ထက်ထက် (ဟိုပုံး)၊ ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယနေ့ အောက်တိုဘာလ ၈ ရက်၊
နံနက်ပိုင်းက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)၊ အမျိုးသမီးအသင်း
(Woman Club) နှင့် လူငယ်အသင်း (Youth Club)တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.
ထိုသို့တွေ့ဆုံရာတွင် ဟိုပုံးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်က
အမှာစကားပြောကြားခဲ့ပြီး တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊
ခရိုင်ဦးစီးမှူး ဒေါ်မြင့်သန်းဦးက (Book Club)၊ (Woman Club)၊ (Youth Club) ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍
ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် စာပေစကားဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများ၊ စာအုပ်စာစောင်
ဝေဖန်သုံးသပ်ပွဲများ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဖွံ့ဖြိုးရေးကိစ္စများ၊ လူငယ်အရေးလှုပ်ရှားမှုများနှင့်
ရှေးလုပ်ငန်းစဉ်များတို့ကို ကလပ်အသင်းအဖွဲ့ ၃ ခုမှ တာဝန်ရှိသူများတို့က ရှင်းလင်းဆွေးနွေးခဲ့ကြပြီး
အားသာချက်၊ အားနည်းချက်များကို ဟိုပုံးမြို့နယ်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး
ဒေါ်နန်းခမ်းခြူးနှင့် တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
ခရိုင်ဦးစီးမှူး ဒေါ်မြင့်သန်းဦးတို့က သုံးသပ်အကြံပြု ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
.
အဆိုပါတွေ့ဆုံပွဲသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ဟိုပုံးမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊
တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်သန်းဦး၊
လူမှုရေးအသင်းအဖွဲ့များ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့်
စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
.
.
#KBZTai #Shan