အောင်ဆန်းဝင်း၊ ကမ္ဘောဇတိုင်း
.
.
ဖုန်အလိမ်းလိမ်းနဲ့ ပင့်ကူမျှင်ကပ်နေတဲ့ ဓာတ်ပြားဟောင်းတစ်ထပ်ကို
အခန်းရဲ့ချောင် ကျကျတစ်နေရာက ပြန်တွေ့တယ်။ အဲဒီဓာတ် ပြားဟောင်းတွေကို မေ့မေ့ပျောက်ပျောက်မမြင်
တွေ့တာ လေးငါးနှစ်တောင်ရှိတော့မယ်ထင်ပါ တယ်။ အချပ်ရေက နှစ်ဆယ်ကျော်။ ဝယ်ယူ စဉ်တုန်းက
တန်ဖိုးနဲ့တွက်ရင် မြန်မာကျပ်တွေ လေးသောင်းဖိုးလောက်။ ဓာတ်ပြားကို ဖန်တီး ပြုလုပ်ထားတဲ့
ပလပ်စတစ်ရဲ့ အားသာချက် ကြောင့်လို့ ပြောရမလား။ ပင့်ကူမျှင်စွဲဖုန်တချို့ ကပ်တာလွဲလို့
ဓာတ်ပြားတွေက အားလုံးအ ကောင်းအတိုင်း။ ပိုးထိုးခြင်းမရှိ၊ ခြစာခြင်းမရှိ။ ဘယ်အရာကိုမှ
အလွတ်မပေးတမ်း ထိုးတတ်၊ စားတတ်တဲ့ ပိုးတွေ၊ ခြတွေတောင် စားသောက် လို့ မရနိုင်လောက်တဲ့
ဓာတ်ပြုပစ္စည်းပါနေလား ဆိုတာတော့ စဉ်းစားစရာ။ ဘာဖြစ်ဖြစ် ဓာတ် ပြားနှစ်ဆယ်ကျော်အကောင်းတိုင်း
ပြန်တွေ့ တာ အရှုံးထဲကအမြတ်။
ဓာတ်ပြားအားလုံးနိုင်ငံရပ်ခြားတိုင်းတပါး သီချင်းခွေတွေ။ ၁၉၈ဝ ကျော်
၉ဝ ခုနှစ် ပတ် လည်က ခေတ်စားခဲ့တဲ့ အပြင်းစားရော့ခ်သီချင်း တွေ။ ပင့်ကူမျှင်နဲ့မှုံကျအောင်
ဖုန်ထနေတဲ့ ဓာတ်ပြားတွေကို တစ်နာရီလောက် အချိန်ယူ ပြီး အသေအချာ သန့်ရှင်းရေးလုပ်တယ်။
ပြီး သွားတဲ့ ဓာတ်ပြားဟောင်းတွေထဲက စင်ဒရဲ လားအဖွဲ့ရဲ့ ဓာတ်ပြားတစ်ချပ်ကို စက်ထဲ ကောက်ထည့်လိုက်တယ်။
လျှပ်စစ်ဂစ်တာသံ ပြင်းပြင်းပေါက်ပေါက်ကွဲကွဲဆိုတဲ့ သီချင်းသံက တီဗွီဖန်သားပြင်ပေါ်မှာ
ဖြောင့်ဖြောင့်ဖြူးဖြူး အထစ်အငေါ့မရှိ။ တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးပုဒ်၊ လေးပုဒ်မြောက်မှာ
အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ရေနွေးငွေ့ မီးရထားစက်ခေါင်းကြီးနဲ့ အတူ ဆယ့်နှစ်ကြိုးတပ်ဟော်လိုဂစ်တာက
ပ လပ်ကင်သံခပ်ပါးပါးထွက်ကျလာတယ်။ သီ ချင်း ခေါင်းစဉ်ကံနမေအဘမနှေုအအေငသည။ မြန် မာမှုပြုရင်
အသည်းကွဲဘူတာလို့ ပြောရမလား ပဲ။
.
လေးငါးနှစ်အဆက်ပြတ်သွားတဲ့ အသည်း ကွဲဘူတာကို တစ်ကျော့ပြန် ခံစားရင်း
အစအ ဆုံး တစ်စိမ့်စိမ့်ထိုင်ကြည့်လိုက်တယ်။ အဲဒီ သီ ချင်းဆိုတဲ့ကောင်။ အသည်းကွဲသီချင်းကို
ရင် ခေါင်းသံနဲ့ အူလှိုက်သည်းလှိုက်ဆိုတာ နား ထောင်လို့ကောင်းသလို အံ့သြဖို့လည်းကောင်း
တယ်။ နောက် သူတို့တစ်ဖွဲ့လုံး ရော့ခ်ဂီတသ မားထုံးစံကို ပီပီသသလိုက်နာကြတယ်။ ဂျင်း ဘောင်းဘီ
ကိုယ်ကျပ်၊ နွားကျောင်းသားဖိနပ် ကိုယ်စီ၊ ဆံပင်အရှည်တွေနဲ့။ သီချင်းတစ်ပုဒ်ကို ဖန်တီးထားတဲ့
ရိုက်ကွင်းတွေကလည်း အတော် လေးကြည့်လို့ကောင်းတယ်။ အဆင့်အတန်းရှိ တယ်။ ဇာတ်လမ်းတစ်ပုဒ်ကို
တငြိမ့်ငြိမ့်ထိုင် ကြည့်နေရတဲ့အတိုင်း။ ဆယ်စုနှစ်တွေကြာတာ တောင် ဘယ်အချိန်ပြန်ကြည့်ကြည့်
ပြန်နား ထောင်ရိုးတယ်လို့မရှိ။ ဘာလာလာပန်းခြံထဲ ပတ်ပြေးတဲ့ မြန်မာရိုက်ကူးရေးတချို့နဲ့က
ဆီနဲ့ ရေလိုကွာချင်တိုင်းကို ကွာနေတာပါ။
.
ရေနွေးငွေ့စက်ခေါင်းနဲ့ မီးရထားကြီးက တစ်ဘူတာဝင်၊ နောက်တစ်ဘူတာကို
ခရီး ဆက်။ အသည်းကွဲဘူတာဆိုတဲ့ သီချင်းတစ်ပုဒ် ဆုံးတော့ ကလေးဘဝက ရွှေညောင်၊ ပျော် ဘွယ်အစုန်အဆန်
မီးရထားခရီးစဉ်ကို သတိရ မိတယ်။ နွေရာသီကျောင်းပိတ်ချိန်ရောက်တိုင်း ပျော်ဘွယ်၊ နတ်မောက်သွား
ကားလမ်းနံဘေး က နှစ်ဘက်အဘိုးအဘွား တွေရဲ့ ရွာကိုပြန် တယ်။ ရွာပြန်တိုင်း ရွှေညောင်ကနေ
ပျော်ဘွယ် ကို ရထားစီးတယ်။ ပျော်ဘွယ်ကနေ တစ်မိုင် သုံးဖာလုံလောက်ဝေးတဲ့ရွာရောက်ဖို့ကတော့
ကြုံရာမြင်းလှည်းနဲ့ခရီးဆက်ရတာပေါ့။ ခွေးရုပ် ဘူတာမှာ ရထားလွန်းထိုးတယ်။ သာစည်ဘူ တာမှာ
ခရီးတစ်ထောက်နားတယ်။ လမ်းမှာ ကြက်သားကြော်နဲ့ ထမင်းဆီဆမ်းဝယ် စားတယ်။ ငါးဥသီးတွေဝယ်စားတယ်ဆိုရုံကလွဲ
ပြီး ရထားခရီးစဉ်အကြောင်း မှတ်မှတ်သားသား သိပ်မရှိ။ ရထားစီးညပီး ခရီးသွားဖူးတယ်ဆိုရုံ
လောက်ပါ။
.
အသည်းကွဲဘူတာသီချင်းနားထောင်ပြီး ဘဝအကြောင်း စားမြုံ့ပြန်တုန်းအကြောင်း
တိုက်ဆိုင်ချင်လို့လား မပြောတတ်။ လေလှိုင်း စာမျက်နှာပေါ် တက်ကြည့်တော့ ရထားဘူတာ နဲ့
ပတ်သက်တဲ့အကြောင်းအရာတချို့ကို တွေ့ ရပါတယ်။ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ စိတ်လက်အေးချမ်းစွာ
တရားအားထုတ်လိုပါ က အလွန်ပင်အေးချမ်းသာယာ၍ အလွန်အင် မတန်မှ ဆိတ်ငြိမ်လှသော ဤဘူတာလေးသို့
လာရောက်တရားအားထုတ်နိုင်ကြပါပြီ။ မြိုင် သေလာအရပ်ရောက်နေသလိုပါ။ ညာအခြမ်း မှာ သစ်ပင်ခြုံနွယ်တွေအုံ့အုံ့ဆိုင်းဆိုင်း။
ဘယ် အခြမ်းမှာ ပြင်းရှရှမြက်ကြမ်းပြင်၊ ဟီးထနေတဲ့ သစ်ပင်ခြုံပုတ်တွေက ဘူတာရုံရှေ့မျက်စိတစ်
ဆုံး။
.
ပိုစိတ်ဝင်စားဖို့ကောင်းတာက အဲဒီဘူတာ လေးရှေ့ကလမ်း။ ဂျုံးဂျုံးဂျက်ဂျက်
ရထားကြီး တွေခုတ်မောင်းမယ့် သံလမ်း။ တစ်ကိုက်သာသာ တောထတဲ့ ခြုံနွယ်အောက် အသက်ပျောက်နေ
လိုက်တာ လက်သည်ကို လက်ညိုးလှမ်းထိုးရင် မုန်းတယ်လို့ လုပ်ကြဦးမယ်။ သံလမ်းကရှိလို့
ရှိမှန်းမသိ။ ဘယ်အချိန် ဘယ်ကာလကမှ ရ ထားတစ်စင်းခုတ်မောင်းခြင်းမရှိခဲ့တဲ့ အနေအ ထားမျိုးပါ။
တံစက်မြိတ်အောက်က နံရံပေါ်မှာ တော့ လှိုက်လှဲစွာကြိုဆိုပါ၏တဲ့။ ဘယ်ရထား မှ လာလို့မရတဲ့ဘူတာက
ဘာတွေကိုလှိုက် လှိုက်လှဲလှဲကြိုခဲ့တယ်ဆိုတာ ရထားလမ်းနဲ့ဘူ တာဖောက်လုပ်စဉ်က တာဝန်ရှိလူကြီးမင်းများ
သာအသိဆုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ ဘူတာ တစ်ခု၊ သံလမ်းတစ်ကြောင်းဖြစ်ဖို့ မလွယ်ပါ ဘူး။
ကုန်ကျစရိတ်အတော်များပါတယ်။ အသုံး တည့်အောင်လုပ်နိုင်တဲ့ ဥာဏ်မွဲတော့ တိုင်း ပြည်ဘဏ္ဍာတွေအလဟဿဖြစ်သွားပါတယ်။
.
ဒါနဲ့ တစ်ဆက်စပ်တည်း ခေါင်းထဲရောက် လာတာက ရှမ်းပြည်နယ်တောင်ပိုင်း၊
ရွှေ ညောင်မြို့ကနေ တောင်ကြီးမြို့ကို ဆက်သွယ် ဖောက်လုပ်ခဲ့တဲ့ မီးရထားလမ်းပါ။ ရွှေညောင်-
နမ့်စန်လမ်းပိုင်း၊ မိုင်တိုင်အမှတ် ၄၂၄/၅ မှာပါ ဝင်ပြီး ပင်လယ်ရေမျက်နှာပြင်အမြင့်
၄၇၁၂ မှာတည်ရှိတဲ့တောင်ကြီးဘူတာကို ၂၇-၇-၁၉၉၆ မှာ စတင်ဖွင့်လှစ်ပါတယ်။ ၂ဝ ဒသမ ၈၁ မိုင်အရှည်ရှိတဲ့
ရွှေညောင်-တောင်ကြီး လမ်းပိုင၈်းကို ၂၄-၁၂-၁၉၉၇ ခုနှစ်မှာဖွင့်လှစ် တယ်လို့ မှတ်တမ်းတွေအရ
သိရပါတယ်။ တောင်ကြီးဘူတာကို စတင်အသုံးပြုတာက ၁-၁ဝ-၁၉၉၉ ခုနှစ်ပါ။ ခုနှစ်သက္ကရာဇ်အရ တပ်မတော်အစိုးရလက်ထက်က
ဖောက်လုပ်ခဲ့ တဲ့ လမ်းပိုင်းဖြစ်ပါတယ်။ အဲဒီရွှေညောင်- တောင်ကြီးမီးရထားလမ်းပိုင်းက
ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိခဲ့လား၊ ပြည် သူ့ဘဏ္ဍာဖြုန်းတီးခဲ့တာလားဆိုတာ ပေါမူရွာ
ဘူတာအိုလေးက သက်သေပြနေပါတယ်။
.
ပေါမူရွာဆိုတာ တောင်ကြီးမြို့အရှေ့ မြောက်ဘက်၊ တောင်ကြီး-ဇလဲသွားကားလမ်း
ဘေးက ရွာလေးပါ။ ရိုးသားတဲ့ဒေသခံ ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။ တောင်ကြီးမြို့ကနေ
သုံးမိုင်ပတ်လည်လောက် ဝေးပြီး ရာသီပေါ်သီးနှံစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပါတယ်။
လမ်းပန်းဆက်သွယ်ရေးအ နေနဲ့ ကတ္တရာတစ်ဝက်၊ ကျောက်ချောတစ်ခြမ်း ခင်းထားတဲ့ တောင်ကြီး-ဇလဲသွားလမ်းကို
အ ဓိကအသုံးပြုကြပါတယ်။ ပေါမူရွာအလယ်ခေါင် လောက် တောင်ကြီး-ဇလဲသွားကာလမ်းမအ ရှေ့ဘက်ခြမ်းမြိုင်သေလာလို
ထူထပ်နေတဲ့ သစ်ပင်ခြုံနွယ်တွေကြားထဲမှာ အံ့သြစရာ ကောင်းတာ တစ်ခုရှိနေပါတယ်။တခြားတော့ မဟုတ်ပါဘူး။ မီးရထားဘူတာရုံလေးပါ။ ဒါပေမဲ့ အဲဒီဘူတာလေးက
ဘယ်သောအခါမှ မီးရ ထားလာလို့ မရတဲ့ ဘူတာလေးဖြစ်နေတာစိတ် မကောင်းစရာလို့ ဆိုရမှာပေါ့။
.
ခရီးသွားပြည်သူနဲ့ ကုန်စည်စီးဆင်းမှုသက် သာချောင်လည်ဖို့အတွက် နိုင်ငံတကာမှာ
မီး ရထားကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါ တယ်။ ဒေသတွင်း နိုင်ငံကြီးတွေမှာ ဝေးလံ
ခေါင်ဖျားတဲ့အရပ်ထိ မီးရထားကွန်ရက်ကို ချဲ့ ထွင်ကြပါတယ်။ တစ်နေရာက တစ်နေရာ၊ ဒေ သတစ်ခုကတစ်ခု
ခရီးဝေးသွားလာတဲ့နေရာ မှာ လေယာဉ်ပျံနဲ့ မော်တော်ကား အသုံးပြုခြင်း ထက် မီးရထားစီးနင်း
သွားလာရတာကုန်ကျ စရိတ်ချွေတာလို့ ရတာအမှန်ပါ။ရွှေညောင်- တောင်ကြီး မီးရထားလမ်းပိုင်း
ဖောက်လုပ်ပြီး စဉ်ကာလက စက်ခေါင်းနဲ့ လူစီးတွဲ၊ တစ်တွဲ နှစ်တွဲပါတဲ့ ရထားခရီးစဉ်တချို့ကို
ခရီးသည်မ ပါဘဲ စမ်းသပ်ပြေးဆွဲဖူးတယ်လို့ ဒေသခံတွေ က ပြောပါတယ်။ အဲဒီလမ်းပိုင်းရဲ့လက်ရှိအနေ
အထားက ပြည်သူ့ဘဏ္ဍာတွေ ဖြုန်းတီးခဲ့တယ် ဆိုတာကလွဲပြီး ဘာတစ်ခုမှ အရာမထင်တော့ ပါဘူး။
.
