ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်း ပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း၌
မည်သည့် လောင်းကစားခြင်းကိုမျှ မပြုလုပ်ကြရန် လိုအပ်သည်ဟု ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ်ဒုတိယ
အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောကြားခဲ့သည်။
.
.
''တောင်ကြီးမြို့မှာရှိတဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးပွဲမှာ
ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ခရိုင်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေ
က တာဝန်ကျ ဒေသအသီးသီးမှာ လောင်းကစား လုပ်ငန်းတွေ ကင်းရှင်း ရေးဆောင်ရွက်ဖို့ လက်မှတ်ရေးထိုး
ကတိပြုထားခဲ့ရတာ ရှိပါတယ်။ ရှမ်း ပြည်နယ် အရှေ့ပိုင်းမှာရှိတဲ့ မြို့နယ်၊ ရပ်ကွက်၊
ကျေးရွာတွေ အနေနဲ့ လောင်းကစား ကင်းရှင်းအောင် လိုက်နာ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''
ဟု ဦးရဲနိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
လောင်းကစားခြင်း လုပ်ငန်း တွင် ပိုက်ကျူး၊ ၄ ကောင်ဂျင်၊ ငါးမန်း
ဂိမ်း၊ ၆ ကောင်ခုံ၊ ၃၆ ကောင်၊ ဖဲရိုက်၊ ကြက်တိုက်၊ မြားပစ်၊ ပူ ပေါင်းပစ်၊ ဘောကွင်းပစ်၊
၂ လုံးထီ၊ ၃ လုံးထီ၊ ဘောလုံးလောင်းကစား နှင့် ဘင်ဂိုး စသည့် လောင်းကစား နှင့် သက်ဆိုင်သော
ပြုလုပ်မှုအား လုံး အကျုံးဝင်သည်ဟု ¤င်းမှ ဆက် လက် ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ လောင်းကစား မပြုလုပ်ရန် တားမြစ်မှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်ရှိ
ပြည်နယ်ဒုတိ ယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင် က ''လောင်းကစားဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်မှာ
ကိုယ့်အိတ်ကပ်ထဲက နေ ငွေ ၁ ကျပ် လောင်းထည့်လိုက် လို့ ၁ ကျပ်ချင်း ဖြစ်စေ၊ ဒီထက်ပိုတဲ့
အဆနဲ့ဖြစ်စေ တစ်ဖက်လူဆီကနေ အလျော်ရတယ်ဆိုရင် လောင်း က စားခြင်းလို့ သတ်မှတ်ပါတယ်။ ငွေ
ထည့်လောင်းပြီး ကလေးကစားစရာ အရုပ်ဖြစ်စေ၊ အချိုရည်ဘူး ဖြစ်စေ၊ လူသုံးကုန် ပစ္စည်းတစ်မျိုးမျိုးဖြစ်
စေ မဲဖောက်တယ် ဆိုတာကလည်း လောင်းကစားခြင်းလို့ သတ်မှတ် ပါတယ်။ ဘယ်လို လောင်းကစား ကိစ္စမျိုးကိုဖြစ်ဖြစ်
ဥပဒေအရ ဖမ်း ဆီး အရေးယူမှာ ဖြစ်ပါတယ်''ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသအတွင်း လောင်းကစားခြင်း မပြု လုပ်ရန်
တားမြစ်မှုနှင့် ပတ်သက်၍ နာရေး အိမ်များတွင် ငွေကြေးဖြင့် လောင်းကစား ဖဲရိုက်သည့် ကိစ္စ
ရပ်လည်း ပါဝင်သည်ဖြစ်ရာ နာရေး အိမ်ရှင် မိသားစု အချို့နှင့် နာရေး အိမ်ရှာ၍ လောင်းကစား
ပြုလုပ် တတ်သူအချို့က ဝေဖန်ပြောဆိုမှု များ ရှိနေကြောင်းလည်း သိရသည်။
.
''အသုဘအိမ်မှာ ဖဲရိုက်တာတော့ မတားသင့်ဘူး ထင်ပါတယ်။ နာရေးအိမ်ရှင်အတွက်
အဖော်လည်း ရပြီး သင်္ဂြိုဟ်စရိတ်နဲ့ ဆွမ်းသွပ်စ
ရိတ်အတွက်လည်း အကောက်ရတဲ့ ငွေနဲ့ သုံးလို့ရပါတယ်''ဟု ကျိုင်းတုံ မြို့၊ အမှတ်
(၄) ရပ်ကွက်နေ ဦး ရှည်ကြီးက ၎င်း၏အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် ရပ်ရွာ/ မြို့နယ် အဖွဲ့အစည်းများ၏ ရန်ပုံ
ငွေ ရှာဖွေပွဲများ၊ နာရေးအိမ်များ၊ ဘုန်းကြီးပျံပွဲများ၌ လောင်းကစား ပွဲများ လုပ်ဆောင်တတ်သည့်
ရှေး အစဉ်အလာ အယူအဆများ ရှိနေကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ်အရှေ့ ပိုင်းရှိ တာချီလိတ်မြို့ အပါအဝင်
နယ်စပ်မြို့များတွင် လောင်းကစား လုပ်ငန်း အများအပြား ရှိနေသော် လည်း သက်ဆိုင်ရာမှ ပိတ်ပင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။
.
.
.
#KBZTai #Shan