လားရှိုးမြို့ရှိ အကျဉ်းဦးစီးဌာန ရေမြောင်းမှ ရေဆိုး၊ အနံဆိုး မထွက်စေရန် ရေစစ်ကန် သန့်စင်စနစ်ဖြင့် ဆောင်ရွက်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့ရှိ အကျဉ်းဦးစီးဌာန ရေမြောင်းမှ ရေဆိုး၊ အနံဆိုး မထွက်စေရန် ရေစစ်ကန် သန့်စင်စနစ်ဖြင့် ဆောင်ရွက်မည်



နောင် (မြစ်မခ)/ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကျဉ်းဦးစီးဌာနရေမြောင်းမှထွက်ရှိသော ရေဆိုး၊ အနံဆိုးများကို ရေစစ်ကန်သန့်စင်စနစ်ဖြင့် နိုဝင်ဘာ လက စတင်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လာရှိုးမြို့နယ်အကျဉ်း  ဦးစီးဌာနမှ သိရှိရသည်။
.
.
လားရှိုးမြို့ ရပ်ကွက် (၁၂) အတွင်းရှိ အကျဉ်းဦးစီးဌာနမှ အပြင်သို့ ထုတ်သော ရေမြောင်းအတွင်း မှ ထွက်ရှိလာသော ရေအနံဆိုးများ ကြောင့် ပတ်ဝန်းကျင်နေ ပြည်သူများ ၏ သောက်ရေတွင်း ရေများသုံးမရ ခြင်း၊ ကျန်းမာရေး ထိခိုက်လာခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။
.
''ထောင်နားမှာနေတဲ့ပြည်သူတွေက ကြာလာတာနဲ့အမျှ မနေနိုင်တော့ လို့ ကျွန်မတို့လွှတ်တော်အထောက် ကူပြု အဖွဲ့ကို အကူညီလာတောင်းလို့ အကျဉ်းဦးစီးက တာဝန်ရှိသူတွေနဲ့ လာဆွေးနွေးတာ ဖြစ်ပါတယ်။ အခု တော့ အဆင်ပြေသွားပါပြီ''ဟု လွှတ် တော် အထောက်အကူပြု ကော်မတီ ဝင် ဒေါ်သန်းသန်းအေးက ပြောသည်။
.
အဆိုပါ ရေမြောင်း ဖြတ်သွား သော နေရာအားလုံး အနံ့ဆိုးများခံ စားနေရပြီး ရေတွင်းမှ ရေများသုံး ၍မရခြင်းကြောင့် သောက်သုံးရေ များ ခက်ခဲနေရကြောင်း သိရသည်။ 
.
''ပြီးခဲ့တဲ့နှစ်ရက်က ICRC က အင်ဂျင်နီယာတွေ လာကြည့်ပြီးတော့ မြေနေရာတွေ ရွေးပြီးသွားပါပြီ။ ရေ စစ်ကန် လုပ်ပေးမယ့်အဖွဲ့ကိုလည်း ခေါ်လာပြီးပါပြီ။ နိုဝင်ဘာလမှာ စပြီးတော့ ရေစစ်ကန်သန့်စင်စနစ်နဲ့ ဆောင်ရွက် သွားမှာပါ။ အလွန်ဆုံး ၄ လလောက်ပဲကြာမယ်လို့ သိရပါ တယ်။''ဟု လားရှိုးမြို့နယ် အကျဉ်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးချမ်းအေးကျော်က ပြော သည်။
.
အဆိုပါ ICRC အဖွဲ့အစည်း သည် အလားတူ အနံ့ဆိုးများထွက်ရှိခဲ့ သော ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်း ဦးစီးဌာနနှင့် ရှမ်းပြည်နယ် ညောင် ရွှေမြို့နယ် အကျဉ်းဦးစီးဌာနတို့တွင် ရေစစ်ကန် သန့်စင်စနစ်ဖြင့် တည် ဆောက်ခဲ့ရာ အဆင်ပြေခဲ့ကြောင်း သိရသည်။
.
လားရှိုးအကျဉ်းထောင်ကို ၁၉၇၃ ခုနှစ်က အကျဉ်းသား ၅ဝဝ ဆံ့ (ခ)အဆင့် ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အကျဉ်းသား ၁ဝဝဝ ဆံ့ (က)အဆင့် တိုးမြှင့်တည် ဆောက်ခဲ့ရာ လက်ရှိတွင် အကျဉ်း သား ၄ဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။
.
.
.
#KBZTai #Shan

Journal Download

Photo of three cats