ခြုံကြိုခြုံကြားမှာ အသက်ပျောက်နေတဲ့ ဘူတာ။ တောင်ကြီးမြို့နဲ့အလှမ်းမဝေးတဲ့
နေရာက ဘူတာ။ ပေါမူရွာ ဘူတာအို(ဘူတာပျက်)။ ပြည်သူပိုင် ငွေကြေးနဲ့ မသမာသူတို့ နားခိုရာ
ဆောက်ပေးတယ်ပြောရမလား၊ အချိန်ပြည့် လောင်းကစားမှုပြုဖို့ ဘူတာထဲမှာ ဖဲထုပ်က အဆင်သင့်။
မူးယစ်ဆေးသုံးစွဲမယ့် လူငယ်လူ ရွယ်များအတွက် လိုအပ်တဲ့အသုံးအဆောင်တွေ က အစီအရီ။ ဘူတာအတွင်း
နံရံကညစ်ညမ်းပုံ တွေဆိုတာမြင်လို့မှမကောင်း။ အသီးသီးသော မကောင်းမှုမျိုးစုံပြုမယ့်လူတွေအတွက်
ကျန်ခဲ့ တဲ့ အစိုးရမင်းများ ဆောက်ပေးခဲ့တဲ့ နတ်ဘုံ နတ်နန်းကြီးတစ်ခုပေါ့။ ပြည်သူလူထုအတွက်
ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိ၊ အကျိုးဖြစ် ထွန်းအောင် မလုပ်ခဲ့တဲ့ မျက်ကန်းဥာဏ်မွဲတွေ
ရဲ့ လုပ်ရပ်က စိတ်ပျက်စရာကောင်းလွန်းပါ တယ်။
.
ပိုဆိုးတဲ့ အချက်က နဂိုခင်းပြီးသားရထား သံလမ်းကို ဘယ်လိုမှ အသုံးပြုလို့မရအောင်
တစ်စစီဖြုတ်ပြီး လမ်းမဘေးဖြစ်သလို ပုံထား တာပါ။ လမ်းကြောင်းတစ်ခုရအောင်ရှာ၊ သံလမ်းတစ်ခုရအောင်ခင်းပြီးမှ
အသုံးပြုလို့မရ ဘူးဆိုတာ လက်ခံနိုင်စရာသိပ်တော့မရှိပါဘူး။ အမှန်တကယ် တတ်သိနားလည်တဲ့
ကျွမ်းကျင် မြန်မာပညာရှင်၊ နိုင်ငံတကာပညာရှင်စစ်စစ်တွေ နဲ့ ပြုပြင်ကြည့်ရင် အနိမ့်ဆုံးအဆင့်ကုန်တင်
ရထားသွားလို့ရလိမ့်မယ်လို့ ယူဆမိပါတယ်။ အိမ်နီးချင်းတရုတ်နိုင်ငံမှာ မြင့်မားခေါငဖျားတဲ့
အရပ်ဒေသတွေအထိ မြန်နှုန်းမြင့်ရထားပြေးဆွဲ နေတယ်ဆိုတာ အားလုံးအသိပါ။ ရှေ့လူတွေ ဥာဏ်မွဲသလောက်
နောက်လူဆင်ခြင်တုံတရား ကင်းတော့ ဘယ်မှကို ခရီးမရောက်နိုင်တဲ့ ပေါ မူရွာကဘူတာအိုလို
ပြည်သူ့ဘဏ္ဍာတွေ အလ ဟဿ လေလွင့်ဆုံးရှုံးနေဦးမှာ အမှန်ပဲဖြစ်ပါ တယ်။ ။
.
.
.
#KBZTai #Shan