သီပေါမြို့နယ်၊ မန်ဆန်ရေကျကျေးရွာရှိ ဘူတာကျောင်းသို့ အနီးဝန်းကျင်မှ ရွာသား ၁၀၀ ကျော် တိုက်ပွဲရှောင်လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သီပေါမြို့နယ်၊ မန်ဆန်ရေကျကျေးရွာရှိ ဘူတာကျောင်းသို့ အနီးဝန်းကျင်မှ ရွာသား ၁၀၀ ကျော် တိုက်ပွဲရှောင်လာ



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ မန်ဆန်ရေကျကျေးရွာရှိ ဘူတာကျောင်းသို့ အနီးဝန်းကျင်မှ ရွာသား ၁၀၀ ကျော် အောက်တိုဘာ ၂၉ ရက်၊ ညပိုင်းက တိုက်ပွဲရှောင်ကာ ရောက်ရှိလာကြောင်း သိရှိရသည်။
.
.
အဆိုပါ မန်ဆန်ကျေးရွာအနီးဝန်းကျင်ရှိ ကောင်းဝိန်းကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ရောက်ရှိကာ တင်းမာသည့် အခြအနေများကြောင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ အနီးဝန်းကျင် မန်နားရွာ၊ ကောင်းဝိန်းရွာ၊ မန်ကျောင်းရွာမှ ရွာသားများ မန်ဆန်ရေကျကျေးရွာသို့ တိမ်းရှောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။ 
.
မနေ့ည (အောက်တိုဘာ ၂၉ ရက်)က ရောက်လာကြတာပါ။ သူတို့ရွာနားမှာ လက်နက်တွေကိုင်ထားတဲ့ အဖွဲ့ တွေရောက်ပြီး လာနေကြလို့ ပစ်ခတ်မှုဖြစ်ရင် ရွာနဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ ထွက်ပြေးလာတာလို့ ပြောပါ တယ်။ တကယ် ပစ်ခတ်မှုဖြစ်ခဲ့ရင်တော့ ရွာမှာအိမ်စောင့်ကျန်နေတဲ့လူတွေပါ အားလုံးထွက်လာကြမယ်လို့ ပြောပါတယ်။ဟု တိုက်ပွဲရှောင် ရွာသားများအား ကူညီပေးနေသူ ဦးမြက ပြောသည်။
.
အဆိုပါ မန်ဆန်ဒေသတွင် အောက်တိုဘာ ၂၉ ရက်တွင်လည်း ထိတွေ့မှုဖြစ်ပွားခဲ့ပြီး လားရှိုးမြို့နယ် အီနိုင်း  ကျေးရွာ၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာတို့နှင့် ဆက်စပ်နေခြင်းကြောင့် လက်နက်ကိုင်အဖွဲ့များ သွားလာ လှုပ်ရှားရာ ဒေသတစ်ခုဖြစ်နေကြောင်း သိရသည်။
.
တိုက်ပွဲတွေက နေရာရွှေ့ပြီးဖြစ်နေသလိုပဲ။ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေလည်း ဘယ်နေရာကို လိုက်ပြီး ကူညီရမလည်း မသိဖြစ်နေတယ်။ အခုလားရှိုး၊ မန်ဆူရှမ်းကျောင်းမှာလည်း အများကြီးရောက်နေပြီ။ ဒါတောင် အီနိုင်းကျေးရွာ ကချင်ဘုရားကျောင်းက တိုက်ပွဲရှောင်တွေ မလာသေးလို့ လာရင်တစ်ထောင်လောက်ရှိသွား မှာ။’’ဟု တိုက်ပွဲရှောင်များအားကူညီပေးနေသူ ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေးအသင်းမှ ကိုစိုးက ပြောသည်။
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မကြာခဏထိတွေ့ပစ်ခတ်မှုများဖြစ်ပွားနေခြင်းကြောင့် လားရှိုးမြို့၊ မန်ဆူ ရှမ်းကျောင်းတွင် တိုက်ပွဲရှောင် ၇၅၀၊ အီနိုင်းကျေးရွာရှိ ချင်ဘုရားကျောင်းတွင် ၂၅၀ ကျော်၊ သီပေါမြို့နယ်၊   မန်ဆန်ကျေးရွာတွင် ၁၀၀ ကျော် တိုက်ပွဲရှောင် ခိုလှုံနေကြရကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats