှိနိုင်ပြီး တရုတ်-မြန်မာဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ပိုမိုဖြစ်ထွန်းစေနိုင်ပါမယ်။ ဒီရထား လမ်းဟာ မြန်မာနိုင်ငံစီးပွား ဖွံ့ဖြိုးတိုး တက်မှုနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း တည်ငြိမ် အေးချမ်းမှုကို များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါ တယ်''ဟု ပြောကြားခဲ့ကြောင်း သိရ သည်။
.
အဆိုပါရထားလမ်းသည် ၄၃ဝ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီး ဖောက်လုပ်ပြီးပါက တစ်နာရီလျှင် ကီလို ၁၆ဝ နှုန်း ပြေးဆွဲရန်လျာထား ကြောင်းနှင့် တရုတ်-လာအို၊ တ ရုတ်-ထိုင်း ရထားလမ်းများနှင့်ထပ် တူထပ်မျှဖြစ်သည့် စံချိန်စံညွှန်းများ အတိုင်း ဖောက်လုပ်သွားမည်ဖြစ် သည်ဟု အဆိုပါ သံအမတ်ကြီးက ပြောကြားခဲ့သည်။
.
အဆိုပါ နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးပွဲအခမ်းအ နားသို့ ပို့ဆောင်ရေးနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးသန့်စင်မောင်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယရှေ့ နေချုပ် ဦးဝင်းမြင့်၊ ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန် ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံအမတ်ကြီးနှင့် သံအရာရှိ ကြီးများ CREEC ၏ဥက္ကဌ မြယဇ့က့ ငညါ နှင့် ၄င်းကုမ္ပဏီမှတာဝန်ရှိ သူများ၊ သက်ဆိုင်ရာဌာနအကြီးအကဲ များ တက်ရောက်ကြကြောင်း သိရှိ ရသည်။
.
လက်ရှိ တရုတ်-မြန်မာ ကုန် သွယ်ရေးတွင် မန္တလေး-လားရှိုး-မူ ဆယ် ပြည်ထောင်စုလမ်းမကြီးကို အဓိက အားကိုးအားထားပြု၍ အသုံး ပြုနေရပြီး ယင်းလမ်းပိုင်းမှာရှေးယ ခင်ခေတ်ကတည်းကပင် ဖောက်လုပ် ထားသည့်လမ်း ဖြစ်သည့်အတွက် ကျဉ်းမြောင်းပြီး တောင်ဆင်း၊ တောင် တက် များပြားကာ မတ်စောက်ခြင်း ကြောင့် ယာဉ်ကြီးများ တိမ်းမှောက်မှု များ၊ လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats