ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံတွင် သားသတ်လုပ်ငန်းများအားလုံး တစ်ရက်တာ ရပ်နားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အဖြစ် ကျိုင်းတုံတွင် သားသတ်လုပ်ငန်းများအားလုံး တစ်ရက်တာ ရပ်နားခဲ့



ထက်တိုင်းကျော်၊ ကမ္ဘောဇတိုင်း
.
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ တိရစ္ဆာန်များနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျိုင်းတုံမြို့နယ် အ တွင်းရှိ လက်မှတ်ရ သားသတ်လုပ် ငန်းများ၊ လက်လီအရောင်းဆိုင်များ၊ စားသောက်သူ ပြည်သူများမှ ယင်း နေ့တွင် အသားထုတ်လုပ်ရောင်းချ ခြင်းနှင့် ဝယ်ယူစားသုံးခြင်း မပြုဘဲ တစ်ရက်တာ ယာယီရပ်နားခဲ့သည် ဟု သိရသည်။
.
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ ၂ဝ၁၈-၁၉ ဘဏ္ဍာ ရေးနှစ်အတွက် သားသတ် ထုတ် လုပ်ရောင်းချခွင့် လိုင်စင်များကို ခွင့် ပြုထုတ်ပေးထားရာ အဆိုပါ လုပ်ငန်း များမှ နှစ်စဉ်အခါကြီးရက်ကြီးများ၊ ဥပုသ်နေ့များနှင့် ကမ္ဘာ့တိရစ္ဆာန်များ နေ့တွင် သားသတ် ထုတ်လုပ်ရောင်း ချခြင်း လုပ်ငန်းကို ယာယီရပ်နားထား ပြီး ယင်းနေ့များအတွက် ကျသင့် သည့် အခွန်အခကိုလည်း စည်ပင် သာယာရေးဌာနမှ ကောက်ခံခြင်း မပြုကြောင်း သိရသည်။
.
''ကမ္ဘာလူသား အားလုံးကနေ သက်ရှိ သတ္တဝါထဲမှာ ပါဝင်တဲ့ တိရစ္ဆာန်တွေရဲ့ ဘေးကင်းအနာမဲ့ရေး အတွက် မေတ္တာထားပြီး ကျွန်တော် တို့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့စည် ပင်သာယာရေး ဌာနအနေနဲ့ အဲဒီနေ့ ကို သားသတ် ထုတ်လုပ်တာတွေ ရပ်နားပြီး ဂုဏ်ပြုကြိုဆိုခဲ့တာ ဖြစ် ပါတယ်''ဟု ကျိုင်းတုံမြို့နယ် စည် ပင်သာယာရေးဌာနမှ ဒုတိယဦးစီးမှူး ဦးမနားရွှီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ် စည်ပင်သာယာ ရေး ကော်မတီအနေဖြင့် သားသတ် လုပ်ငန်း ရပ်ထားသော နေ့ရက်တစ် ရက်အတွက် အခွန်ငွေ ကျပ် ၁ဝ သိန်းခန့် လျော့နည်းရရှိသည်ဟု သိရသည်။
.
ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်း အမှတ်အဖြစ် သားသတ်လုပ်ငန်း ရပ်နားသည့် နေ့၌ ဈေးများတွင်ငါး ခြောက်နှင့် ဟင်းသီးဟင်းရွက်များ ရောင်းအားတက်လေ့ရှိကြောင်း သိ ရသည်။
.
''ကုသိုလ်ရပါတယ်။ တစ်ရက် တစ်လေ သားသတ်လွတ် စားဖြစ် သွားပြီ အသားမပါရင် ထမင်းစားမ ဝင်တဲ့ မိသားစုတွေကလည်း ငါး ခြောက်ကြော်နဲ့ ကြက်ဥလောက်စား လို့ရပါတယ်''ဟု ကျိုင်းတုံမြို့နေ အိမ် ရှင်မတစ်ဦးဖြစ်သူ ဒေါ်နန်းလေက ¤င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ကမ္ဘာ့တိရစ္ဆာန်များ နေ့တွင် သားသတ်ထုတ်လုပ်ရောင်း ချခြင်း လုပ်ငန်း ယာယီရပ်ဆိုင်း၍ ကြိုဆိုဂုဏ်ပြုသည့် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရပ်ကွက်/ကျေးရွာများ အတွင်း လူထုလှုပ်ရှားမှုအသွင်ဖြင့် အသိပညာပေး စည်းရုံးဟောပြောမှု များကို ကျင်းပပြုလုပ်ရာတွင် အား နည်းသဖြင့် လူထုသိရှိမှု အားနည်း နေဆဲဖြစ်သည်ဟု သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats