စိုင်းသိင်္ခသူ၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့ အခြေစိုက်၊ လားဟူနှစ်ခြင်း
ခရစ်ယာန် အသင်းတော်အတွင်းရေးမှူးမှ ''ဝ''အထူးဒေသ (၂)တွင် ခရစ်ယာန်ဓမ္မအမှုဆောင် ၉၂ ပါးကို
ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ဟို တောင်းလားဟူ ကျမ်းစာသင်ကျောင်းကို ဖျက်ဆီးကာ ကျမ်းစာသင်ကျောင်း
သား ကျောင်းသူ ၄၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်၍ စစ်မှုထမ်းဆောင်စေ သည့်ကိစ္စရပ်များနှင့်
ပတ်သက်၍ အမြန်ဆုံး လွတ်မြောက်စေရေးအ တွက် ကူညီဆောင်ရွက်ပေးရန် မြန် မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်
အသင်း ချုပ် အတွင်းရေးမှူး၊ လားဟူနိုင်ငံ ရေးပါတီများနှင့် ရှမ်းပြည်နယ် အစိုး ရအဖွဲ့ဝင်
လားဟူ တိုင်းရင်းသားလူ မျိုးရေးရာ ဝန်ကြီးတို့ထံ မေတ္တာရပ်ခံစာ ပေးပို့ထားသည်ဟု သိရသည်။
.
.
''လားဟူခေါင်းဆောင်ပိုင်းတွေကတော့ အခုလို အကြမ်းဖက်နေချိန်မှာ ပြောရတာ
အဆင်မပြေဘူး လို့ အကြောင်းပြန်လာပါတယ်။ လာမယ့် အောက်တိုဘာ ၇ ရက်မှာအ သင်းတော် ဓမ္မအမှုဆောင်
၎ဝဝ ကျော် စုစည်းပြီး ဒုက္ခရောက်နေသူ တွေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆု တောင်းပွဲနဲ့ အလှူငွေ ပေးအပ်ပွဲ လုပ်ဖို့ ရှိပါမယ်။ ပြေးလာတဲ့
လူတွေ ကလည်း ကံကောင်းလို့ အဖမ်းမခံ ရတာလို့ ပြောကြပါတယ်။ သူတို့ကို လည်း ထောက်ပံ့ဖို့
ရှိပါမယ်''ဟု ကျိုင်းတုံ လားဟူနှစ်ခြင်း အသင်း တော် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ
လာဇရုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်ပါရန်
''ဝ'' အထူးဒေသခေါင်းဆောင်များထံ ပြင်ပ ဆက်ဆံရေး ဌာနမှတဆင့် စက် တင်ဘာလ ၂၅ ရက်က စာပို့ထား
ကြောင်း၊ ယခုချိန်အထိတော့ မည်သည့် ပြန်ကြားချက်မျှ မရှိသေး ကြောင်း၊ ¤င်းတို့ ခွင့်ပြုပါက
ပန် ဆန်းဌာနချုပ်သို့ သွားရောက်ညှိနှိုင်း ဆောင်ရွက်သွားရန် ရှိကြောင်း ¤င်း က ဆက်လက်
ပြောကြားသည်။
.
ဒေါက်တာလာဇရုမှ မြန်မာနှစ် ခြင်း ခရစ်ယာန်အသင်းတော်သို့ ပေးပို့သည့်
စက်တင်ဘာ ၂၅ ရက်စွဲပါ စာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ''ဝ'' အထူးဒေသ အာဏာပိုင်များ
က လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ ချုပ် သာသနာပိုင် နယ်မြေမိုင်းပေါက် တွင် ခရစ်ယာန်
ဘုရားရှိခိုးကျောင်း ၅၂ ကျောင်းကို ချိတ်ပိတ်ကာ ၃ ကျောင်းကို ဖြိုချဖျက်ဆီးပြီး ဓမ္မအမှု
ဆောင် ၉၂ ဦးကို ဖမ်းဆီးထိန်းသိမ်း ထားရှိကာ ဟိုတောင်းကျမ်း စာသင် ကျောင်းမှ ကျမ်းစာသင်
ကျောင်း သား/ ကျောင်းသူ ၄၁ ဦးကို ဖမ်း ဆီးခေါ်ဆောင် စစ်မှုထမ်းစေသည် ဟု ဖော်ပြပါ ရှိသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ ''ဝ'' ပြည် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုကော်မတီမှ
စက်တင်ဘာ ၆ ရက်တွင် ခရစ်ယာန်ဘုရားကျောင်း များနှင့် ပတ်သက်သည့် ဖြေရှင်း ချက်၊ သတိပေးစာ
ထုတ်ပြန်ခဲ့ပြီး ''ဝ'' အထူးပြင် ဆက်ဆံရေးဌာန၊ လားရှိုးတာဝန်ခံမှလည်း ခေါ်ယူမေး မြန်းမှုများ
ပြုလုပ်နေကြောင်း၊ ခွင့် ပြုချက်မရသော ဘုရားကျောင်းအချို့ ကို ဖျက်သိမ်းမှု ပြုလုပ်နေသည်ကို
ကြားသိရကြောင်း ''ဝ'' ပြည်ပြဌာန်း ဥပဒေ ကျော်လွန်ပြီး အစွန်းရောက် မည်သည့် ဘာသာကိုမျှ
ခွင့်မရ ကြောင်း ဖြေကြားထားခဲ့သည်။
.
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းတည်
ဆောက်ပုံတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့ နယ်၊
နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့နယ်တို့အား ''ဝ'' ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားကြောင်း ဖော်ပြပါရှိ သည်။
.
ယခု လားဟူနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းများ ဖြိုချက်ပိတ်သိမ်း အဖမ်းခံရသည့် မိုင်းပေါက်နှင့် ဟိုတောင်းမှာ ''ဝ''အထူးဒေသသို့
မိုင်း လားမှ သွားရာလမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan